အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Friday, June 24, 2016

“သူ့စကားကြောင့် သေရတယ်-စကားလေးတစ်ခွန်းကြောင့်”

“အမေ၊ ဘာလို့ မကောင်းတဲ့ အလုပ်ကို လုပ်တာလဲ။”
ပေါဋ္ဌပါဒအမည်ရှိ ညီငယ်ကြက်တူရွေးက
သူတို့ညီအစ်ကို နှစ်ယောက်ကို မွေးမြူထားတဲ့
ပုဏ္ဏေးမကြီးကို မေးလိုက်တာ ဖြစ်ပါတယ်။
ရှေးအခါက ဗာရာဏသီမြို့မှာ ဗြဟ္မဒတ်မင်း
အုပ်ချုပ်တဲ့အခါ ဘုရားလောင်းက ကြက်တူရွေးအမျိုးမှာ
ဖြစ်ပါတယ်။ သူ့နာမည်က ရာဓ ဖြစ်ပါတယ်။
သူ့ညီငယ် ကြက်တူရွေးက ပေါဋ္ဌပါဒ မည်ပါတယ်။
အဲဒီညီ နောင်(၂) ကောင်ကို ငယ်ရွယ်စဉ်အခါမှာပဲ
မုဆိုးတစ်ယောက်က ဖမ်းယူပြီး ဗာရာဏသီမြို့က
ပုဏ္ဏားတစ်ယောက်အား ပေးလိုက်ပါတယ်။
ပုဏ္ဏားရဲ့ ဇနီး ပုဏ္ဏေးမကတော့ စောင့်ရှောက်မှု
မရှိပါ။ သီလ မရှိပါ။ ပုဏ္ဏားက ကုန်သွယ်မှုပြုလုပ်ဖို့
သွားတဲ့အခါ အဲဒီကြက်တူရွေးညီနောင်ကို
ခေါ်ပြီး ဒီလို မှာပါတယ်။
“ချစ်သားတို့ ငါဟာကုန်သွယ်မှု ပြုလုပ်ဖို့
သွားမယ်။ အချိန်အခါမှာရော၊ အချိန်အခါမဲ့မှာပါ
သင်တို့ရဲ့ မိခင်ပြုလုပ်တဲ့အမှုကို ကြည့်ထားကြပါ။
အခြားယောက်ျား လာတာကိုရော၊ မလာတာကိုပါ
သိအောင် လုပ်ထားကြပါ။
အဲဒီလိုမှာကြားပြီး ကြက်တူရွေးညီနောင်ကို ပုဏ္ဏေးမအား
အပ်ကာ သွားပါတယ်။ ပုဏ္ဏေးမက လင်ပုဏ္ဏား
ထွက်သွားချိန်ကစပြီး မပြုကျင့်ထိုက်တဲ့ အကျင့်ကို
ပြုကျင့်ပါတယ်။ ညအခါမှာရော၊ နေ့အခါမှာပါ
လာသူတွေရဲ့ရော၊ သွားသူတွေရဲ့ပါ အတိုင်းအတာဟာ
မရှိပါ။ အဲဒါကို မြင်ပြီး ပေါဋ္ဌပါဒက ရာဓကို
“ပုဏ္ဏားက ဒီပုဏ္ဏေးမကို ငါတို့အား အပ်နှင်းပြီး
သွားတယ်။ ဒီပုဏ္ဏေးမကလည်း မကောင်းမှုကို
လုပ်နေတယ်။ အဲဒီပုဏ္ဏေးမကို ငါ ပြောပါမယ်”
လို့ ပြောပါတယ်။
ရာဓက “မပြောနဲ့” လို့ ပြောပါတယ်။
ပေါဋ္ဌပါဒက ရာဓရဲ့စကားကို မနာယူဘဲ
“အမေ၊ ဘာလို့ မကောင်းတဲ့ အလုပ်ကို လုပ်တာပါလဲ”
လို့ မေးလိုက်ပါ တယ်။ ပုဏ္ဏေးမက ပေါဋ္ဌပါဒကို
သတ်လိုလို့
“ချစ်သား၊ သင်ဟာ ငါ့ရဲ့ သားပဲ။ ဒီအချိန်ကစပြီး
ငါဟာမလုပ်တော့ပါ။ ချစ်သား၊ လာစမ်းပါဦး”
လို့ ပြောပြီး ချစ်ဟန်ဆောင်ကာ ခေါ်လိုက်လို့
လာတဲ့ ပေါဋ္ဌပါဒကို ဖမ်းယူလိုက်ပါတယ်။
“သင်က ငါ့ကို ဆုံးမတယ်။ မိမိရဲ့ အတိုင်းအတာ
ပမာဏကို သင်မသိ”လို့ပြောကာ လည်ပင်းကို
လိမ်သတ်လိုက်ပြီး၊ ဖိုခနောက်ကြားတွေမှာ
ပစ်ထည့်လိုက်ပါတယ်။
