အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ
Sunday, January 17, 2016
မှတ်မှတ်သားသား သြ၀ါဒများ pdfဖိုင်
ဖတ်မိ မှတ်မိသော သြ၀ါဒ အတိုအတွာလေးများကို စုစည်းထားတဲ့ pdfဖိုင်လေးပါး။
ဗဟုသုတ ရှာမှီးသူများ အသိပညာ ခွန်အားလိုအပ်သူများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါသည်။
ဒေါင်းယူရန်လင့်-
မှတ်မှတ်သားသားသြ၀ါဒများ-၇
မီးလုံးကြီးတစ်လုံး နောက်ကနေ လိုက်နေတယ်ဆိုပြီး ကြောက်ကြောက်လန်.လန်.နဲ. မရပ်မနား ထွက်ပြေးနေခဲ့တယ်၊ အမှန်တော့ ကိုယ်သွားရာလမ်းကို မီးမောင်းထိုးပြနေပါလား ဆိုတာကို နောက်မှသိရတယ်။
အဆိုးတစ်ခုကို တွေးလိုက်တဲ့အခါမှာ ကိုယ့်မှတ်ဥာဏ်က သဘောချင်းတူတဲ့ နောက်ထပ်အဆိုးတွေကိုပါ ပြန်ဖော်ပေးတယ်၊
အကောင်းတစ်ခုကို တွေးလိုက်တဲ့အခါမှာ နောက်ထပ်အကောင်းတွေကို ပြန်ဖော်ပေးတယ်၊ အဆိုးကို များများတွေးလေလေ အဆိုးတွေက ပွားလေပဲ၊ အကောင်းကို များများတွေးလေလေ အကောင်းတွေကပွားလေပဲ၊ ဘယ်ဟာ တွက်ခြေကိုက်သလဲ။
ဒုက္ခဆိုတာ ကိုယ်သွားနေတဲ့လမ်းကို မီးမောင်းထိုးပြနေတာပါ။
အနိုင်ရနေမှ နေသာထိုင်သာ ဖြစ်တဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော်ပျော့ညံ့တဲ့သူပဲ၊ စိတ်ဓာတ်အင်အားကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး။
ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံးစိတ်ထား ဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
စိတ်ချမ်းသာတဲ့သူဟာ အကောင်းမြင်တက်တဲ့ သဘောရှိလို. ဘယ်သူကိုမဆို ကောင်းတယ်၊တော်တယ်လို. မြင်တယ်၊ စိတ်မချမ်းသာတဲ့သူဟာ လူတွေကို အကောင်းမမြင်ဘူး၊ အထင်သေးတယ်၊ မယုံဘူး၊ စိတ်ဆင်းရဲနေတဲ့သူဟာ သူများကို အနိုင်ကျင့်ချင်တယ်၊ သူများကို နိုင်လိုက်ရရင် သူနည်းနည်း နေသာထိုင်သာရှိသွားတယ်လို. ထင်တယ်၊ စိတ်ချမ်းသာနေတဲ့သူဟာ သူများကို မနှိမ်ချင်ဘူး၊ ဒါကြောင့် ညှာတာတယ်။
ကိုယ့်ဘ၀မှာ တွေ.ကြုံရသမျှ အတွေ.အကြုံတွေဟာ လောကကြီးအကြောင်းနဲ. ကိုယ့်အကြောင်းကို ပြောပြနေပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပပစ္စည်းတွေထက် ကိုယ့်ရင်ထဲက သဘောထားက ပိုအရေးကြီးပါတယ်။
သူတစ်ပါးရဲ. ပျော်ရွှင်မှု၊ အောင်မြင်မှု၊ တိုးတက်မှုအတွက် ၀မ်းသာနိုင်တာဟာ ကိုယ့်စိတ်ကျန်းမာရေးအတွက် အစွမ်းထက်တဲ့ ဆေးဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု၊ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုဟာ ကိုယ့်ဘ၀ တိုးတက်ရေးမှာ အရေးကြီးဆုံး အချက်ဖြစ်တယ်။
ငါ့ကို ဒုက္ခပေးတဲ့သူကို ငါခွင့်လွတ်လိုက်တယ်၊ အဲဒါ အကောင်းဆုံးနည်းနဲ. လက်စားချေလိုက်တာပဲ။
လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကို ကြည့်ပါ။
ကိုယ့်ရဲ.ကျဉ်းမြောင်းတဲ့အမြင်က ကိုယ့်ဘ၀ကို ကျဉ်းမြောင်းအောင်လုပ်နေတယ်။
လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာသိပ်ကောင်းမှာ မဟုတ်ပါဘူး။
ကိုယ့်စိတ်ထားနဲ. ကိုယ့်လုပ်ပုံကိုင်ပုံ မပြောင်းနိုင်ရင် ကိုယ်တွေ.နေကျ အခက်အခဲကို တွေ.နေအုံးမှာပဲ။
ကိုယ့်မိတ်ဆွေကို တကယ်ခင်တယ်ဆိုရင် သူ.မှာ မိတ်ဆွေကောင်းတစ်ယောက် တိုးလာအောင် ကိုယ့်မိတ်ဆွေ နောက်တစ်ယောက်နဲ. မိတ်ဆက်ပေးလိုက်ပါ။
ကိုယ့်ကိုယ်ကို မြှင့်ချင်ရင် သူများကိုလည်း မြှင့်ပေးပါ၊ သူများကို မြှင့်ပေးလေလေ ကိုယ်လည်း မြင့်သွားလေလေ။
ကိုယ့်သဘောထားက ကိုယ့်အပြုအမှုကို လွှမ်းမိုးတယ်၊ ကိုယ့်အပြုအမှုက ကိုယ့်အောင်မြင်မှုကို လွှမ်းမိုးတယ်။
လူတိုင်းကိုယ့်အတိုင်းအတာနဲ.ကိုယ် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်ပါတယ်၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို တကယ်အကျိုးပြုရင် ကိုယ်ကျိုးဆိုတာ မတောင့်တပဲပြည့်ပါတယ်။
အမှားထဲက သင်ခန်းစာမယူတာကမှ ကြောက်စရာကောင်းတဲ့ အမှားဖြစ်တယ်။
ကိုယ့်ဂုဏ်သိက္ခာကိုကိုယ် တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကို တန်ဖိုးထားတယ်၊ စကားကို ပေါ့ပေါ့တန်တန်မပြောဘူး၊ ကိုယ့်စကားကိုကိုယ် တန်ဖိုးမထားရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရာ ရောက်တယ်။
တည်ငြိမ်အေးဆေးတဲ့ အမှုအရာဟာ ဆွဲဆောင်နိုင်တဲ့ အင်အားရှိတယ်။
ကိုယ့်အခက်အခဲ ကိုယ့်ပြဿနာကို ဖြေရှင်းဖို. နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို.ကိုပါ ထည့်သွင်းစဉ်းစားမှ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်။
စိတ်ဓာတ်အင်အား ပျော့ညံ့တဲ့သူဟာ စစ်မှန်တဲ့သတ္တိ မရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်တဲ့သူဖြစ်လာတယ်။
အသိဥာဏ်အဆင့်အတန်း မြင့်မားလေလေ လေးစားမှု အသိအမှတ်ပြုမှုကို တန်ဖိုးထားလေလေပါပဲ။
သူတစ်ပါးရဲ. အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ့်မှာ ရှုံးသွားတာ မဟုတ်ဘူး၊ ကိုယ့်ရဲ.သဘောထားကြီးမှု ကိုယ့်ရဲ.မြင့်မြတ်မှုကို ပိုပြီးတော့ အကောင်အထည်ဖော်လိုက်ရတာ၊ သိပ်ကျေနပ်စရာကောင်းတယ်၊ ဒါကြောင့် သူတစ်ပါးကို လိုက်လျောရတာဟာ ရှုံးတာမဟုတ်ပါဘူးနော်၊ အမှန်တော့ မြတ်တာပါ။
လိုချင်တာရတာမရတာနဲ့ ပတ်သက်ပြီးး စိတ်လှုပ်ရှားမှုသိပ်မဖြစ်ပဲ၊ လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ စိတ်မပျက်တဲ့သူက ရေရှည်မှာလိုချင်တာ ပိုရမယ်။ ကိုယ့်စိတ်ထဲမှာ သိမ်ငယ်တဲ့စိတ်မရှိရင် သူများထက်သာကြောင်းပြောနေဖို့ မလိုဘူး၊ ကိုယ့်ကိုကိုအဆင့်တန်းမြင့်တဲ့ လူတယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့ သူကသာ လူကြွားကြီးဖြစ်လာတာ။
ငွေနဲ့ ကြွားတဲ့သူ အိမ်နဲ့ ကြွားတဲ့သူ ကားနဲ့ ကြွားတဲ့သူ ပစ္စည်းနဲ့ ကြွားတဲ့သူ စိန်တွေရွှေတွေနဲ့ ကြွားတဲ့သူဟာ တကယ်ချမ်းသာတာ မဟုတ်သေးဘူး။ တကယ်ချမ်းသာတဲ့ သူဟာ သူချမ်းသာတာကိုမေ့ထားလို့ ရသွားပြီ။ ပြည့်စုံနေတဲ့ စိတ်ရှိနေတဲ့သူဟာ သူပိုင်ဆိုင်တာတွေကိုမေ့ထား လိုက်ပြီ။
ကောင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင်တဲ့ စိတ်အားကြီးနေရင်လွတ်လပ်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ဘူး၊ တကယ်ကောင်းတဲ့သူဟာ ငါကောင်းတယ်လို.တောင် မတွေမိဘူး။
ကိုယ့်ကိုချီးမွမ်းနေတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ ဘာမှအခက်အခဲမရှိဘူး၊ အဲဒါရင်ကျက်မှုမဟုတ်ဘူး။ ကိုယ့်ကိုကောင်းတာပြောတဲ့ အခါလည်းရှိ အဆိုးပြောတဲ့အခါလည်းရှိတယ်။ ချီးမွမ်းခြင်း ကဲ့ရဲ့ ခြင်းဆိုတာ လောကဓမ္မာတာပဲ၊ အထိုက်အလျောက်ခံနိုင်ရည်ရှိကို ရှိမှဖြစ်မယ်။ လုံးဝအပြောမခံနိုင်ရင်လောကကြီးမှာနေလို့မဖြစ်ဘူး။
သူ့ကိုဂုဏ်သိက္ခာကျသွားအောင် ပြောမယ်ဆိုရင် သူ့ကိုမပြောခင်မှာငါက အရင်ဆုံး ဂုဏ်သိက္ခာကျသွားပြီ
သူများအပြစ်ကိုများများရှာပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကိုချတာပဲ။
ငါသူများကို အများကြီးဂုဏ်သိက္ခာကျတဲ့ စကားတွေပြောရင် သူဂုဏ်သိက္ခာကျသွားလိမ့်မယ်လို့ မထင်နဲ့ နော်၊ သူဂုဏ်သိက္ခာကျဖို့ ကမသေချာဘူး..ကိုယ်ဂုဏ်သိက္ခာကျဖို့ ကပိုသေချာတယ်။
ပရိယာယ်မသုံးပဲနဲ့  ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတယောက်ကို ကိုယ့်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တခု ဖြစ်တယ်။
သူများကိုဘယ်လိုလူစားလို့ ပြောနေတာဟာ ကိုယ့်ကိုကို ဘယ်လိုလူစားလို့  ဖော်ပြနေတာနဲ့ တူတယ်။
ချုပ်ချယ်ချင်တာဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိတဲ့သူ သူတပါးအပေါ်မှာလည်း ယုံကြည်စိတ်ချမှု မရှိတဲ့သူတွေ လုပ်တတ်တဲ့ အပြုအမူဖြစ်တယ်။
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခ
စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး
ပင်ပန်း သွား တဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။
ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်း လျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင် မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင် တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။
လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာ မဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီး အရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။
တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။...