ပုဏ္ဏား လာပြီး အပန်း ဖြေကာ ဘုရားလောင်း
ရာဓကြက်တူရွေးကို မေးပါတယ်။”
“ချစ်သား ရာဓ၊ သင့်ရဲ့ မိခင်ဟာ မပြုကျင့်တဲ့
အကျင့်ကို ပြုလုပ်သလား၊မပြုလုပ်ဘူးလား။”
“ချစ်သား ရာဓ၊ ငါဟာ အရပ်တစ်ပါးမှ ပြန်လာခဲ့တယ်။
ငါဟာလည်း အခုပဲ လာခဲ့ပါတယ်။ ပြန်ရောက်တာ
မကြာသေးပါ။ ဒါကြောင့် ဖြစ်ပုံကို မသိရလို့
“ချစ်သား၊ ဘယ်လိုလဲ။ သင့်ရဲ့ မိခင်ဟာ အခြား
ယောက်ျားကို မမှီဝဲဖူးလား။”
“ဖခင်ပုဏ္ဏားကြီး၊ ပညာရှိတွေဆိုတာ မှန်တာကိုရော၊
မမှန်တာကိုပါ အကျိုးမရှိရင် မပြောဆိုကြပါ။
မှန်ကန်အကျိုးရှိပြီး၊သဘာဝကျတဲ့စကားဖြစ်ပေမယ့်လည်း
မဖြစ်နိုင်ရင် (ဝဋ်ဆင်းရဲမှ မထွက်မြောက်စေရင်)
မပြောဆိုပါ။ မဖြစ်နိုင်တဲ့ အမှန်စကားကို ပြောမိတဲ့
ပေါဋ္ဌပါဒဟာ ပြာပူထဲမှာ လဲလျောင်းနေရသလို
လဲလျောင်းနေရပါလိမ့်မယ်။”
ဘုရားလောင်း ရာဓကြက်တူရွေးဟာ အဲဒီလိုပုဏ္ဏားအား
တရားဟောပြီး“ငါဟာလည်း ဒီနေရာမှာ နေဖို့
မတတ်နိုင်”လို့ တွေးပြီး ပုဏ္ဏားကို ပြန်ပြောကာ
တောကိုပဲ ဝင်သွားပါတယ်။
ပေါဋ္ဌပါဒကြက်တူရွေးဟာ အရှင်အာနန္ဒာလောင်းလျာ
ဖြစ်ပါ တယ်။
(ဇာတ်၊ ဋ္ဌ၊ ဒု၊၁၂၁)
မှန်ပေမယ့် အကျိုးမရှိတဲ့ စကားမျိုးကို မပြောသင့်ပါ။
မှန်ကန် အကျိုးရှိနိုင်ပေမယ့်၊မဖြစ်နိုင်တဲ့
စကားမျိုးကိုလည်း မပြောသင့်ပါ။ မပြောသင့်ဘဲ
ပြောရင်ပြောသူမှာ ဒုက္ခရောက်ရတတ်ပါတယ်။
မကောင်းတာကိုလုပ်သူဆိုတာ အကောက်ဉာဏ်နဲ့
ကြံတတ်ကြပါတယ်။
ပုဏ္ဏေးမကြီးရဲ့ လုပ်ရပ်က သာဓကပြနေပါတယ်။
အကောက်ဉာဏ်နဲ့ ပုဏ္ဏေးမကြီးက ပေါဋ္ဌပါဒ
ကြက်တူရွေးလေးကို အသေသတ်လိုက်ပါတယ်။
မကောင်းတာကို လုပ်သူတွေက အကောက်ဉာဏ်ကိုပဲ
သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတတ်ကြပါတယ်။
အဖြောင့်ဉာဏ်ကို ထွက်ပေါက်လို့ မထင်နိုင်ကြပါ။
ပေါဋ္ဌပါဒဟာ သူ့ရဲ့ စကားလေးတစ်ခွန်းကြောင့်
အသက်သေသွားရရှာပါတယ်။ ပညာဉာဏ်ရှိတဲ့
ရာဓကတော့ သေဘေးမှ လွတ်အောင် နေတတ်ပါတယ်။
နေလို့ မဖြစ်နိုင်မှန်း သိလာရလို့ ရာဓဟာ တောကိုပဲ
ဝင်သွားပါတော့တယ်။ ယုတ်မာသူနဲ့အတူ နေရတာဟာ
အန္တရာယ်များလှပါတယ်။ ယုတ်မာသူနဲ့ ဝေးလေ၊
အရန္တာယ် ကင်းလေပါပဲ။ ရာဓဟာ အန္တရာယ်
ကင်းအောင် ယုတ်မာတဲ့ပုဏ္ဏေးမနဲ့ ဝေးရာကို
ပြေးသွားပါတော့တယ်။ အသိဉာဏ်နဲ့ ရှောင်လိုက်တာပါပဲ။
ရှောင်တတ်ရင် အန္တရာယ်ကင်းပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】