ဆရာတော် ဦးဇောတိက 
------------------------------------------------------------------------
ကျေးဇူးတော်အရှင် မိုးကုတ်ဆရာတော် ဘုရားကြီး
အရှိနှင့်အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ၊ ရှေ့စိတ်ကို
နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ
ဝိပဿနာ၊ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊
ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊
အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။
 သီတဂူဆရာတော် ဘုရားကြီး
ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊
မာနမပါ၊ ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊
လုလ္လပြုအံ့။
 အရှင်ကောဝိဒ(မြိတ်)
"ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန်
(သေဆုံးခါနီး)ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု
သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့
အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်..."
 ဆရာတော် ဦးဇောတိက
သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင်
ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။
 အရှင်ဇေယျကဏ္ဍိတ (ပိုင်းလော့ဆရာတော်)
အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။
 ဘုန်းဘုန်းကောသလ္လ (ဓမ္မစေတီဆရာတော်)
ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို
ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊
တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ
မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား
တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။
 အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)
ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊
ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက
ပိုင်တယ်။
အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)
လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ
ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။ လမ်းမှန်ညွှန်ပြသည့် တရားတွေ၊
ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ
ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။
 အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)
ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍
အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို
တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။
 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့် ကိစ္စ၊ အကုသိုလ် ဖြစ်မယ့်
ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊
အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
 အရှင်သာဓိန
ဟောဒီ ခုရောက်ရှိနေတဲ့ဘ၀လေးဟာ တကယ်ဆိုတော့
လမ်းဆုံလေး တစ်ခုပဲ၊ လမ်းဆုံဆိုတာ
ဘယ်အရပ်ကိုပဲသွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊ ဒါပေမယ့်
အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း
အတိအကျရှိနေပြန်ရော၊ ဒီတော့ လမ်းမှန်ကိုသာ
တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ
မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက်
လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ
ရောက်ပါလိမ့်မည်... ဘုန်းဘုန်းဦးသာဓိန
(ခေတ္တ-ဘုံဘေတက္ကသိုလ်)
 အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်
မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်
ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း
နီးလာပြီလေ။
 အရှင်ရေ၀တ (ဖားအောက်တောရ)
အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက်
အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊
အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။
 အရှင်ဝိစိတ္တ
လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး
ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက
ဓမ္မ၀တ်ပါ။ လောက၀တ်ဆိုတာ လောကကြောင်းအရ
သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊
ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း
သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို
ဆိုပါတယ်။ ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ
သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊
ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ
ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို
မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ
ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ
ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင်
…လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့…
ဆိုတာပါပဲကွယ်…။
 အရှင်နာယကာ လင်္ကာရ
ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။
မသေခင်မှာ ကောင်းကောင်းနေကြ။
 အရှင်ဝိဇ္ဇောတ
နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ
ပါနေတယ်... 
 ''ကုသိုလ်ပြုနေလျက် အဆိုးလောကဓံနှင့် ဆုံသော်''
ကုသိုလ်ရဲ့ အကျိုးကလည်း ရုတ်တရက် ချက်ချင်းကြီး မပေးသေးဘူး။
ရင့်ကျက်မှ အကျိုးပေးတဲ့ ကံဆိုတာ ရှိတယ်။
တချို့ ကုသိုလ်ပေါ်မှာ မယုံမကြည်ဖြစ်လာတက်တာက
'ငါတို့ကုသိုလ်တွေ လုပ်နေလျက်နဲ့ ကောင်းကျိုးပေးတယ်ဆိုပြီး
ဘယ်မှာလဲ၊ မပေးပါလား။
တော်ပြီ၊ မလုပ်တော့ဘူး။ ပင်ပန်းရုံပဲရှိတယ်။
ဘာမှလည်း အကျိုးမပေးဘဲနဲ့ ဘာလုပ်ရမှာလဲ' လို့
မယုံမကြည်ဘဲ လက်လျှော့လိုက်တက်တယ်။
ကုသိုလ်မလုပ်ဘဲ နေရုံတင်မကဘဲ အကုသိုလ်ဘက် ပါသွားတယ်။
ဒီလိုဆိုရင်တော့ မိမိတို့ရှုံးပြီ။
ကံရဲ့ သဘာဝက အကျိုးပေးချိန်တန်မှ၊ အကြောင်းညီညွှတ်မှ
စုံမှ အကျိုးပေးတာ။
အဲဒါကို ကိုယ်က မသိတဲ့အခါကျတော့ ကုသိုလ်ပေါ်မှာလည်း
မယုံကြည်ဖြစ်ပြီး စွန့်ပယ်တက်တယ်။
အကုသိုလ်ပေါ်မှာလည်း ရဲရဲတင်းတင်း ပြုရဲသွားတက်တယ်။
အဲဒါဆို မှားပြီ။ အဲဒါ သဘောပေါက်ရဲ့လား ''
ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီး
*****************************************
ဖယ်ရှားအပ်သော အယူအစွဲများ
အချို့သောအရပ်၌ ဣသိ သရဏံ ဂစ္ဆာမိ ဟူ၍ ရသေ့ထံ၌ သရဏဂုံ
တည်ဆောက်ခြင်း ၊
အချို့သောအရပ်၌ သံဃာတော်များကို ဆွမ်းလောင်းမည့် ဆွမ်းအုပ်မှ
ဆွမ်းတစ်အုပ်ကိုယူ၍ သံဃာတော်များကို ဆွမ်းမလောင်းမီ သစ်ပင်ကို
ကပ်၍ နတ်တင်ခြင်း၊ ရသေ့လူသူတော်၊ ပျောက်စေဆရာ၊ နတ်ရေတွင်း
နတ်ရေကန်တို့ကိုယုံကြည်ခြင်း မဖြစ်တန်ရာ မဖြစ်ထိုက်ရာ။
တန်ခိုးဣဒ္ဓိပါဒ်များဖြစ်သည်ဟု ကြွားဝါသူကို ယုံကြည်ခြင်း၊
'ရွှေဖြစ်အောင်လုပ်တက်သည်၊ ငွေဖြစ်အောင်လုပ်တက်သည်' ဟု ကြွား
ဝါသူကို ယုံကြည်ခြင်း၊
အချို့အရပ်၌ အစိမ်းသေကို ဆွမ်းမသွတ်ကောင်းဟု အယူရှိ၍ ဆွမ်းမ
သွတ်ဘဲနေခြင်း၊ ပင်လယ်၌ ရေနစ်သေသောသူကို ဆွမ်းသွတ်သော
အခါ၌ ပင်လယ်ကမ်းခြေ၌ ငါးမျှားတံဖြင့်လိုက်မျှားပြီး ''မိပြီ'' ဟူ၍ ဆိုပြီး
မှ ဆွမ်းသွတ်ရခြင်း၊
ရွာပြင်၌ မြွေကိုက်ခြင်း၊ ကာလရောဂါဖြစ်ခြင်း စသော သေခြင်းဆိုးဖြင့်
သေသောသူကိုမြို့ရွာအတွင်းသို့ မသွင်းကောင်းဟု အယူရှိခြင်း၊
နောက်သေသော မသာက အရင်ချရမည်ဟု ယူခြင်း၊
လူသေသောအခါ တို့၌ (၂)ရက် (၄)ရက်စသော 'စုံရက်'၌ မချကောင်း
ဟူ၍ယူခြင်း၊ သေသူကို အိမ်မှထုတ်သည့်အခါ ဦးခေါင်းဖြင့် ထုတ်ရမည်၊
ခြေဖြင့်ထုတ်ရမည်ဟူ၍ ယူတက်ခြင်း၊ သင်္ချိုင်းသို့ရောက်သောအခါ
'လာဦးမလား' မေး၍ ခဲနှင့်ပေါက်တက်ခြင်း၊
သားသမီးသေသောအခါ သား၊ သမီး ကြိုက်နှစ်သက်သောအစာကို
သချို င်္င်းသို့သွား၍ ပို့တက်ခြင်း စသော မကောင်းသောနည်းစနစ်များ
ကို ဖယ်ရှားအပ်ကုန်၏ ။
(ကျေးဇူးတော်ရှင် စံကင်းဆရာတော်ကြီး)
*************************************************
လောဘကြီးတော့ သောကကြီးရတယ် ။
လိုချင်မှုဆိုတာ ရောဂါတစ်မျိုးပဲ ။
ဘယ်ဆေးနဲ့မှ ကုလို့မရဘူး ။
သေရင်သေပါမှ ။ ကိုယ်လိုချင်တာ ရတော့ ရပ်မနေဘူး ။
နောက်ထပ်တစ်ဆင့် လိုချင်လာပြန်တယ် ။
ရေငတ်တဲ့သူ ရေငန်သောက်မိသလို
ထပ်ကာ ထပ်ကာ သောက်ချင်နေတာပဲ ။
လိုချင်တာကို အကုန်မရတော့
ရေထဲက ငါးက ကုန်းပေါ်တင်ထားသလို ထွန့်ထွန့် ထွန့်ထွန့်ကို လူးလို့ ။
လူကြီးလာတော့လည်း လောဘကြီးလာတာပဲ ။
လျော့သွားတယ် လို့ မရှိလှဘူး ။
အမရပူရမြို့ မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
မှတ်မှတ်သားသားသြ၀ါဒများ-၆
" မချစ်သော်လည်း မမုန်းပါနဲ့ "
=====================
 ကိုယ့်ကို ပတ်ဝန်းက မချစ်ပေမယ့်
        မမုန်းကြမှ ကောင်းတယ် … ။
     ကောင်းကောင်းနေ သော်လည်း အသက်မတိုပါ
     ဖြစ်သလိုနေ သော်လည်း အသက်မပိုပါ
- လောကမှာ ဘယ်လောက်ဘဲ ကြီးကျယ်ခန်းနား
   နေပါစေ ။
    သေခါနီးကျမှ မျက် ရည်လည် ရလျှင် မ တော်ပေ
   ဘူး ။
( အရှင် ဇနကာဘိဝံသ ။ မဟာဂန္ဓာရုံ ဆရာ  တော်ကြီး ) ။
………………
သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-
၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသိုလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။
ငရဲရှိတယ်, တိစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်, လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်, သေရဦးမယ် သတိထား။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။
မီး ၁၁-ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။
မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။
မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။
လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။
မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပြ၍, သက်မျှမရှူ, တက်အောင်ပူသည်,---ဆူဆူဆယ့်တစ် မီးတောက်တည်း။
အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။
ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်။
တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
ခဏမစဲ အိုစမြဲ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
ဒါန သီလာ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ)
ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
          အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ၀မ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။
မဟာဂန္ဓာရုံ ဆရာတော်
အရှေ့ဖက်သို့  ကိုင်းညွတ်လျက်ရှိသော  သစ်ပင်သည်  လဲသည့်အခါ  အရှေ့ဖက်သို့သာ  လဲဖွယ်ရာ  ရှိသကဲ့သို့  နိဗ္ဗာန်သို့  ကိုင်းညွတ်နေသော  စိတ်အစဉ်သည်  ကုသိုလ်ကောင်းမှု  ပြု သမျှ၌  နိဗ္ဗာန်ဖက်သို့သာ  ညွတ်လျက်ရှိနေသည်ဖြစ်၍  ထိုသူတော်စင်သည်  အဘယ်မှာ  အပါယ်လေးပါးသို့  သွားဖွယ်ရာ  ရှိပါတော့အံ့နည်း ။
အကောင်းဆုံး   လူ
သတ္တဝါ   တစ်ယောက်မှာ  -
၁။   ကိုယ်ကျိုးသက်သက်သာ ကြည့်သူ။
၂။  သူတစ်ပါးအကျိုး သက်သက်သာ ကြည့်သူ။
၃။  သူကျိုး ကိုယ်ကျိုး မကြည့်သူ။
၎။   သူကျိုး ကိုယ်ကျိုး နှစ်ပါးစုံ ကြည့်သူ
      လို့  ရှိတဲ့ အနက်က နှစ်ပါးစုံ ကြည့်သူဟာ အကောင်းဆုံးပါ ပဲ။ ။
(မဟာဂန္ဓာရုံ  ဆရာတော်ဘုရားကြီး)
ဆွမ်းခံခြင်းမှတပါး အခြားအခါမျိုး၌၀ယ် ရဟန်းတော်များ၏ လူဝတ်ကြောင် အိမ်သို့သွားရာ၌ စည်းကမ်းသတ်မှတ်ချက် ရှိ၏။
(၁) မြတ်မြတ်နိုးနိုး ၀မ်းပန်းတသာ ခရီးဦးကြိုဆိုခြင်း။
(၂) ရိုရိုသေသေ ရှိခိုးခြင်း။
(၃) ကောင်းမွန်စွာ နေရာပေးခြင်း။
(၄) အိမ်မှာရှိသော လှူဖွယ်ကို ၀ှက်၍ မထားခြင်း။
(၅) များများရှိလျှင် များများလှူလိုခြင်း။
(၆) အကောင်းရှိလျှင် အကောင်းကိုလှူလိုခြင်း။
(၇) ရိုရိုသေသေ လေးလေးစားစား လှူခြင်း၊
ဤအင်္ဂါ ၇-ပါးရှိသောအိမ်သို့သာ သွားထိုက်၏။ ထိုသို့မဟုတ်သောအိမ်သို့ မသွားထိုက်။ ဤသို့ စည်းကမ်းရှိပါသည်။
(သတ္တကအင်္ဂုတ္တိုရ် အနုသယ၀ဂ် ပါဠိတော်)
မဟာဂန္ဓာရုံ ဆရာတော်
သာသနာတော်ဟာ အမြဲတမ်း တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူး။ နော်ကဆုံးကာလ ကွယ်ပျောက်မှာ မလွဘြူး။ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တဖက်တလမ်းကနေ စောင့်ထိန်းရမယ်။ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်။ မတည်မြဲဘူး။ တကယ့်ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဟောကြားဆုံးမတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။ အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး။ နီးဖို့ရန်သာ အကြောင်းရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာ တရားတော်ကို အထင်သေးရာရောက်နေပါတယ်။ ဒါကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)
အောင်မြင်မှုဆိုတာ မဝေးပါ
********************************
အလုပ်ကိစ္စတစ်ခုကို အချိန်ပြည့် လုပ်နေသူအဖို့
ကြောင့်ကြပူပန်မှုဆိုတာ မရှိပါ။
ပေးလာတဲ့ အခွင့်အရေး၊ ရလာတဲ့အခွင့်အရေး၊ ရလာတဲ့ အချိန်ကို တန်ဘိုးထား၍
ကြိုးစားလုပ်ဆောင်နေသူအတွက် အောင်မြင်မှုဆိုတာ မဝေးပါ။
( မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး)
ကျောက်ဆစ်ဆရာ အဖြတ်မခံရတဲ့ ကျောက်တုံးဟာ အရုပ်အဖြစ်သို့ မရောက်နိုင်သလို                          ဆရာကောင်းအဆုံးအမ မခံရတဲ့တပည့်တွေဟာ သူတော်ကောင်းမဖြစ်နိုင်ဘူ။
   {{တန်ဖိုးအရှိဆုံး}}
သာသနာပြုလုပ်ငန်းဆိုတာ   ယခုဘဝပင်ပန်းပေမယ့်  သံသရာမှာ  တန်ဖိုးအရှိဆုံးပဲ။
ပရဟိတစိတ် အများအကျိုးပြုတဲ့စိတ် မဟုတ်လား။သာသနာထဲ  ဝင်လာသူတိုင်း  ပရဟိတစိတ်  ထားကြမယ်ဆိုရင်  နိုင်ငံနဲ့  သာသနာဟာ  ကမ္ဘာမှာ  ဟည်းသွားနိုင်တယ်။
မှတ်မှတ်သားသားသြ၀ါဒများ-၅
၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊ ၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊ ၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊ ၄။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။ ၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။ ၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။ ၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။ ၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။ ၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။ ၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။ ၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။ ၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊ ၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊ ၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊ ၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊ ၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊ ၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊ ၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊ ၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊ ၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ------------------------------------------------------------------------------------------------------------------------------------------------------ ၁။ ယစ်မသည် ဥအတွက်အသေခံသည်။ ၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။ ၃။ ရဟန်းသည် သီလအတွက် အသေခံသည်။ ၄။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။ ၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။ ၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။ ၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။ ၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။ ၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။ ၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။ ၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။ ၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။ ၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။ ၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။ ၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။ ၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။ ၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။ ၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။ ၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။ ၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။ ၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။ ၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။ ၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။ ၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။ ၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။ ၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။ ၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။ ၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။ ၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။ ၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။ ၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။ ၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။ ၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။ ၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။ ၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။ ၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။ ၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။ ၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။ ၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။ ၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။ ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။ ၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။ ၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။ ၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။ ၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။ ၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။ ၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။ ၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။ ၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။ ၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။ ၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။ ၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။ ၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။ ၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။ ၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။ ၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။ ၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။ ၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။ ၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။ ၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။ ၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။ ၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။ ၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။ ၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။ ၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။ ၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။ ၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။ ၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။ ၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။ ၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။ ၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။ ၇၀။ မသူတော်လက်နက်ကား ဒေါသ။ ၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း) ၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။ ၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။ ၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။ ၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။ ၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။ ၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။ ၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။ ၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။ ၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။ ၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။ ၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။ ၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။ ၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။ ၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။ ၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။ ၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။ ၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။ ၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။ ၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။ ၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။ ၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။ ၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။ ၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။ ၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။ ၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။ ၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။ ၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။ ၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။ ၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း ၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။ ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒ
မှတ်မှတ်သားသားသြ၀ါဒများ-၎
၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။
၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။
၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊
၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။
 ၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်၊
၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်၇တယ်။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဥာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။
၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး၊
 ၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။
၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။
၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကိုတတ်နိုင်သမျှ လျော့ချ ထားရတယ်။
၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး - ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်းလွတ်မြောက်ဖို့ ဝေး။ (က) သံသရာ ခရီးက အလွန် ရှည်၏။ (ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊ (ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။ (ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။ (င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။
၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။
၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊ ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီလို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊ ခဏမစဲ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ၊ မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊ အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။
၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊ သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊ သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။
၁၅။ မင်းစည်းစိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။
၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊ ၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊ ၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊ ၄။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။ ၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။ ၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။ ၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။ ၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။ ၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။ ၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။ ၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။ ၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊ ၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊ ၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊ ၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊ ၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊ ၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊ ၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊ ၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊ ၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။
Copy the BEST Traders and Make Money : http://bit.ly/fxzulu
 တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြ၀ါဒများ
မှတ်မှတ်သားသား သြ၀ါဒများ-၃
သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်။ ကြမ်းတမ်းသော စကားကို မဆိုနှင့်။ မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်။ အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။ ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
-----------------------------------------------------
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ -အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(တိပိဋကမင်းကွန်းဆရာတော်)
----------------------------------------------------- -
သတိပျောက်တော့ ရူးတူးတူး -သဒ္ဓါပျောက်တော့ ခြောက်ကပ်ကပ် -၀ိရိယပျောက်တော့ ငတ်တတ်တတ် -ပညာပျောက်တော့ အ,တတ။
(တိပိဋကယောဆရာတော်)
------------------------------------------------------ ကုသိုလ်၊ ပညာ၊ ကျန်းခန့်သာ၍၊ ဥစ္စာ၊ တန်ခိုး တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက်၊ သက်သက်ဝမ်းနည်းဖွယ်။
(မဟာဂန္ဓာရုံဆရာတော်) -
-----------------------------------------------------
ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု ၍ > ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ > ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ > ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ (ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)
------------------------------------------------------
ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို၊ ပြန်ပြောင်းစဉ်းစား၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို၊ ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန်၊ ပစ္စုပ္ပန်ကို ဝေဖန်ဉာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ၊ နေစမ်းပါလော့။ သို့ပါလေမှ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။ (ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ)
----------------------------------------------------
လူ့ဘ၀၏ အဓိပ္ပါယ်ဟူသည် ကောင်းကောင်းစား၍ ကောင်းကောင်းဝတ်ခြင်းမဟုတ်။ ငြိမ်းချမ်းစွာနေခြင်းသာဖြစ်၏။ သူတော်စင်တို့သည် ဘ၀အဓိပ္ပါယ်ကို ငြိမ်းချမ်းစွာနေခြင်းဖြင့် သက်သေပြခဲ့ကြ၏။ (ဆရာကြီးဦးရွှေအောင်)
------------------------------------------------------
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။ လေးစားထိုက်သူဖြစ်အောင်စင်ကြယ်ရမည်။ (ဓမ္မဘေရီ အရှင်ဝီရိယ)
------------------------------------------------------
သူတစ်ဖက်သား မျက်မာန်ပွားသော် တရားမကွာ ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာ ရှိချိမ့်နည်း။ (မင်းကွန်းဆရာတော်ကြီး) -
-----------------------------------------------------
အတိတ်ကိုတွေး မဆွေးလေနဲ့ အတိတ်ဆိုတာ ပြန်မလာဘူး။ အနာဂါတ်မှန်းဆ မလွမ်းတနဲ့ အနာဂါတ်ဆိုတာ မသေချာဘူး။ ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ် ပညာလုံ့လ အသုံးချလျှက် ဘ၀တန်ဖိုး အားမာန်ကိုး၍ မြတ်နိုးကြည်ဖြူ အရယူလော့။
(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) -
------------------------------------------------------
ယခုခါမူ... လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှ... တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။ (စလေ ဦးပုည)
--------------------------------------------------------
သင်သေသွားသော်
ဪ လူ့ပြည်လောက လူ့ဘဝကား အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။ သင်၏ မျိုးသား စာစကားလည်း ကြီးပွါးတက်မြင့် ကျန်ကောင်းသင့်၏ ။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေတည်း ။ ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
---------------------------------------------------------
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။ (မနာပဒါယီ အရှင်ဝိစိတ္တ)
----------------------------------------------------------
ညည်းညူမရှိ၊ မြဲဂတိနှင့်၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊ သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊ ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။ (တော်ကူးဆရာတော်ဘုရား)
----------------------------------------------------------
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)
----------------------------------------------------------
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)
----------------------------------------------------------
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း ရှည်လျားကာလ၊ မတည်ကြဘဲ ခဏဖြစ်လျက်၊ ခဏပျက်၍ နှိပ်စက်ခြင်းရာ၊ လိုမပါဘူး သဘာဝအား၊ ဤသုံးပါးကြောင့် ဖြစ်ပွားသမျှ၊ အနိစ္စသည် ဒုက္ခ အနတ္တပါတကား။ (မင်းကွန်းဆရာတော်ဘုရား) -
----------------------------------------------------------
အကုသိုလ် အကျိုးပေးတယ်ဆိုတာ တခြားမဟုတ်ဘူး၊ မဟုတ်တာကိုမှ ကြိုက်လာတာ၊ မကောင်းတာကိုမှ လုပ်ချင်လာတာ.. (တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား)
-----------------------------------------------------------
ဒိဋ္ဌိမဖြုတ် ဒါနလုပ် ဒုက္ခတွေ့လိမ့်မည်။ ဒိဋ္ဌိမဖြုတ် သီလလုပ် ဒုက္ခတွေ့လိမ့်မည်။ ဒိဋ္ဌိမဖြုတ် ဘာဝနာလုပ် ဒုက္ခတွေ့လိမ့်မည်။ ဒိဋ္ဌိမဖြုတ် ၀ိပဿနာလုပ် ဒုက္ခတွေ့လိမ့်မည်။ (တောင်လေးလုံး ဆရာတော် ဘုရားကြီး)
-----------------------------------------------------------
ဒိဋ္ဌိသက္ကာ၊ မကွာသမျှ၊ လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။
(မဃဒေ၀လင်္ကာ) -
----------------------------------------------------------
ဧည့်သည် လာတုန်းကလည်း တစ်ယောက်တည်းနော်၊ လက်တွဲခေါ်ကာ အဖော်မပါဘူး၊ ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။ ပြန်သွားတော့လည်း ၊ တယောက်တည်းနော် လက်တွဲခေါ်ကာ ၊ အဖော်မပါဘူး ဥစ္စာချည်းနှီး ၊ တကိုယ်တည်း လာပြီးတော့နား ၊ မသွားသေးခင် အချိန်ကလေးတွင်မှ …. ဝန်းကျင်ယှက်နွယ် ၊ နှောင်ကြိုးသွယ်ကြ ပြုံးရယ်မဲ့ငို ၊ ချစ်မုန်းပိုကြ မလိုဒေါသ ၊ လိုလောဘနဲ့  ဘဝရိပ်မြုံ ၊ ကကြိုးစုံခဲ့ ကံကုန်မိုးချုပ် ၊ လက်တွဲဖြုတ်ခါ သုတ်သုတ်စောလျှင် ၊ ခရီးနှင်သည် တို့ များဧည့်သည်ပါတကား
………… -----------------------------------------------------------
မသွားချင်ပဲ သွားနေရတာ သုဿန်(သင်္ချိုင်း) ရောက်ချင်ပါလျှက် မရောက်သေးတာ နိဗ္ဗာန် -
----------------------------------------------------------
မင်္ဂလာပါ ဆိုတာ နှုတ်ဆက်တာ... မကောင်းတာတွေကို နှုတ်ပြီး ကောင်းတာတွေကို ဆက်ရမှာတဲ့
-----------------------------------------------------------
အလိုတွေ ရှိနေသမျှ အလိုက ပြည့်လိမ့်မည်မဟုတ်။ အလိုမရှိတော့မှသာ အလိုက ပြည့်လိမ့်မည်။ အလိုတွေ ရှိနေသမျှ အလိုက ကျလိမ့်မည်မဟုတ်။ အလိုမရှိတော့မှသာ အလိုကကျလိမ့်မည်။ စိတ်ရှိနေသမျှ စိတ်တိုင်းကျလိမ့်မည်မဟုတ် စိတ်မရှိတော့မှသာ စိတ်တိုင်းကျလိမ့်မည်။ သတိတစ်လုံး အရှိ(လက်ကိုင်)သုံး .....
အဆုံး နိဗ္ဗာန်ပြည်....
-----------------------------------------------------------
လိုချင်လျှင် ဆင်းရဲသည် မလိုချင်လျှင် ချမ်းသာသည် အလိုမြဲတော့ အမြဲလို ..အလိုကင်း(အလိုမမြဲ)တော့ အမြဲပို ပိုင်တယ်ထင်လို့ တောင့်တတာ ဆိုင်တယ်ထင်လို့ ကြောင့်ကြတာ မပိုင်ဘူးထင်ရင် မတောင့်တတော့ဘူး မဆိုင်ဘူးထင်ရင် မကြောင့်ကြတော့ဘူး ကိုယ်ကြည်နူးသလောက် ကိုယ်ပြန်ခံစားရမှာ တစ်ဘက်မှာ သောင်ထွန်းသလောက် အခြားတစ်ဘက်မှာတော့ ကမ်းပြိုနေရတယ် သစ္စာသိမှ
.............................
နိဗ္ဗာန်ရှိ
-----------------------------------------------------------
ကိုယ့်စိတ် ကိုယ့်အပြောနဲ့ ကိုယ့် အပြုအမူတွေကို အပြစ်ကင်း မကင်း သန့်စင်မြင့်မြတ်မှု ရှိ မရှိ အမြဲမပြတ်စစ်ဆေးခြင်းဟာ လောကရေးရာမှာရော ဓမ္မရေးရာမှာပါ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရားပါပဲ...
(ဆရာတော် အရှင်ဆန္ဒာဓိက)
-----------------------------------------------------------
နှလုံးသားဝယ် မွှေးကာထုံသင်း ကိုယ်ကျင့်တရား ထိုစွမ်းအားကြောင့် ဒုက္ခအမှန် လောကဓံကို မကြောက်မရွံ့စိန်ခေါ်ဝံသည်။ -
---------------------------------------------------------
- အများအကျိုး ၊ ရွက်သယ်ပိုးက ၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း ၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့
-----------------------------------------------------------
Not to do ... from any evils Not to speak ... from any evils Not to think ... from any evils မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့ မကောင်းတာမှန်သမျှ ဘာမှမပြောနဲ့ မကောင်းတာမှန်သမျှ ဘာမှမတွေးနဲ့ မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင် စိတ်ကို ထားပါတဲ့
ဲ့ -----------------------------------------------------------
အမှားဆိုတာ မှားတာကို လုပ်မိမှ အမှားလုပ်တာမဟုတ်ဘူး အမှန်တရားလမ်းကြောင်းပေါ်က သွေဖယ်သွားရင် အမှားလုပ်မိတာပါပဲ တရားမလုပ်သေးသမျှ မတရားလုပ်နေတာပါပဲ။ တရားနဲ့မနေနိုင်သေးသမျှ မတရားနဲ့နေ နေတာပါပဲ။ မြတ်စွာဘုရားက ကုသိုလ်စိတ်နဲ့မနေရင် အကုသိုလ်စိတ်နဲ့နေ နေတာပါပဲလို့ ဆုံးမခဲ့ပါတယ်။ စိတ်ဆိုတာ တစ်ချိန်တည်းမှာ နှစ်စိတ်မဖြစ်ကောင်းလို့ပါပဲ။
-----------------------------------------------------------
ငှက်တွေက ပျံရင်း သေကြရတယ် လူတွေက ကြံရင်း / တွေးရင်း သေကြရတယ် အချိန်တိုင်း တွေးရင်း ဘ၀ ပြောင်းနေကြရတယ်တဲ့ လောကုတ္တရာ ရှုထောင့်ကကြည့်ရင် အတွေးဟာ အင်မတန်မှ ကြောက်ဖို့ကောင်းပါတယ် တရစပ် ဖောက်ပြန်ပျက်စီးနေတဲ့ အတွေးတွေပဲ တကယ်ရှိနေတာပါတဲ့
-----------------------------------------------------------
မရှိဆင်းရဲက တောင့်တတာပဲရှိတယ် ရှိဆင်းရဲကတော့ တောင့်တတယ်၊ကြောင့်ကြတယ် အဲ့တော့ မရှိဆင်းရဲထက် ရှိဆင်းရဲက ပိုဆင်းရဲပါတယ်။ ရလေ လိုလေ အိုတစ္ဆေ
-----------------------------------------------------------
ရာဂ ၊ ဒေါသ မောဟ တစ်ဖြာ ဖြစ်အို ၊ သေရေး ပူဆွေးငိုကာ ကိုယ်စိတ် ဒုက္ခ ပူရပြင်းစွာ ဆယ့်တစ်သီး ဤမီးလောင်တော့တာ။ မီးတွေငြိမ်းကြောင်း နည်းကောင်းအမှန် ဟောဒီမှာကြည့် သတိပဋ္ဌာန် ၀န်ခံချက်နှင့် မိန့်မြွက်လေပြန် ကျင့်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။
-----------------------------------------------------------
ဆွမ်း၊ဆီမီး၊ရေချမ်း၊ ပန်းလောက်ပဲ ကပ်လှူပြီး တောင်းလိုက်တဲ့ဆုက နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရားတဲ့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်လာတဲ့ မြတ်စွာဘုရားကိုမှ အားမနာ ဘုရားအကြိုက် ၀ိပဿနာနဲ့ပဲ ပူဇော်လိုက်ပါ ဘုရား သာဓုခေါ်ပါတယ် တရားကိုမြင်မှ ငါဘုရားကို မြင်မယ်လို့ ဟောခဲ့ပါတယ်
-----------------------------------------------------------
နှမ်း၊မြေပဲ ကို ဆုံထဲထည့်လိုက်ရင် ဆီအဖြစ်ပြန်ထွက်လာတယ် မွှေးကြိုင်လတ်ဆတ်တဲ့အစားအသောက်တွေ ခန္ဓာထဲထည့်လိုက်တော့ ဒွါရကိုးပေါက်က အညစ်အကြေးတွေပဲ ပြန်ထွက်လာတယ် ဩော်..ခန္ဓာ ..ချီးအိုးကြီးပါလား ယုတ်မာ ရိုင်းစိုင်း နှိပ်စက်လိုပါဘိ ခန္ဓာရယ်..
-----------------------------------------------------------
ရခဲမှ ရတနာ သိခဲမှ ပညာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး ဆိုတာ အင်မတန်မှ ရခဲပါတယ် ၀ိပဿနာ ပညာဟာ သာသနာနဲ့ကြုံတုန်းပဲ သိရတာပါ။ ----------------------------------------------------------- နေရမှာ မသေချာပေမယ့် သေရမှာတော့ သေချာပါတယ်။
-----------------------------------------------------------
ကိစ္စနည်းအောင်နေပါ ပြော၊ပြု၊ ကြံစည်/တွေးတောနေရသမျှ ဒုက္ခချည်းပဲမှတ်ပါ။ ပြောလို့မဆုံး၊ပြုလုပ်လို့မဆုံး ၊ကြံစည်/တွေးတောလို့မဆုံးနိုင်ပါဘူး။ ဘာရေးညာရေးကြီးမနေပါနဲ့တော့ သံသရာတစ်လျှောက်လုံး စား၊၀တ်၊နေရေးတွေပဲ ကြီးလာခဲ့ရတာ တကယ်အရေးကြီးရမဲ့အရာကို အရေးကြီးတတ်ပါစေတော့ -
---------------------------------------------------------- မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ၊ ပြုပြောတွေးလျှင်သတိယှဉ် ၊ ဆင်ခြင်ဉာဏ်ရှေ့သွား ၊ စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန် ၊ သည်းခံမေတ္တာထား၊ လုံ့လနှင့်ဇွဲ မလျော့ဘဲ အမြဲတင်းတင်းထား၊ အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား ။ (ချမ်းမြေ့ဆရာတော်)
----------------------------------------------------------- သစ်ပင်ကြီးတို့ မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။ နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။ သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင်ရွက်ကြကုန်၏။ (ရှေးဆရာတော်)
-----------------------------------------------------------
နှလုံးသားဝယ် ဘုရားတည်… ရေ၊မြေ၊တော၊တောင် လျှိုမြောင်အကြား ပြုတည်ထားသည် ရုပ်ပွါးတစ်လီ စေတီပုထိုး အမျိုးမျိုးကား ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်ခဏ ပျက်စီးရ၏... နှလုံးသားအတွင်း ဌာပနာသွင်း၍ မယွင်းတည်ထား မြတ်ဘုရားကား မယွင်းတည်ထား မြတ်တရားကား မယွင်းတည်ထား မြတ်သံဃာကား ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်မရှိ တည်တံ့ဘိ၏။
(ယော ဆရာတော်) -
---------------------------------------------------------- မေတ္တာ မွန်မြတ်သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရား လေးပါးတွင် မေတ္တာသည် အခြေခံအကျဆုံး ဖြစ်သည်။ မေတ္တာသည် ပျော့ပျောင်းသည်၊ သိမ်မွေ့သည်၊ နူးညံ့သည်၊ စူးရှသည်၊ နက်ရှိုင်းသည်၊ စွမ်းအားကြီးမားသည်၊ စာနာမှု၊ ထောက်ထားမှု အပြည့်ရှိသည်။ မေတ္တာသည် အသွားအပြန်ရှိသည်။ ထို့ကြောင့်လည်း မေတ္တာခြုံ၍ လုံခြုံသည်ဟု ဆိုကြသည်။ တစ်ဦးအပေါ်တစ်ဦး မေတ္တာဆောင်၍ အောင်ကြပါစေဟု ဆန္ဒပြုလျက်...