သေခါနီးမှာ အလွန်အရေးကြီးတယ်


သေခါနီးအချိန်ရောက်နေပြီဆိုလို့ရှိရင်
ဗမာတွေမှာ တော်တော်များများက
လူမမာနားလာပြီး တောင်ပြောမြောက်ပြော
“ဒီတောင်က ကျော်နိုင်မယ် မထင်ပါဘူး”
ဟိုကတော့ မေ့နေတာမှမဟုတ်တာ။
ကြားနေတာ။ အဲဒီလိုတွေပြော။
“ဘဏ်စာအုပ်တွေ မေးထားလိုက်ရဲ့လား။”
“လက်မှတ်ထိုးလိုက်ရဲ့လားလို့ မေးတဲ့လူက မေး၊”
“စိန်နားကပ် ဘယ်နားထားတုန်း”တို့။
အဲဒါမျိုးတွေက မလုပ်ထိုက်ဘူး။မလုပ်ရဘူး။
အဲဒီလို လုပ်ရင်တော့သွားပြီ။
ဟိုလူက ဒုက္ခရောက်ပြီ။
အဲဒီလို ဖြစ်တတ်တယ်။

ဘုန်းကြီးတွေကျတော့လည်း
“ကိုယ်တော်၊ ကျောင်းဘယ်သူ့ အပ်ခဲ့မှာတုန်း”တို့၊
ဘာတို့လုပ်ကုန်တယ်။ အဲဒီမှာ ဒုက္ခရောက်ပြီ။
အဲဒီအချိန်မှာ စိတ်ကလေး ဖြောင့်နေအောင်
ငြိမ်ငြိမ်လေးထားပြီး တရားလေး ဖွင့်ပေးတာတို့၊
ကုသိုလ်ကောင်းမှုလေး လုပ်ပေးပြီးတော့
ငြိမ်းငြိမ်း အေးအေးချမ်းချမ်းနဲ့ နေအောင်
တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရတယ်။
စကားမပြောရဘူး။
အမှန်က အဲဒီအချိန်မှာ ဆူညံဆူညံနဲ့
ဟိုလူလာ၊ဒီလူလာလက်မခံတာ ကောင်းတယ်။
လာတဲ့လူက ဟိုပြော၊ ဒီပြော သိပ်ပြောတာ။
တိုးတိုးလည်း မပြောတတ်ဘူး။
မြန်မာတွေရဲ့ထုံးစံ အသံကကျယ်ကျယ်ပြောတတ်တယ်။
အဲဒါတွေ က ဒုက္ခရောက် စေတတ်တဲ့အရာတွေ
ဖြစ်တယ်။ ဒါကြောင့်မို့ အရာရာမှာ သတိထားရမယ့်
ကိစ္စတွေ၊ဆင်ခြင်ရမယ့်ကိစ္စတွေ လောကကြီးမှာရှိတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】

တိတ်ခွေဇာတ်လမ်းများ

http://pc.cd/ULtitalK
လူမိုက်ကကျနော် အဖော်ကဒဿ။
http://pc.cd/IiE
အသဲနုသည်ဖြည်းဖြည်းမုန်းပါ။
http://pc.cd/kAqitalK
အညာမိသွားတဲ့ အညာသား။
http://pc.cd/GNqitalK အချစ်နှင့်အမျှငြိမ်းချမ်းပါစေသတည်း။
http://pc.cd/fNqitalK
သူနဲ့ကျွန်တော် လင်မယားတော်သည်။
https://my.pcloud.com/publink/show…
နိုင်လင်း ကြင်ဖော်။
https://my.pcloud.com/publink/show…
မြညိုချစ်သော ကိုရင်သြ။
https://my.pcloud.com/publink/show…
ပေါက်စီနှင့်ပေါင်မုန့် ။
https://my.pcloud.com/publink/show…
မုန်တိုင်း အငြိမ့်။
http://pc.cd/VUqitalK
စိုးမိုးမေတ္တာ။
https://my.pcloud.com/publink/show…
ဂန္ဓမာတောင်။
https://my.pcloud.com/publink/show…
ဗိုလ်အောင်ဒင် အပိုင်းအားလုံး။
http://pc.cd/rrqitalK
သီပေါမင်းပါတော်မူ ပြဇာတ်။
http://pc.cd/QoqitalK ရာဟုလာအမွေတောင်းခဏ်း။
http://pc.cd/3cqitalK
မတည့်အတူနေ။
http://pc.cd/trqitalK
လက်ဝဲသုန္ဒရ။
http://pc.cd/0ytitalK
ဓါတ်ဆီဓါတ်စံ ဟာသပျက်လုံးများ။
http://pc.cd/ScqitalK
သြော်ခယ်မ။
http://pc.cd/IoqitalK ယောက္ခမကြီးရေးတဲ့ဖူးစာ။
https://my.pcloud.com/publink/show…
မောင်မှုး ၁ ၂ ။
http://pc.cd/urqitalK
အိုးနင်းခွက်နင်း။
http://pc.cd/0oqitalK
ရွဲကုန်သည်။
http://pc.cd/EF6
မရွှေအထက်တန်းစား။
http://pc.cd/GiqitalK
ဇာတ်ခုံပေါ်မှာကတဲ့အခါ။
http://pc.cd/69Mv
ကကြီးရေ က။
http://pc.cd/ycqitalK
ဗျူဟာဘုံ။
http://pc.cd/JrqitalK
ဝေသံသရာ။
http://pc.cd/rrqitalK
သီပေါမင်းပါတော်မူခဏ်း။
အဆင်ပြေကြပါစေ။
0:00
“ကုသိုလ်ဖြစ်ကြောင်း သိကောင်းစရာ”
••••••••••••••••••••••••••••••••••••
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် “ရဟန္တာမဖြစ်သေးသမျှ
ကာလပတ်လုံး မိမိတို့သန္တာန်၌ ကုသိုလ်နှင့်အကုသိုလ်
ဟူ၍ နှစ်မျိုးဖြစ်နိုင်ကြပေသည်”ဟု သိနေကြပေသည်။
“ကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်
ကောင်းကျိုးအမျိုးမျိုးတို့ကို ရစေ၏။
မိဘသဖွယ်၊ ဆွေမျိုးရင်းသဖွယ် မိမိတို့ကို လိုက်၍
စောင့်ရှောက်၏။အကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်
ဘဝတိုင်အောင် မကောင်းကျိုးများကို ရစေ၏။
ရန်သူသဖွယ် မိမိတို့ကို လိုက်၍ နှိပ်စက်တတ်၏”
ဟု သိနေကြပေသည်။

သို့ဖြစ်၍ ကုသိုလ်တရားတို့ကိုတော့ စွမ်းနိုင်သမျှ
ပြုလုပ်နေကြရပေသည်။ အကုသိုလ်တရားများကိုတော့
ကင်းနိုင်သမျှကင်းအောင် ရှောင်ကြဉ်၍
နေကြရပေသည်။ ထိုကုသိုလ်နှင့် အကုသိုလ်တို့တွင်
ကုသိုလ်တရားများဖြစ်နိုင်ခြင်း၏ အကြောင်းမှာ
(၅)ပါးရှိပေသည်။
(၁)။ ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်း၊
(၂)။ သပ္ပူရိသူပနိဿယ - သူတော်ကောင်းကို အမှီရခြင်း။
(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်း၊
(၄)။ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
(၅)။ ပုဗ္ဗေစ ကတပုညတာ- ကောင်းမှုအထူးပြုခဲ့ဖူးခြင်း
ဟူသော (၅)ပါးတို့ ဖြစ်ကြပေသည်။
(အဋ္ဌသာလိနီ-ဋ္ဌ-၁၁၇)
❖(၁)။ ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်းဟူသည် -
အကြောင်းမှန်များကို ဆင်ခြင်၍ မိမိစိတ်ကို
ကောင်းရာဘက်၌ ပြုပြင်ကာထားခြင်းပင် ဖြစ်ပေသည်။
မိမိတို့မှာ တရားသဖြင့်ရှာဖွေ၍ ရရှိထားသော ပစ္စည်း
ဥစ္စာများ ရှိနေသည့်အခိုက်၊ ကြည်ညိုထိုက်သည့်
သီလ သမာဓိ ပညာနှင့်ပြည့်စုံသော အလှူခံပုဂ္ဂိုလ်များနှင့်
တွေ့ကြုံရသည့်အခိုက်၊ စိတ် ၊စေတနာ၊သဒ္ဓါ တရားများ
ထက်သန်နေသည့်အခိုက်တွင် အလှူဒါနပြုလုပ်မှသင့်မည်
ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း
လိုက်ခြင်းသည် မိမိတို့သန္တာန်၌ ဒါနကုသိုလ်ဖြစ်လာခြင်း
အကြောင်းတစ်ပါးပင် ဖြစ်ပေသည်။
မိမိတို့သည် သူတော်ကောင်းတရားတို့ကို အားထုတ်
နိုင်သည့် လူလည်းဖြစ်နေရသည့်အခိုက်၊
မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရစေနိုင်သော သာသနာတော်ကြီး
နှင့်လည်း တွေ့ကြုံနေရသည့်အခိုက်၊
အသက်လည်းရှင်ကာ အသင့်အတင့်ကျန်းမာ
နေသည့်အခိုက်၊ မဂ်ဖိုလ်ရောက်ကြောင်း
သူတော်စောင့်ထိန်း၍ - သမထ၊ ဝိပဿနာ့တရားတို့ကို
အားထုတ်သင့်သည်ဟု သင့်သောအကြောင်းအားဖြင့်
နှလုံးသွင်းလိုက်ခြင်းသည် မိမိတို့သန္တာန်၌ သီလကုသိုလ်၊
သမထ ဝိပဿနာကုသိုလ်တို့ဖြစ်လာခြင်း အကြောင်း
တစ်ပါးပင်ဖြစ်သည်။
❖(၂)။သပ္ပူရိသူပနိဿယ = သူတော်ကောင်းကို
မှီဝဲရခြင်းဟူသည်-
မိကောင်းဖကောင်းများနှင့် အတူတကွ နေထိုင်ရခြင်း၊
ဆရာသမားကောင်းများကို ကိုးကွယ်ဆည်းကပ်နေရခြင်း၊
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့် ပေါင်းသင်းဆက်ဆံ
နေရခြင်းတို့သည် သူတော်ကောင်းကို မှီဝဲရခြင်းပင်
ဖြစ်ပေသည်။
ဒါန၊ သီလ၊ သမထ၊ ဝိပဿနာကုသိုလ်များကို ပြုလုပ်
အားထုတ်၍ နေလေ့ရှိကြကုန်သော မိဘ၊ ဆရာသမား၊
ဆွေမျိုးမိတ်သင်္ဂဟဟူသော သူတော်ကောင်းများနှင့်
အတူတကွ နေထိုင်ကြရ၊ပေါင်းသင်းဆက်ဆံကြ
ရသော ပုဂ္ဂိုလ်တို့သည် ထိုသူတော်ကောင်းများကို
မှီဝဲရ၍ ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်တို့ကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်းများကို မှီဝဲရခြင်းသည်လည်း မိမိတို့
သန္တာန်၌ ကုသိုလ်ဖြစ်ခြင်းအကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်းဟူသည်-
ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော သူတော်ကောင်း
တရားတို့ကို နာကြားရခြင်းပင် ဖြစ်ပေသည်။
ဒါနကုသိုလ်ကို ပြုထားခြင်းဖြင့် ယခုဘဝ၊
နောင်ဘဝများ၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊
ချမ်းသာများခြင်း၊ အစိုးရခြင်းဟူသော
အကျိုးများကို ရရှိနိုင်သည်။
သီလကို- လုံခြုံအောင် ဆောက်တည်ထားခြင်းဖြင့်
ယခုဘဝ၊ နောင်ဘဝများ၌ ပစ္စည်းဥစ္စာရလွယ်ခြင်း၊
ဂုဏ်သတင်း ကောင်း ကျော်ကြားခြင်း၊
ပရိသတ်အလယ် မျက်နှာမငယ်ခြင်း၊
မတွေမဝေ သေရခြင်း၊ နတ်ပြည်သို့ ရောက်ရခြင်း
အကျိုးများကို ရရှိနိုင်သည်။
သမထ၊ဝိပဿနာတရားကို ပွားများအားထုတ်ခြင်းဖြင့်
နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိသွားနိုင်ခြင်း အကျိုးကို
ရရှိနိုင်သည်ဟူသော သူတော်ကောင်းတရားတို့ကို
နာကြားရခြင်းပင် ဖြစ်ပေသည်။
ဒါနအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
ဒါနကုသိုလ်ကို ပြုလုပ်နိုင်ကြပေသည်။
သီလအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
သီလကုသိုလ်များရအောင် ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာ အကျိုးတရားတို့ကို နာကြားရသော
ပုဂ္ဂိုလ်တို့သည် သမထ၊ ဝိပဿနာ ကုသိုလ်တို့ကို
ပွားများအားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်း တရားနာကြားရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၄)။ ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
❖အအေးအပူ ဥတုရာသီကလည်း မျှတသည့်အရပ်ဒေသ၊
❖ပစ္စည်းဥစ္စာများကိုလည်း တရားသဖြင့်ရှာဖွေ၍
ရလွယ်သောအရပ်ဒေသ၊
❖သာသနာကလည်း ထွန်းကားသည့် အရပ်ဒေသ၌
နေထိုင်ရခြင်းပင် ဖြစ်ပေသည်။
ထိုသင့်လျော်သော အရပ်ဒေသ၌ နေထိုင်ကြရသော
ပုဂ္ဂိုလ်တို့သည် ဒါနကုသိုလ်ကိုလည်း ပြုလုပ်