-----------------------------------------------------------
မှတ်မှတ်သားသား သြ၀ါဒများ-၂
ဘုန်းကြီးက ကိုယ်ကျိုးလေး ကြည့်တဲ့သူကို မကြည်ညိုဘူး၊ ပရဟိတ အများအကျိုးကို ဆောင်ရွက်မှ ကြည်ညိုတယ်၊ သံဃာတွေ နားလည်ထားကြပါ။ အခုရင်းနှီးတယ်၊ နောင်ဘဝတွေ ထပ်တွေ့ရလိမ့်ဦးမယ်။ အညံ့စား မဖြစ်စေနဲ့၊ ဒီဘဝ ပရဟိတဆောင်လို့ သီလလုံလို့ ဒါမှကောင်းမယ်
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)
တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပါလား၊
ဥပမာ-သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်၊ သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။ ဒီဥပမာအတိုင်းပဲ။ တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။
(မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ)
ဒါကြောင့် လူ့ဘဝ၊ နတ်ဘဝ ရရှိရေးအတွက်လည်း ကိုယ်ကျင့်တရားတွေ၊ သီလတွေ ဖြူစင်ဖို့ မလိုဘူးလား၊ လိုအပ်တယ်၊ နိဗ္ဗာန်ကို ရရှိရေးအတွက်ရော ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား၊ ပိုပြီးလိုအပ်ပါတယ်။
(ဖားအောက်တောရ ဆရာတော်)
*သာသနာပြုလုပ်ငန်းဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတခုပါ။
* သာသနာပြုချင်ရင် ဝိနည်းနားလည်အောင် လုပ်ရမယ်။
* သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ မိမိက သာသနာ့ဝန်ကို ထမ်းဆောင်ရမယ်၊ သာသနာတော်က မိမိရဲ့တာဝန်ကို မထမ်းဆောင်စေရဘူး။
* သည်းခံမှ ကိုယ့်ဂုဏ်သိက္ခာ တက်တယ်။
* ဂုဏ်နောက်ကို လူမလိုက်ရဘူး၊ ဂုဏ်ကသာ လူ့နောက်ကို လိုက်ပါစေရမယ်။
* ရဟန်းတွေဆိုတာ အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်စေရမယ်၊ လူများနဲ့ ရောရော နှောနှောလည်း မနေရဘူး၊ ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။
(ရွှေကျင် သာသနာပိုင် မြောင်းမြဆရာတော်ကြီး)
၁။ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏၊ သစ်ရွက်စိုကို မတတ်နိုင်။
၂။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏၊ မေတ္တာဖျန်းသူကို မတတ်နိုင်။
၃။ မသူတော်ကိုမှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
၎။ ဒါနပြုသူနှင့် ညှဉ်းဆဲသော မသူတော်ကို အတူမေတ္တာပို့ရသည်။
၅။ သမုဒ္ဒရာရေ မီးကြောင့်မကျွမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊
ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
(ပထမရွှေကျင်ဆရာတော်ကြီး)
အကြင်အိမ်မှာ မိန်းမများတယ်၊ ယောက်ျားနည်းတယ်ဆိုရင် အဲဒီအိမ်ကို သူခိုးတွေ၊ ဓားပြတွေက နှိပ်စက်နိုင်သလို
အကြင်ပုဂ္ဂိုလ်တွေမှာ မေတ္တာမများဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေကို နတ်ဘီလူးတွေက နှိပ်စက်နိုင်တယ်။
အကြင်အိမ်မှာ ယောက်ျားများတယ်၊ မိန်းမနည်းတယ်ဆိုရင် သူခိုး၊ ဓားပြတွေက ရုတ်တရက် မတိုက်နိုင်၊ မခိုက်နိုင်ဘူး။
ထို့အတူပဲ မေတ္တာပွားများတဲ့ အိမ်ဆိုရင် နတ်ဘီလူးတွေက မနှိပ်စက်နိုင်ဘူး။ နတ်ဘီလူးတွေက မနှိပ်စက်နိုင်ဘူးဆိုရင်  နတ်ဘီလူးတွေလို တန်ခိုးကြီးတဲ့လူသားတွေ ဒီပြင်ပုဂ္ဂိုလ်တွေက ဘယ်သွားနှိပ်စက်နိုင်မတုန်း၊ ဒါကြောင့် မေတ္တာခြုံရင် လုံတယ်တဲ့။ ဘယ်အန္တရာယ်မှ မရောက်ဘူး၊ ဘယ်ဘေးမှ မရောက်ဘူး။
(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)
ပြဿနာတစုံတခု ရင်ဆိုင်ဖို့ ကြုံတွေ့လာလျှင် စိတ်လှုပ်ရှားလွန်းပြီး ဗျာမများစေရ၊ စိတ်အာရုံတွေးဆချက် ခေါင်ပြီး အကျိုးမပြီးရာဘက် ချော်မသွားစေရ၊ အမြင်မှန်ရောက်အောင် ကြည့်တတ်ရမည်။ စကားနှုတ်ထွက် မကောင်းသူ၊ စိတ်ပျက်ဖွယ်ရာပြောတတ်သူ၊ အရေးထဲတွင် ပြောင်လှောင်နေတတ်သူ၊ မင်္ဂလာမရှိသော နိမိတ်မကောင်း ပြောတတ်သူများကို ရှောင်ရှားရမည်၊ ရှောင်၍ နေတတ်ရမည်။
(တောင်တန်းသာသနာပြု ဦးဥတ္တမသာရ)
*ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
* ပြောဆဲမှာလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
* ပြောပြီးပြန်လည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
(ချမ်းမြေ့ရိပ်သာ ဆရာတော်)
လူဆိုတာ အလုပ် လုပ်ရတယ်၊ လူတိုင်း လူတိုင်းဟာ အလုပ်လုပ်တာချည်းပါပဲ။ တို့ဒီဘုံလောကကြီးက အလုပ်လုပ်ရတဲ့ ဘုံကြီးပဲ၊ အလုပ်မလုပ်တဲ့သူဟာ အောက်ကျနောက်ကျ ဖြစ်သွားတယ်။ မိခင်ဝမ်းကကျွတ်လာတဲ့ မွေးကင်းစ ကလေးသူငယ်ဟာ သူ ဝမ်းဝဖို့အတွက် မိခင်နို့ စို့ရတယ်။ ဒါလည်း အလုပ်ပဲပေါ့။ စို့ယူရတဲ့ အလုပ်ပေါ့။ အူဝဲ–အူဝဲ ငိုနေရုံနဲ့ မပြီးသေးဘူး။ စို့ယူရတဲ့အလုပ်ကို လုပ်မှ ဝမ်းဝပြီး အဆာပြေမယ်။ ဒါကြောင့် ကြီးပွားလိုသူတိုင်း နေ့စဉ် အလုပ်လုပ်ကြပါ။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)
စိတ်အလိုမကျသူအပေါ်၌ အပြစ်များစွာဖို့ပြီး မုန်းစိတ်တွေ မွေးမြူနေမိလျှင် မိမိသာလျှင် ဦးစွာအမှားပြုသူ ဖြစ်၏။ အခြားသူများ၏ရှေ့တွင် မလိုသူ၏အပြစ်ကို ထပ်ပြန်တလဲလဲ မပြောအပ်ပါ။
(တောင်တန်းသာသနာပြု ဦးဥတ္တမသာရ)
ရဟန်းဆိုတာ ဒကာ ဒကာမတွေကို ဆေးပေးရမှာ မဟုတ်ဘူး၊ ယတြာချေမပေးရဘူး၊ ဗေဒင်ဟောပေးရမှာ မဟုတ်ဘူး၊ သူတို့ကို အသိဉာဏ်ပွားအောင် မေတ္တာဓာတ်လွှမ်းခြုံပြီး တရားဟောပေးရမှာ၊ မေတ္တာပို့ပေးရမှာ။
ရဟန်းရဲ့ အရှိန်အစော်ဟာ သီလပဲ၊ သီလမရှိတဲ့ရဟန်း အရှိန်အစော် မရှိဘူး။ သမာဓိ-ပညာ ဆပ်ပြာတိုက်မှ ကိလေသာ အညစ်အကြေး ကင်းဝေးပြီး သီလစင်ကြယ်မယ်။ ရဟန်းဘဝဆိုတာ တယောက်တည်း ချမ်းသာအောင် နေရတယ်။ တယောက်တည်း နေရတဲ့အထဲမှာ ရဟန်းဘဝဟာ အချမ်းသာဆုံးပဲ။
(တိပိဋကဓရ ယော-ဆရာတော် ဦးသိရိန္ဒာဘိဝံသ)
လိမ်လည်မှု၊ အဆန်း၊ အပွေ၊ အရှုပ်တို့ဖြင့် ပစ္စည်းဥစ္စာဘောဂ ကြွယ်ဝအောင်ပြုလုပ်၍ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းတို့ကို ပြုလုပ်ကာ အသက်တရာရှည်အောင် နေသည်ထက် တရားနှင့်အညီ အသက်မွေးမှုကိုပြု၍ တမနက်သာ အသက်ရှင်သူက လူကြည်ညို၊ နတ်ကြည်ညို၊ ထိုသူသာ ပိုအမြတ်ဆုံး ဖြစ်၏။
(လယ်ီဆရာတော်ကြီး)
အေး–ချမ်းသာချင်ရင် မိမိကိုလည်း မချစ်နဲ့၊ သူတပါးကိုလည်း မချစ်နဲ့၊ ချစ်လျှင် ဒုက္ခရောက်တတ်တယ်။ ချစ်ခြင်းသမုဒယဟာ ဒုက္ခကိုသာ အကျိုးပေးတယ်။
အဲ–ချစ်တယ်ဆိုတာ မသိလို့ချစ်တာ၊ သိလျှင် မချစ်ဘူး၊ အဲဒါကြောင့် မသိလို့ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံရ၊ ခံကြပေတော့။
(စွန်းလွန်းဆရာတော်ကြီး၊ မြင်းခြံ)
ဝတ်ချတာတွေ့လို့ ဘာလုပ်တာလဲမေးရင် ပြန်ပြောတတ်ရမယ်၊
တို့က သစ်သားဆင်းတုကြီးကို ရှိခိုးနေတာ မဟုတ်ဘူး၊ သစ်သားဆင်းတုကြီးကို ကိုယ်စားပြုထားတဲ့ မြတ်စွာဘုရားကို ရှိခိုးတာ၊ အဲဒါ ပြောပြတတ်ရမယ်၊
သစ်သားဆင်းတုကို ရှိခိုးတာ ဒါ အရုပ်ပဲ—ဘာထူးလဲ၊
အမှန်အတိုင်းပြောရင် ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဘုရားကိုကြည်ညိုနေလို့သာ အမြတ်တနိုး ကိုးကွယ်နေတာ။ အပြင်လူတယောက်အနေနဲ့ ပြောမယ်ဆိုရင် ဘာထူးခြားလဲ။ တခြားအရုပ်တခုနဲ့ သစ်သားထုထားတာ  ဟုတ်တယ်မဟုတ်လား၊ ဒါ့ကြောင့် တို့က သစ်သားရုပ်တင် ရပ်နေတာ မဟုတ်ဘူး၊ သစ်သားဆင်းတုတော် ကိုယ်စားပြုထားတဲ့ မြတ်စွာဘုရားဆီကို စိတ်ကရောက်ပြီးတော့ အဲဒီမြတ်စွာဘုရားကို စိတ်ကရောက်ပြီးတော့ အဲဒီမြတ်စွာဘုရားကို ရှိခိုးတာ အရိုအသေပေးတာပဲ။