နိုင်ကြပေသည်။ သီလကုသိုလ်ကိုလည်း ဆောက်တည်
နိုင်ကြပေသည်။ သမထ၊ ဝိပဿနာ ကုသိုလ်များကိုလည်း
ပွားများအားထုတ်နိုင်ကြပေသည်။ သင့်လျော်သော
အရပ်ဒေသ၌ နေထိုင်ကြရသော ပုဂ္ဂိုလ်တို့သည်
အပါယ်တံခါးကို ပိတ်စေနိုင်သည့် အရိယာမဂ်ကုသိုလ်
များကိုပင် ရရှိသွားနိုင်ကြပေသည်။ သို့ဖြစ်၍
သင့်လျော်သော အရပ်ဒေသ၌ နေထိုင်ရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
❖(၅)။ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက
ကောင်းမှု အထူးပြုခဲ့ဖူးခြင်းဟူသည် -
လွန်ခဲ့ပြီးသော ရှေးရှေးအတိတ်ဘဝများက သီလ၊
သမာဓိ၊ ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့ထံ၌ ဒါနကုသိုလ်
အထူး၊ သီလကုသိုလ်အထူး စသော ကုသိုလ်အထူးတို့ကို
ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။
မြတ်စွာဘုရား ဟောကြားတော်မူသည့် အနမတဂ္ဂသုတ္တန်
ဒေသနာတော်အရ ထိုထိုပုဂ္ဂိုလ်တို့၏ဘဝများသည် အစကို
ရှာ၍မရအောင် ကြာညောင်းခဲ့ကြပေသည်။
မရေမတွက်နိုင်သော ဘဝတို့၌ ဖြစ်ခဲ့ကြရပေသည်။
ထိုထိုဖြစ်ခဲ့ကြရသောဘဝတို့တွင် အချို့အချို့သော
ဘဝတို့၌ သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်တို့နှင့် တွေ့ကြုံခဲ့ကြရပေသည်။ ထိုပုဂ္ဂိုလ်တို့ထံ၌
ဒါန၊ သီလစသော ကောင်းမှုအထူးများကို
ပြုခဲ့ဖူးကြပေသည်။ ယင်းကုသိုလ်အထူးများကို
(ပုဗ္ဗေစ ကတပုညတာ) ရှေးဘဝများက ပြုခဲ့ဖူးသော
ကောင်းမှုအထူးဟု ဆိုရပေသည်။
ရှေးရှေးဘဝများက ကုသိုလ်ကောင်းမှုအထူးများကို
ပြုလုပ်ခဲ့ဖူးကြသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝသို့ ရောက်လာကြသောအခါ ကုသိုလ်
ကောင်းမှုများ ပြုလုပ်လိုသည့် စိတ်ဆန္ဒများ
များနေတတ်ကြပေသည်။ စိတ်ဆန္ဒများ ရှိကြသည့်အတိုင်း
ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်များကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍ ရှေးဘဝများက
ကောင်းမှုအထူး ပြုခဲ့ဖူးခြင်းသည်လည်းမိမိတို့ သန္တာန်၌
ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်ဖြစ်ပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြခဲ့ဖူးခြင်းသည် ကုသိုလ်ဖြစ်ခြင်း၏ (၅)နံပါတ်
ဝေးသောအကြောင်းပင်ဖြစ်ပါသော်လည်း
အားအကြီးဆုံးသော အကြောင်းဖြစ်ပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမူအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ ပတိရူပ ဒေသာဝါသ = သင့်လျော်သော
အရပ်ကောင်း၊ဒေသကောင်းများ၌ ဖြစ်ရပြီး
ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်ကြပေသည်။
❖ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှု
အထူးပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝ၌ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော
သူတော်ကောင်းတရားများကို နာကြားချင်သော
စိတ်ဓာတ်များ ရှိနေတတ်ကြပေသည်။ နာကြားချင်သော
စိတ်ဓာတ်များ ရှိနေကြသည့်အတိုင်း သူတော်ကောင်း
တရားများကိုလည်း နာကြားနေကြရပေသည်။
❖ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ မိကောင်းဖကောင်း၊ဆရာသမားကောင်းများ
နှင့်လည်း တွေ့ကြရပေသည်။
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့်လည်း တွေ့ကြ
ရပေသည်။
❖ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌
အကြောင်းမှန်တို့ကို ရှာဖွေဆင်ခြင်၍ မိမိတို့၏စိတ်ကို
ကောင်းအောင်ပြုပြင်ကာ ကုသိုလ်ဖြစ်အောင်လည်း
နှလုံးသွင်းတတ်ကြပေသည်။
မိမိတို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ဒါန၊သီလ၊
သမထ၊ ဝိပဿနာ ကုသိုလ်ကောင်းမူများကို ပြုလုပ်
နိုင်ကြခြင်းသည် ရှေးရှေး အတိတ်ဘဝများက
ကောင်းမှုအထူးများ ရှိခဲ့ကြလို့ပင် ဖြစ်ကြပေသည်။
ယခုပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ခြင်းကို
ထောက်ထား၍ ရှေးရှေးအတိတ်ဘဝများက
ကုသိုလ်ကောင်းမူအထူးများကိုလည်း သိကြရပေသည်။
ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှု
အထူးများကို ပြုလုပ်ထားခြင်းဖြင့် နောင်အနာဂတ်
ဘဝများ၌ ကောင်းမြတ်ရာကောင်းမြတ်ရာဘုံဘဝများသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
အကောင်းမြတ်ဆုံး နိဗ္ဗာန်ချမ်းသာသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
ဆောင်ပုဒ်။ ။ “ရှေးကကောင်းလို့ ၊ ခုကောင်းပါသည်။
ခုကောင်းရင် ၊နောင်ကောင်းပါလိမ့်မည်။”
ကုသိုလ်၏ ကောင်းကျိုးများကိုသိကြ၍
ကုသိုလ်တရားများကို အလိုရှိကြသော အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့သည် ကုသိုလ်ဖြစ်ကြောင်း
(၅)ပါးတို့ကို ဆည်းပူးရယူနိုင်ကြပြီးလျှင် အမြတ်ဆုံး
အရိယာမဂ်ကုသိုလ်များကို ရသည့်အထိ ဝိပဿနာ
တရားကို အားထုတ်နိုင်ကြပါစေ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

Window ကွန်ပျူတာများအတွက် အသုံးဝင်မယ့် Shortcuts များ


ကျွန်တော့်အနေနဲ့ ကွန်ပျူတာသုံးတာကိုသင်ယူနေတဲ့သူတွေ၊ ကွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့သူတွေအတွက် လျှင်မြန်လွယ်ကူစေမယ့် Shortcuts လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ Shortcuts တွေကိုအသုံးပြုတာဟာ တကယ်တမ်းကျတော့ ထင်သလောက်မခက်ခဲပါဘူး။ Mouse ကိုတကူးတက လှမ်းမကိုင်ချင်တော့တဲ့အခါ၊ Mouse ကိုကိုင်လောက်အောင်အချိန်မပေးနိုင်တော့တဲ့အခါကျရင် Shortcuts ကီးတွေဟာ အရမ်းအလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်စေမယ့် Shortcut တွေကို ကြည့်ရင်းလက်တွေ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
Shortcut တွေကိုအသုံးပြုတာဟာ တကယ်တမ်းကျတော့ Control လို့ခေါ်တဲ့ Ctrl ကီးရယ်၊ အောလ်တား (Alternate) လို့ခေါ်တဲ့ Alt ကီးရယ်၊ Shift ကီးရယ် နဲ့ Window ကီး လေးမျိုးကိုပဲအခြေခံအသုံးပြုတာပဲ ဖြစ်ပါတယ်။

မသိမဖြစ်သိထားရမယ့် Shortcut များ

  • Ctrl + C : ဟိုက်လိုက်လုပ်ထားသည်များကို Copy ကူး
  • Ctrl + X : ဟိုက်လိုက်လုပ်ထားသည်များကို ဖြတ်တောက်ပြီးကူး
  • Ctrl + V : Copy ကူးထားသော၊ ဖြတ်တောက်ထားသော စာသား၊ ဖိုင် စသည်တို့ကို Paste လုပ်
  • Ctrl + Z : ပြောင်းလဲသွားသည်များ၏ရှေ့ကိုပြန်သွား
  • Ctrl + Y : ပြောင်းလဲခဲ့သည်များကိုပြန်သွား
  • Ctrl + F : ရှာဖွေခြင်းပြုလုပ်နိုင်
  • Ctrl + S : Save လုပ်
  • Ctrl + A : Page တစ်ခုလုံးကို Select လုပ်
  • Ctrl + O : File တစ်ခုကို ဖွင့်
  • Alt + Tab : ဖွင့်ထားတဲ့ Program များကိုပြောင်းလဲရွေးချယ်နိုင်
  • Ctrl + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို ရှေ့သို့သွား
  • Ctrl + Shift + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို နောက်သို့သွား
  • Ctrl + ► (or) Ctrl + ◄ : စကားစုတစ်စုနဲ့ တစ်စုကြားသွားနိုင်
  • Shift + ► (or) Shift + ◄ : စာတစ်လုံးချင်းစီကို Select ပေးနိုင်
  • Ctrl + Shift + ► (or) Ctrl + Shift + ◄: စာလုံးတစ်လုံးကို Select ပေးနိုင်
ဖိုင်များကို Copy ကူးရန်အတွက် Ctrl ကီးကိုဖိထားပြီး ကူးလိုတဲ့ဖိုင်ရှိတဲ့ Folder ထဲက ဖိုင်ကို တခြား Folder တစ်ခုကိုဆွဲထည့်လိုက်ရင်ရပါပြီ။ အဲ့ဒါတွေအပြင် ဒီအောက်မှပြထားတဲ့ ဇယားထဲမှာလည်း ကီးတွေကို ထပ်မံလေ့လာနိုင်ပါသေးတယ်။
Computer keyboard shortcut keys