(အရှင်သီလာနန္ဒာဘိဝံသ၊ ဓမ္မာနန္ဒကျောင်း၊ ဟတ်မွန်းဘေးမြို့ အမေရိကန်)
ဒကာ ဒကာမတွေကလည်း မိမိတို့ ကိုးကွယ်နေတဲ့ ရဟန်းကို ကုသိုလ်မျိုးစေ့ စိုက်ပျိုးရာ လယ်မြေသဖွယ် နှလုံးသွင်းပြီး လှူဒါန်းဖို့၊ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါတယ်၊ စိုက်ပျိုးရာမှာ မြေသြဇာ ကောင်းတဲ့လယ်မြေက အရေးကြီးပါတယ်၊ အဲဒီလိုပဲ အလှူခံရဟန်းမှာလည်း သီလစသော မြေသြဇာကောင်းများနဲ့ ပြည့်စုံဖို့လိုပါတယ်။
(မဟာစည်ဆရာတော်)
သုစရိုက်တရား ကျင့်သူတို့အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း—အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာ၊ အခါမရှိ၊ သူတော်ကောင်းတရား ကျင့်ရန်သာလိုသည်။
(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)
* စိတ်ဆိုးတဲ့သူ၊ ခွေးနဲ့တူ၊
ခွေးဟူတုံက၊ လှမလှ
သွားဖြဲပြ၍ ဟိန်းတော့သည်…
အေး–ဒေါသဆိုတာ ကိုယ့်ကို ဦးစွာဖျက်ဆီးပြီး သူတပါးကိုလည်း ဖျက်ဆီးပါတယ်။
ဒေါသကို မေတ္တာက နိုင်ပါတယ်။ ဒေါသကြီးသူဟာ မေတ္တာဘာဝနာ ပွားရပါတယ်။
မေတ္တာဘဝနာ မပွားရင် ဒေါသဟာ ကြီးသည်ထက် ကြီးလာပါတယ်။
(ဓမ္မဒူတ အရှင်ပညာဇောတ)
စိတ်ကို အလိုမလိုက်ရဘူး၊ ကြီးပွားချင်တဲ့လူဟာ စိတ်ခိုင်တိုင်း လိုက်မလုပ်ရဘူး၊ ကိုယ့်စိတ်ကို ကိုယ်ထိန်းသိမ်းနိုင်ရတယ်။
ဟယ်…စိတ် နင်ခေါ်ရာ ငါမလိုက်နိုင်ဘူး၊ နင်ခိုင်တိုင်း ငါ မလုပ်နိုင်ဘူး၊ နင်ထားရာ ငါ မနေနိုင်ဘူး”
အဲဒီလို သတ္တိမျိုးရှိရတယ်။ ဒါမှ ကြီးပွားတယ်၊ ချမ်းသာတယ်၊ စိတ်ကိုနိုင် သေတိုင် မဆင်းရဲတဲ့။
ကိစ္စတခုဟာ ပြီးသွားတာကောင်းတယ်၊ ပြီးတာချင်း တူရင် ပြည့်စုံတာ ကောင်းတယ်၊ ပြည့်စုံတာချင်းတူရင် အချိန်တိုတာ ကောင်းတယ်။
(ပဲခူး ကြခတ်ဝိုင်း ဆရတော်)
မှတ်မှတ်သားသား သြ၀ါဒများ
*အိမ်ကို ကချော်ကချွတ် မိုးထားလျှင် မိုးရေဖောက်ဝင်နိုင်သလို စိတ်ကို သမထ၀ိပဿနာဖြင့် မပွားလျှင် ရာဂတွေ ဖောက်ဝင်နိုင်တယ်။
*အိမ်မီးလောင်တော့ ပစ္စည်းတွေ ဆွဲထုတ်ပြီး မီးကိုလည်း ငြိမ်းရတယ်။ ခန္ဓာကိုယ် မီး(၁၁)ပါးလောင်တော့ ဒါနပြုပြီးဆွဲထုတ် တရားရှုပြီး ငြိမ်းရတယ်။
*ယောက်မက အရသာမသိသလို လူမိုက်က ပညာရှိနဲ့ ပေါင်းပေမယ့် တရားမသိဘူ။ လျှာက အရသာသိသလို လိမ္မာသူက ပညာရှိနဲ့ ခဏပေါင်းရုံနဲ့ တရားသိတယ်။
*သာသနိက အဆောက်အအုံကြီးတွေကြည့်ပြီး သာသနာတိုးတတ်တယ် မပြောနဲ့။ သီလ သမာဓိ ပညာ အကျင့်တိုးတက်မှ သာသနာတိုးတက်တာ။
*အလှူဒါနပြုတဲ့ နေရာမှာ ထင်ပေါ်ဖို့က ပဓာန မဟုတ်ဘူး။ကုသိုလ်ရဖို့က ပဓာန။
*နွားကောင်းမကောင်းသိချင်ရင် မောင်းကြည့် ရွာကောင်းမကောင်း သိချင်ရင် ကျောင်းကြည့်။လူကောင်းမကောင်း သိချင်ရင် ပေါင်းကြည့်။
*အလှူခံပုဂ္ဂိုလ်ရဲ့ ဆက်ဆံရေးကို မကြည့်နဲ့။သီလ သမာဓိ ပညာကို ကြည့်ပါ။
*ဘယ်ဌာနပဲ ဖြစ်ဖြစ် လူကိုမကြည့်နဲ့ မူကိုကြည့်ပါ။
*ကိုယ်ရှုမှတ်ထားတဲ့ တရားကို လျှောက်တဲ့အခါ စာသိ နာသိ မလျောက်နဲ့။ရှုသိကို စာသံပေသံမပါဘဲ မြန်မာလို ရှင်းရှင်းလေးလျှောက်ရတယ်။
*တရားရှုမှတ်တဲ့အခါ ထိုင်နိုင်ဖို့ထက် မှတ်နိုင်ဖို့က ပိုအရေးကြီးတယ်။
*တရားပျောက်တော့ ကိုယ်မှာရှာ။တရားရှာတော့ ကိုယ်မှာတွေ့။
*စီးပွားရှာတဲ့အခါ အတိတ် အနာဂါတ် ပစ္စုပ္ပန် သုံးမျိုးလုံးကြည့်။တရားရှာတဲ့အခါ ပစ္စုပ္ပန်တည့်တည့်ကိုသာကြည့်။
*ငယ်ရွယ်တုန်း ကျန်းမာတုန်း ဆွမ်းရလွယ်တုန်း တိုင်းပြည် အေးချမ်းတုန်း သံဃာညီညွတ်တုန်း တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။
*ကံလေးကောင်းနေတုန်း မြောက်ကြွားကြွား မလုပ်နဲ့။နောက်ပိုင်း ဘယ်လို ဇာတ်သိမ်းမယ်ဆိုတာမသိဘူး။
*ဆွေမျိုးပျက် စီးပွားပျက် ရောဂါနှိပ်စက်ခြင်းကြောင့် ငရဲမကျနိုင်ဘူး။သီလပျက်ရင်တော့ ငရဲကျမယ်။
*ကံက အကျိုးပေးချင်ပါလျက် ၀ီရိယနှင့် မကြိုးစားလျှင် မဟာဓနသူဋ္ဌေးသားလို လောကီ လောကုတ္တရာ နှစ်ဖြာရှုံးမယ်။
*ကျောက်မှဖြစ်လာတဲ့ စိန်ဟာ ကျောက်ကို ဖောက်ခွဲဖျက်ဆီးသလို ကိုယ်ပြုတဲ့ အကုသိုလ်က ကိုယ်ကို ဖျက်ဆီးတယ်။
*ကိုယ်က မှန်ပေမယ့် ၀ဋ်ကြွေးရှိရင် ခံရတာပဲ။
*အထက်လူကို မဖားနဲ့။ အောက်လူကို မနှိမ်နဲ့။တန်းတူလူကို အပြစ်မဖို့နဲ့။စိတ်ကောင်းထားပြီး မျှတစွာ ဆက်ဆံ။
*ဒေ၀ဒတ်လူကြမ်းကြီးကြောင့် ဘုရားလောင်းမှာ ပါရမီတွေ ပြည့်လာတယ်။သင်ခန္တီပါရမီ ပြည့်ဖို့ လူကြမ်းတစ်ယောက်လာလျှင် ၀မ်းမနည်းနဲ့။
*ညဉ့်နက်သန်းခေါင် တောအုပ်ကြီးထဲမှာ လျှပ်စီးတစ်ချက် လင်းလတ်လိုက်သလို အ၀ိဇ္ဇာအမှောင်ထဲမှာ သာသနာရောင်လတ်တယ်ဆိုတာ ခဏလေးပါပဲ။
*ပစ္စည်းရှိတော့ တဒင်္ဂတစ်ခဏလေး ချမ်းသာတယ်။တရားရှိတော့ ထာဝရချမ်းသာတယ်။
*လောကီလူဘောင်နေသူ ဖြစ်လျက် ပျင်းနေလျှင် ရဟန်းဖြစ်လျက် ကိုယ်နှုတ် နှလုံးကို မစောင့်သုံးလျှင် အစိုးရမင်းဖြစ်လျက် မဆင်မခြင် ပြုလုပ်လျှင် ပညာရှိဖြစ်လျက် စိတ်တိုလျှင် မကောင်းဘူး။
*များများပဲပြောပြော နည်းနည်းပဲပြောပြော ဆိတ်ဆိတ်ပဲနေနေ အကဲ့ရဲ့လွတ်တဲ့လူ မရှိဘူး။
*လူဘ၀ဇရပ်ပေါ်မှာ ခဏနားပြီး ကိုယ့်အထုပ်ကိုထမ်း ကိုယ့်လမ်း ကိုယ်သွားရမှာ။
*အလုပ်တစ်ခု စေခိုင်းကြည့်မှ အလုပ်သမားရဲ့ သဘောမှန်ကို သိရတယ်။ဘေးအန္တရာယ်ကြုံမှ ဆွေမျိုးရဲ့ သဘောမှန်ကို သိရတယ်။ပစ္စည်းနည်းပါး မွဲသွားမှ မိတ်ဆွေတို့ရဲ့ သဘောမှန်ကို သိရတယ်။စည်းစိမ်းဥစ္စာ ပျက်စီးကုန်ဆုံးသွားမှ ဇနီးမယားရဲ့ သဘောမှန်ကို သိရတယ်။
*သင့်ခန္ဓာကိုယ်ဟာ အသက်ဝိဉာဉ်မရှိတော့လျှင် အသုံးမကျတဲ့ ထင်းတုံးသဖွယ် စွန့်ပစ်ရတော့မယ်။ မစွန့်ပစ်ခင် အကျိုးရှိအောင် အသုံးချပါ။
*အသက်နှင့်တူသော မိတ်ဆွေ မရှိ အနာရောဂါနှင့် တူသော ရန်သူမရှိ မိမိနှင့်တူသော ချစ်သူမရှိ ကံနှင့်တူသော အားအစွမ်းမရှိ။
(မဟာစည်နာယက ပဲနွယ်ကုန်းဆရာတော်၏သြ၀ါဒများ)
Saturday, January 16, 2016
ဘုရားရှိခိုးဂါထာတော်များ
နေမင်းပမာ ဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ 
 သူရိယော သူရဘာဝေန သူရိယော ရံသိမာ ဇိနော ၊
သူရိယော ဧကိဘာဝေန သူရယံတံ နမာမဟံ ။
 ယောဇိနော ငါးမာန်ပယ်ဟန့် နိဗ္ဗာန့်သခင် အကြင်ဘုရားရှင်သည် သူရဘာဝေန ကေသရီမျိုး တန်ခိုးတောက်လင်း သားမင်းရာဇာကဲ့ပမာသို့ လွန်စွာရဲရင့် အမြဲတင့် ၍ ကဲ့မြင့်သိစွာ စွမ်းပကားရှိသည်၏အဖြစ်ကြောင့် သူရိယော အရောင်လင်း ပြိုင် ဘက်ကင်းသည် နေမင်းအတူ ဖြစ်တော်မူပါပေ၏ ။ ရံသိမာ ရောက်ခြည်တော်ပန်း ရှု့မခန်းတို့ဖြင့် အဆန်းတကြယ် တင့်တယ်တော်မူသည်ဖြစ်၍ တောက်ပြောင်ဝင်း ဝင်း ရှင်နေမင်းနှင့် ဂုဏ်ချင်းခံယူ အလားတူတော်မူါပေ၏ ။ ဧကိဘာဝေန စင်္ကြာဝဠာ ကမ္ဘာတဝိုက်တွင် ပြိုင်ဘက်တသူ ရှိတော်မမူဘဲ တစ်တူတည်းသာ ပွင့်တော်မူလာ သည်၏ အဖြစ်ကြောင့် သူရိယော နှစ်စင်းမပြိုင် သတင်းလှိုင်၍ ရောင်ဆိုင်ထိန်လင်း အရှိန်ပြင်းသော နေမင်းအတူ ဖြစ်တော်မူပါပေ၏ ။ သူရိယံ ရဲရင့်ရောင်ခြည် မှောင်မ သီဘဲ ထူးလည်းပေါ်ထွက် ပြိုင်ဘက်ကင်းမဲ့ ဂုဏ်သတင်းကြောင့် နေမင်းတစ်ဆူ ဖြစ်တော်မူသော တံဇိနံ ထိုနေစစ် နေမှန် သူရကန်ဟု သုံးတန်လောက တုမရသည့် လူ့ဘုံထွဋ်ထား မြတ်ဘုရားကို အဟံ ခန္ဓာနာမ်ရုပ် သမုတ်ခေါ်ဝေါ် တပည့်တော် သည် နမာမိ ရိုသေညွှတ်ဦး အထူးမြတ်နိုး ရှိခိုးပါ၏အရှင်ဘုရား ။