Window System ပေါင်းစပ်ကီးများ

  • F1: ကိုအကူအညီရယူဖို့သုံးနိုင်
  • F2 : ဖိုင်တွေကိုနာမည်ပေးနိုင်
  • F4 : ရှာဖွေရေး Tools (Same with Ctrl + F)
  • F5: လက်ရှိဖွင့်ထားတဲ့ Window ကို Refreshes လုပ်
  • Alt + Tab : ဖွင့်ထားတဲ့ Program တွေကိုရွေးချယ်နိုင်
  • Alt + F4 : ပရိုဂရမ်တစ်ခုလုံးကိုပိတ်
  • Shift + Delee: အပြီးတိုင်ဖျက်
  • Window + L : ကွန်ပျူတာကို Lock လုပ်

Window Program ပေါင်းစပ်ကီးများ

ဒီကီးတွေမှာလည်း အပေါ်မှာဖော်ပြခဲ့တဲ့ မသိမဖြစ်သိထားရမယ့်ကီးများထဲက အကုန်လုံးလိုလိုပါဝင်ပြီး ထပ်တိုးအနေနဲ့
  • Ctrl + B : Select လုပ်ထားသော စကားလုံးများကို Bold လုပ်နိုင်
  • Ctrl + U : Select လုပ်ထားသော စကားလုံးများကို Underline လုပ်နိုင်
  • Ctrl + I : Select လုပ်ထားသော စကားလုံးများကို Italic လုပ်နိုင်
  • Ctrl + A: Page တစ်ခုလုံးကို Select လုပ်

Browser ကီးများ

  • Browser တွေမှာလည်း ကျွန်တော်တို့အနေနဲ့ Shortcut တွေသုံးလို့ရပါသေးတယ်။
  • Ctrl + J : Download လုပ်ထားတဲ့စာရင်းကိုပြသ
  • Ctrl + H : Browser ရဲ့ History ကိုပြသ
  • Ctrl + T : New Tab ဖွင့်
  • Ctrl + Shift + T : ပိတ်ခဲ့သော Instant Tab ကိုပြန်လည်ပြသ
  • Ctrl + N : New Browser Window
  • Ctrl + Shift + N : New Incognito Browser Window
  • Ctrl + P : Print လုပ်

အထွေထွေအမိန့်ပေးကီးများ

  • Ctrl + Shift+ Esc : Windows Task Manager ကိုဖွင့်
  • Alt + F4 : လက်ရှိ Window တစ်ခုလုံးကိုပိတ်
  • Ctrl + F4 : လက်ရှိ Multiple Document Interface (MDI) ကိုပိတ်
  • Shift + Delete : အပြီးတိုင်ဖျက်သိမ်း
  • Alt + Enter : Select လုပ်ထားသော File/Folder ၏ Properties ကိုပြသပေး

Microsoft Natural ကီးဘုတ်ကီးများ

  • Windows Logo : Start Menu
  • Window Logo + R : Dialog Box ကိုဖွင့်ခြင်း
  • Window Logo + M : Window အားလုံးကို Minimize လုပ်
  • Window Logo + Shift + M : Window အားလုံးကို Undo Minimize လုပ်
  • Window Logo + F1 : Help
  • Window Logo + E : Window Explorer ကိုဖွင့်
ကဲကျွန်တော့်အနေနဲ့ ပရိတ်သတ်ကြီးအတွက် Windows ကွန်ပျူတာတွေအတွက်အသုံးဝင်နိုင်စေမယ့် Shortcuts ကီးတွေကို သိနိုင်အောင် အတတ်နိုင်ဆုံး စုံစုံလင်လင်တင်ပြထားပေးပြီးပါပြီ။ ဒီ Shortcuts တွေက သင့်ကို လုပ်ငန်းခွင်မှာ ကျောင်းမှာ အများကြီးအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ တကယ်အသုံးဝင်နိုင်တယ်ဆိုရင်တော့ ဒီ Article ရှိတဲ့ Facebook Post ကို မိမိကိုယ်တိုင်လည်းအချိန်မရွေးပြန်ကြည့်နိုင်အောင်၊ မိတ်ဆွေသူငယ်ချင်းတွေလည်း ဗဟုသုတတိုးပွားနိုင်အောင် Share လုပ်သွားနိုင်ပါတယ်။
Ref: https://support.microsoft.com, Computer Hope

Photo Services _Myanmar မှာ တင်ထားသောသင်းခန်းစာဖိုင်မျာ

Photo Services _Myanmar မှာ တင်ထားသော
သင်းခန်းစာဖိုင်မျာကိုး တစ်နေရာထဲ စုစည်းပေးထားပါတယ်။
အဆင်ပြေကြပါစေ။
🌟လိုင်စင်ပုံစီနည်း🌟
https://www.facebook.com/photo.service.myanmar/videos/220246005003352/
🌟လိုင်စင်ကုတ်ထည့်နည်း🌟
https://www.facebook.com/photo.service.myanmar/videos/221370374890915/
ဓာတ်ပုံနောက်ခံလဲနည်း နှင့်ေ ဘာင်အလှလေးတွေနဲ့ ပုံပွားလေးတွေထည့်နည်း
https://www.facebook.com/photo.service.myanmar/videos/247178022310150/
ပုံဟောင်းပြင်မယ်ဆို သိထားသင့်တာလေးတွေ
https://www.facebook.com/photo.service.myanmar/posts/254558388238780
ပုံဟောင်းပြင်နည်း
https://www.facebook.com/photo.service.myanmar/videos/239558476405438/
🌟ဖြူမည်းပုံ နောက်ခံလဲ မျက်နှာချော ခုံထည့်🌟
https://www.facebook.com/photo.service.myanmar/videos/237489483279004/
🌟မိသားစုပုံပေါင်းတဲ့နေရာမှာ ကာလာညီဖို့အရေးကြီးပါတယ်။🌟
https://www.facebook.com/photo.service.myanmar/videos/233975653630387/
🌟ပျက်နေတာပြင်မယ် မျက်နှာချောမယ်🌟
https://www.facebook.com/photo.service.myanmar/videos/231465303881422/
🌟မြန်မာမင်္ဂလာဝတ်စုံလဲနည်း🌟
https://www.facebook.com/photo.service.myanmar/videos/229834470711172/
🌟ဘွဲ့ဝတ်စုံပြောင်းခြင်း🌟
https://www.facebook.com/photo.service.myanmar/videos/228680380826581/
🌟အဖြူအမည်း ဓာတ်ပုံများကို ကာလာသွင်းနည်း🌟
https://www.facebook.com/photo.service.myanmar/videos/226926107668675/
👩Photodshop ဖြင့် မိတ်ကပ်လိမ်းနည်း👩
https://www.facebook.com/photo.service.myanmar/videos/224102197951066/
CD Cover Design လုပ်နည်း
အပိုင်း (၁)
https://m.facebook.com/story.php…
အပိုင်း(၂)
https://m.facebook.com/story.php…
အပိုင်း(၃)
https://www.facebook.com/photo.service.myanmar/videos/244978992530053/
A4ထဲတွင် နေရာ ချိန်ပြီးသားလေးကို CD Cover ကိုPSD File နဲ့ပေးထားပါတယ်။
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/247194485641837/?type=3&theater
ပုံထဲမှ ဖျက်လိုသည်များကို Clone Tool & Patch Tool မသုံးပဲOne Clickဖြင့် ဖျောက်နည်း။
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/242899556071330/?type=3&theater
မြန်မာစာ ဒ၊ဓ ရိုက်မရရင်
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/243067092721243/?type=3&theater
Interent မှ ပုံများ Photoshop တွင်ပြန်ဖွင့်မရတဲ့သူများအတွက်
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/242887779405841/?type=3&theater
ဓာတ်ပုံများကို လွယ်ကူ လျှင်မြန်စွာ ချုံ့၊ ချဲ့လုပ်နည်း
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/243542096007076/?type=3&theater
Adobe Photosop Cs5 > Tool Bar ထဲမှ Lasso Tool အသုံးပြုနည်း
https://www.facebook.com/photo.service.myanmar/posts/255239721503980
Adobe Photosop Cs5 > Tool Bar ထဲမှ Marquee Tool အသုံးပြုနည်း
https://www.facebook.com/photo.service.myanmar/posts/254290854932200
ပုံဟောင်းပြင်သမားများအတွက် လိုအပ်သည့် ဦးဒေါ်နမူနာပုံများ
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/248303298864289/?type=3&theater
🌟အနောက်တိုင်း မင်္ဂလာဝတ်စုံ🌟‪#‎Sample‬
https://www.facebook.com/photo.service.myanmar/posts/226380901056529
🌟ကုတ္အက်ႌ🌟#Sample
https://www.facebook.com/photo.service.myanmar/posts/221392644888688
"မျက်နှာပေါ်တွင် ဒေါင်းပုံတင်မယ်"
‪#‎Photoreapir‬ ‪#‎Khinnanei‬ ‪#‎Peacock‬
https://www.facebook.com/photo.service.myanmar/posts/218504171844202
Color Meanings
https://www.facebook.com/photo.service.myanmar/photos/a.227058780988741.1073741829.218484245179528/247172302310722/?type=3&theater

ဆရာမခင်နန်းအိ(https://www.facebook.com/khinnnanei) ကူးယူဖော်ပြသည်။

ကွန်ပျူတာ windowဆိုင်ရာ

ကွန်ပျူတာ window တင်နည်း ( video )
https://m.facebook.com/story.php…
ကွန်ပျူတာ driver ပြဿနာဖြေရှင်းနည်း (video )
https://m.facebook.com/story.php…
samsung firmware တင်နည်း ( video )
https://m.facebook.com/story.php…
samsumg firmware ဒေါင်းနိုင်တဲ့ sammobile account ဖွင့်နည်း ( video )
https://m.facebook.com/story.php…
nero ဖြင့် burn နည်း ( video )
https://m.facebook.com/story.php…
window 7 မှာ font & keyboard ထည့်သွင်းနည်း ( video )
https://m.facebook.com/story.php…
internet download manager full ဖြစ်အောင် install လုပ်နည်း ( video )
https://m.facebook.com/story.php…
J700f root & myanmar font ထည့်သွင့်နည်း
https://m.facebook.com/story.php…
J5 root & myanmar font သွင်းနည်း
https://m.facebook.com/story.php…
E7 root & myanmar font ထည့်သွင်နည်း
https://m.facebook.com/story.php…
imei ပျောက်သွားလျှင် ပြန်ရေးနည်း ( ဖုန်းတိုင်မရပါ )
https://m.facebook.com/story.php…
ကွန်ပျူတာ တွင် zawgyi font ထည့်သွင်းပြီ သော်လည်း google chrom မှာ မြန်မာစာ မမြင်ရသေးလျှင် ဖြေရှင်းနည်း
https://m.facebook.com/story.php…
J200GU THL FIRMWARE
https://m.facebook.com/story.php…
အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.