 **ရွှေအိုးလေးလုံး ဘုရားရှိခိုးဂါထာ**      
သင်္ခေါ ဧလော  ဥပ္ပလောစ       ပုဏ္ဏရိကောတိ  အက္ခီယေ ။  
 စတ္တာရော  ကုမ္ဘီကေ စဇ္ဇ       ခေဠံဝ. နိဂ္ဂတံ   နမေ ။
သင်္ခေါ..... သင်္ခရွှေအိုးလည်းကောင်း ဧလော....  ..ဧလရွှေအိုးလည်းကောင်း ဥပ္ပလောစ....  ဥပ္ပလ ရွှေအိုးလည်းကောင်း ပုဏ္ဏရိကောစ..  ပုဏ္ဍရိကရွှေအိုးလည်းကောင်း     ဣတိ.... ဤသို့ အက္ခီယေ.. . ယူဆောင်သုံးစွဲ၍ မကုန်နိုင်သော စတ္တာရောကုမ္ဘီကေ.. လေးလုံးသောရွှေအိုးကြီးတို့ကို ခေဠံဝ..     တံတွေးပေါက်ကဲ့သို့ စဇ္ဇ..... စွန့်လွှတ်တော်မူသည်ဖြစ်၍.. နိဂ္ဂတံ.. ..ံတောထွက်ကြွသွားတော်မူသော မြတ်စွာဘုရားကို .. အဟံ.... တပည့်တော်သည်... နမော.. နမာမိ.. ရှိခိုးပါ၏့  _/|\_*_/|\_*_/|\_
မှတ်ချက်... ဤ ရွှေအိုးကြီး ၄ လုံးသည် ကပိလ၀တ်နေပြည်တော် နန်းတော်အတွင်း၌ တည်ရှိ၏ ။ ၁.. သင်္ခရွှေအိုး.. အ၀ကျယ် တစ်ဂါဝုတ် ပမာဏရှိ၏ ။ ၂.  ဧလရွှေအိုး.. အ၀အကျယ် နှစ်ဂါဝုတ် ပမာဏရှိ၏ ။ ၃. . ဥပ္ပလ ရွှေအိုး..အ၀အကျယ် သုံးဂါဝုတ် ပမာဏရှိ၏ ။ ၄ .. ပုဏ္ဍရိကရွှေအိုး.. အ၀အကျယ် တစ်ယူဇနာ (၈ မိုင်ခန့် ).. ရှိ၏။    ထိုရွှေအိုးလေးလုံးမှ ရွှေကို ထုတ်ယူသုံစွဲသော်လည်း ယူရာမထင်။   ပြည့်မြဲပြန်ပြည့်၏ ။   ထိုရွှေအိုးကြီးလေးလုံးသည် ဘုရားအလောင်းတော် တောထွက်သော်အခါ အလိုလို ပျောက်ကွယ်သွား၏ ။     ကံတရား၏ ဆန်းကြယ်မှု့တည်း ။   ထို့ကြောင့် သားတော်ရာဟုလာက အမွေတောင်းသော်လည်း မရချေ   ။    ✏
ဒီပါအေးဆရာတော်ဦးနန္ဒမာလာ..
 ပါရမီတော် ဘုရားရှိခိုးဂါထာ
 ယော ကပ္ပကောဋီဟိ ပိ  အပ္ပမေယျံ၊ ကာလံ ကရောန္တော အတိဒုက္ကရာနိ၊
  ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ၊ ယော
 နာထော- ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ ကပ္ပကောဋီဟိပိ- ကုဋေကုဋာ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊ အပ္ပမေယျံ- ရေတွက် တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ထသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာလှစွာ သောကာလ ပတ်လုံး၊   လောကဟိတာယ- သတ္တလောက၏ အကျိုးစီးပွားအလို့ငှါ၊ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား သမီး သားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘ၀အတန်တန် ကြိမ်ဖန်ပြေးသွား၍ ကျင်လည်ခဲ့ရရှာလေပြီ၊ မဟာကာရုဏိကဿ- သတ္တ၀ါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊ တဿ နာထ ဿ - ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား၊ ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီး အား၊ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘ၀တု- စင်စစ်မသွေ   ဖြစ်ပါစေ သတည်း………
 "ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုးဂါထာ"
အရဟံ ဗဟိအန္တဇယံ၊ သုဂတံ အမိတံ ၀ိရဇံ
လလိတံ အတုလံ စရဏံ တိဘ၀ူပသမံ ယမကံ
သုခဒံ သရဏံ ပဏမာမိ ဇိနံ
 အနက် အရဟံ = လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ=လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ=မကောင်းမှုအကုသိုလ်ပြုရန် ဆိတ်ကွယ်သော နေရာရှိတော်မမူထသော၊ ဗဟိအန္တဇယံ = အတွင်းရန် အပြင်ရန် ယင်းနှစ်တန်ကို တွန်းလှန်ဖြိုဖျက် အောင်ပွဲဆက်တော်မူပြီးထသော၊ သုဂတံ = ကောင်းသောစကား ကိုသာ ဆိုတော်မူတတ်ပါပေထသော၊ သုဂတံ = ကောင်းသောနိဗ္ဗာန်ချမ်းသာသို့ ကြွသွားတော်မူပြီးထသော၊ အမိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေထသော၊ ၀ိရဇံ = ကိလေသာမြူမွေး အညစ်အကြေးတို့မှ ကင်းဝေးတော်မူပါပေထသော၊ လလိတံ = ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပါယ် တင့်တယ်တော်မူပါပေထသော၊ အတုလံ = သီလ စသောဂုဏ်တော်တို့ကြောင့် ပြိုင်ဘက် ရည်တူ ရှိတော်မမူထသော၊ စရဏံ = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်နှင့် ပြည့်စုံတော် မူပါပေထသော၊ တိဘ၀ူပသမံ = ဘ၀သုံးပါး ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးတော်မူပြီး ထသော၊ ယမကံ = ရေ၊ မီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ပါပေထသော၊ သုခဒံ = လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတော်မြတ် တို့ကို ပေးစွမ်းတော်မူနိုင်ပါပေထသော၊ သရဏံ = လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်ခြေတို့၏ အားထားကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော်မူသော၊ ဇိနံ = ငါးမာရ်အောင်မြင် သဗ္ဗညုတဘုရားရှင်ကို၊ အဟံ = တပည့်တော်သည်၊ ပဏမာမိ = ကိုယ်၊ နှုတ်၊ နှလုံးသုံးပါး လုံးဖြင့် ကိုင်းညွှတ်ရိုကျိုး လက်စုံမိုးလျှက် ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။
 သမ္ဗုဒ္ဓေဂါထာတော်
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ၊
 အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊
 တေသံ ဓမ္မဉ္စ္မ သံဃဉ္စ္မ၊ အာဒရေန နမာမဟံ၊
 နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
 အနေကာ အန္တရာယာပိ ၀ိနဿန္တု အသေသတော။
အဓိပ္ပါယ်ကား-- (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူ ပွင့်တော်မူကြကုန်သော ဘုရားရှင်ကိုယ်တော်မြတ်တို့ကို ဘုရားတပည့်တော်သည် ရိုသေစွာ ရှိခိုးပူဇော်ပါ၏အရှင်ဘုရား။ ဂင်္ဂါဝါဠု သဲဆူမကပွင့် တော်မူကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်တို့ဟောကြားတော်မူသည့် တရားတော်မြတ်ကို လည်းကောင်း၊ သံဃာတော်မြတ်ကိုလည်းကောင်း၊ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊ ဤသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် ဘးဥပဒ်အန္တရာယ် ရန်အသွယ်သွယ်တို့သည် အကြွင်းအကျန်မရှိ ကင်းစင်လွင့်ပျောက်ပါစေသတည်း။
*ကောင်းကျိုးအနန္တကို ပေးစွမ်းနိုင်သော ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးဂါထာ 
 * ဣတိပိပါသော ဒိဗ္ဗမန္တော၊ ဣဿရော သဗ္ဗဘုမ္မိယော။ ဣတိပိ ပါရမီတိံသ၊ ဣတိပိ မာရ၀ိဇ္ဇယော။ ဣတိပိ ပါရမီတိံသ၊ ဣတိပိ သဗ္ဗညုတဂမော။ ဣတိပိသော အနုတ္တရော၊ ဣတိပိ နာမ တေ နမော။ ။ ဘဂ၀ါ ဘဂ၀ါနာထော၊ ဘဂ္ဂကိလေသ ၀ါဘနော။ ဘဂ၀န္တော မဟာရသော၊ ဘဂ၀ါ မာရာဝိဇ္ဇရော။ ဘဂ၀ါ ဘဂ၀ါယတ္တော၊ ဘဂ္ဂကိလေသ မာဂမော။ ဘဂ္ဂဿပါပကော ဓမ္မေ၊ ဘဂ၀ါ နာမ တေ နမော။ ။ အရဟောနာမ သမ္ဗုဒ္ဓေါ၊ အရဟောဂုဏ ၀ိသေသော။ အရဟောပါကဋော လောကေ၊ အရဟော မာရ၀ိဇ္ဇယော။ အရဟောတိ နာမေန၊ အရဟောပါပံ နကာရံ။ အရဟတ္တံ ဗလံပတ္တော၊ အရဟော နာမ တေ နမော။ ။ သမ္မာသမ္ဗုဒ္ဓေါ သဗ္ဗညု၊ သမ္မာလောကုတ္တရော န၀။ သမ္မာခိဏာသ၀ါ သံဃာ၊ သမ္မာစ မာရ၀ိဇ္ဇယော။ သမ္မာသမ္ဗုဒ္ဓ ဥာဏေန၊ သမ္မာသမ္ဗုဒ္ဓ ဒေသိတော။ သမ္မာသမ္ဗုဒ္ဓေါ လောကသသ္မိံ၊ သမ္မာသမ္ဗုဒ္ဓတေ နမော။ ။ ၀ိဇ္ဇာစရဏ သမ္ပန္နော၊ ၀ိဇ္ဇာစရဏ သာဂရော။ ၀ိဇ္ဇာတနေကော သဗ္ဗညု၊ ၀ိဇ္ဇာစ မာရ၀ိဇ္ဇယော။ ၀ိဇ္ဇာစရဏ သမ္ပန္နော၊ တိဿာဝိဇ္ဇာ ပကာသိတာ။ အနာဂတေ ပစ္စုပန္နေ၊ ၀ိဇ္ဇာစရဏ တေ နမော။ ။ သုဂတော နိဗ္ဗာနံယန္တိ၊   သုဂတော လောကနာယကော။ သုဂတောနာထော လောကေ၊ သုဂတော မာရ၀ိဇ္ဇယော။ သုဂတော သုဂတဌာနံ၊ သုဂတော သုန္ဒရံပိစ။ သုဂတော နိဗ္ဗာနံယန္တိ၊ သုဂတော နာမ တေ နမော။ ။ လောက၀ိဒူ ဟိ နာမေန၊ လောကသိဒ္ဓိ ပကာသိတော။ လောကဂုဏော မဟာဝီရော၊ လောကဂ္ဂေါ မာရ၀ိဇ္ဇယော။ လောက၀ိဒူ တိ နာမေန၊ အတီတာဥာဏသောဝိဒူ။ သံသာရ သတ္တမောကါသံ၊ လောက၀ိဒူစ တေ နမော။ ။ အနုတ္တရော ဥာဏသီလော၊ အနုတ္တရော အာနုဘာဝေါ။ အနုတ္တရောတိ လောကသ္မိံ၊ အနုတ္တရောစ တေ နမော။ အနုတ္တရော ဥာဏသီလော၊ ယောလောကဿ အနုတ္တရော။ အနုတ္တရေန လောကသ္မိံ၊ အနုတ္တရောစ တေ နမော။ ။ ပုရိသ ဓမ္မသာရထိ၊ ပူရေန္တော ဒါနပါရမီ။ ပုရေတိ သဗ္ဗလောကဿ၊ ပူရေတိ မာရ၀ိဇ္ဇယော။ သာရထိ သာရထိဒေ၀၊ သာရထိနာမ လောကသ္မိံ။ သာရထိပူရိသံ သေဌံ၊ သာရထိ နာမ တေ နမော။ ။ သတ္တာဒေ၀ မနုဿာနံ၊ သတ္တာဒေ၀ တြီဘူဝနံ။ သတ္တာဒေ၀ မုနိနာမ၊ သတ္တာစ မာရ၀ိဇ္ဇယော။ သတ္တာဒေ၀ မနုဿာနံ၊ သတ္တာဟောတိစ သောမုနိ။ သင်္ခါရ ရထစက္ကာနံ၊ သတ္တာဟော နာမ တေ နမော။ ။ ဗုဒ္ဓေါသဗ္ဗဇိတေ ဓမ္မေ၊ ဗုဒ္ဓဥာဏ သမ္ဗုဒ္ဓွေါ။ ဗုဒ္ဓေါနာမ တိ လောကသ္မိံ၊ ဗုဒ္ဓေါစ မာရ၀ိဇ္ဇယော။ ဗုဒ္ဓေါ ဗုဒ္ဓေါတိ သစ္စာနိ၊ စတုသစ္စာပကာသိတာ။ သစ္စဗုဒ္ဓဿ ဥာဏေန၊ ဗုဒ္ဓဿ နာမ တေ နမော။ ။ ဘဂ္ဂသာဝေါ သဗ္ဗဒုက္ခော၊ ဘဂ္ဂရာဂေါ သဗ္ဗဘဝေါ။ ဘဂ္ဂပါပ အကုသလော၊ ဘဂ္ဂစ မာရ၀ိဇ္ဇယော။ ဘဂ္ဂရာဂေါ ဘဂ္ဂဒေါသော၊ ဘဂ္ဂမောဟော အနာသဝေါ၊ ဘဂ္ဂသံသာရ မုတ္တမော၊ ဘဂ္ဂ၀ါ နာမ တေ နမော။ ။ န၀ရတန သံကာသံ၊ န၀ဂုဏံ နရာသဘံ။ နရာမာရ နမောကာသံ၊ နရာနာထံ နမာမဟံ။ အဂ္ဂံ အဂ္ဂမဟာပုညံ၊ ရာဇံရာဇ ဇနာဒိဗ္ဗ၊ ဒေ၀ဒေ၀ဉ္စ သမ္ဗုဒ္ဓံ၊ သီရသာဟံ ၀ရံ နမေ။ ။
အဘိဓမ္မာခုနစ်ကျမ်းရည်မှန်းဘုရားရှိခိုး
 ယော ဇိနော ဗောဓိသမ္ပန္နော၊
 (ယ) သုသောဘန္တော သိလာသနေ။
 (ဇ ) အာသီနော ကထေသိ ဓမ္မံ၊
 (ရ ) ဒေဝါနံ တံ နမာမဟံ။(နမာမိ+အဟံ)
(ဇ ) (ဝတ္တမျိုး၊ တတိယ(ရ) ကာရ ဝိပုလဂါထာ)
 #ဗောဓိသမ္ပန္နော သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသည်ဖြစ်၍ ဗောဓိဉာဏ်ဟုန် ဓမ္မ ဂုဏ်နှင့် ပြည့်စုံတော်မူသော။ #ယောဇိနော အကြင်မြတ်စွာဘုရားသည် #သုသောဘန္နော လက္ခဏာတော်ကြီးလက္ခဏာတော်ငယ် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် လွန်စွာတင့်တယ်တော်မူသည်ဖြစ်၍ #သိလာသနေ တာဝတိံသာနတ်တို့ပိုင်ရာ ပဏ္ဍုကမ္ပလာ ကျောက်နေရာ၌။#အာသီနော မယ်တော်မိနတ် ကျေးဇူးဆပ်ချွေ နေတော်မူလျက် ။ #ဒေဝါနံ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ရိုက်ျညာင်းခတ်လာ နတ်ဗြဟ္မာတို့အား။#ဓမ္မံ အသိပညာပြည့်လျှမ်း အဘိဓမ္မာ(၇)ကျမ်းကို #ကထေသိ ဝါတွင်းသုံးလ အခါပတ်လုံး မယ်တော်မိနတ် ကျေးဇူးဆပ်အနေ ဟောကြားတော်မူပါပေသတည်း။ #အဟံ သံသရာဝဋ် ကင်းလွတ်ရာအမှန် နိဗ္ဗာန် ရည်မျှော် ဘုရားတပြည့်တော်သည် #တံဇိနံ ထိုအရှင်မြတ်ဘုရားကို #နမာမိ ဂါရဝ ရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
 (နမက္ကာရ ဘုရားရှိခိုးဂါထာ ၁၃ ကိုပြင်၍ ဂါထာနှင့်အနက်ပေးကို ရေးသာပူဇော်သူ သီရိပရဝ ဆရာတော် ရွှေဥမင်ရိပ်သာ မြောက်ဥက္ကလာပ)
 နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ
 တံ မေ သ ဒီ၊ ကော မံ သု ရေ၊ သော အ ပ နာ ပ၊
သု သု ပိ။ အ ဓံ သိ တိ၊ ဖု ၀ိ သိ ဝေ၊
 က ကော က ဂေါ၊ နမာမဟံ။
တံ-တဏှင်္ကရာ မြတ်စွာဘုရား မေ-မေဓင်္ကရာ မြတ်စွာဘုရား သ-သရဏင်္ကရာ မြတ်စွာဘုရား ဒီ-ဒီပင်္ကရာ မြတ်စွာဘုရား ကော-ကောဏ္ဍည မြတ်စွာဘုရား မံ-မင်္ဂလ မြတ်စွာဘုရား သု-သုဓန မြတ်စွာဘုရား ရေ-ရေ၀တ မြတ်စွာဘုရား သော-သောဘိတ မြတ်စွာဘုရား အ-အနောမဒဿီ မြတ်စွာဘုရား ပ-ပဒုမ မြတ်စွာဘုရား နာ-နာရဒ မြတ်စွာဘုရား ပ-ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား သု-သုမေဓါ မြတ်စွာဘုရား သု-သုဇာတာ မြတ်စွာဘုရား ပိ-ပိယဒဿီ မြတ်စွာဘုရား အ-အတ္တဒဿီ မြတ်စွာဘုရား ဓံ-ဓမ္မဒဿီ မြတ်စွာဘုရား သီ-သိဒ္ဓတ္ထ မြတ်စွာဘုရား တိ-တိဿ မြတ်စွာဘုရား ဖု-ဖုဿ မြတ်စွာဘုရား ဝိ-ဝိပဿီ မြတ်စွာဘုရား သိ-သိခီ မြတ်စွာဘုရား ဝေ-ဝေဿဘူ မြတ်စွာဘုရား က-ကကုသန် မြတ်စွာဘုရား ကော-ကောဏဂုံ မြတ်စွာဘုရား က-ကဿပ မြတ်စွာဘုရား ဂေါ- ဂေါတမ မြတ်စွာဘုရား
 ဘုရားရှိခိုးဂါထာ 
ဧ၀ံ န၀ဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊
အတုလံ ဓမ္မရာဇာနံ, ၀န္ဒာမိ တီဟိ သာဒရံ။
ဧ၀ံ န၀ဟိ ဂုဏေဟိ-ဤအရဟတာ, အစလာသည့်, ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊ လောကမှိ-ဘ၀ဂ်ဆုံးအောင်, ဘုံသုံးဆောင်၌၊ ကိတ္တိဗျာပိတံ-သိမ့်သိမ့်တုန်ခပ်, ပဲ့တင်ထပ်မျှ, နှံစပ်ကျော်စောတော်မူထသော၊ အတုလံ-သီလခေါင်ထိ, သမာဓိနှင့်, ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနိုင်းသူ, အတူလည်းရှိတော် မမူထသော၊ ဓမ္မရာဇာနံ-သုံးဘုံမကိုဋ်, သုံးထိုက်သရဖူ, သုံးလူသင်းကျစ်, ဓမ္မရာဇ်ထွတ်ထား, ရှင်တော်မြတ်ဘုရားကို၊ တီဟိ-လက်အုပ်အဉ္ဖလီ, နူတ်သံချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊ ၀န္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။
 ကြည့်ရူရန် အဓိပ္ပာယ် ၁။ အရဟံဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ “အရဟတာ”ဟုဆိုသည်။ ၂။ “ထောမနာ”ကား ချီးမွမ်းခြင်းကိုဟောသော ပါဠိစကား။ ၃။ ကိုင်းညွတ်ခြင်း=ရှိခိုးခြင်ကိုဟောသော “ပဏာမ”ပါဠိကိုပင် “ပဏာ”ဟု ဆိုထားသည်။ ဘ၀ဂ်ဆုံးအောင်, ဘုံသုံးဆောင်၌။ ။ဘုံဘ၀တို့၏ အထက်ဆုံးဖြစ်သော “နေ၀သညာနာသညာယတန”ဘုံကို “ဘ၀ဂ်”ဟု ခေါ်သည်၊ ကာမ, ရူပ, အရူပ, ဘုံသုံးဆောင်၏ အဆုံးဘ၀ဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်များသည် သူတစ်ပါးထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်၊ ထို့ကြောင့် တတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာ နိုင်းလာကြပါသော်လည်း သီလ, သမာဓိ, ပညာဂုဏ်အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။ သုံးဘုံမကိုဋ်။ ။မင်း မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သောအရာကို “မကိုဋ်-သရဖူ”ဟု ခေါ်၏၊ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို “သင်းကျစ်” ဘုရားရှင်သည် ဦးထိပ်တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ သင်းကျစ်နှင့်တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။ လက်အုပ်အဉ္ဖလီ။ ။လက်အုပ်ကို ပါဠိလို “အဉ္ဖလီ”ဟုခေါ်၏၊ ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယ၀ိညတ်ကို “ကာယဒွါရ”ဟု ခေါ်၏၊ နူတ်ဖြင့်ရွတ်ဆို၍ ရှိခိုးကြောင်း ၀စီညတ်ကို “၀စီဒွါရ”ဟု ခေါ်၏၊ ကိုယ်နူတ်မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို “မနောဒွါရ”ဟု ခေါ်၏၊ ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်အပ်သော သက်တော်ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နူတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထိုသုံးဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏- ဟူလို။ ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
 ပညာဝံ ပည၀ါ ဗုဒ္ဓ၊ သုတ၀ံ သုတ၀ါ တုလ၊
 ဘဂ၀ံ ဘဂ၀ါ ဘောန္တံ၊ ဘောန္တံ ၀န္ဒာမိ ဘောန္တဂုံ။
ပညာဝံ ပည၀ါ- ပညာရှိသူ နတ်လူတို့ထက် အထူးပညာရှိတော်မူထသော၊ သုတ၀ံ သုတ၀ါ- သုတရှိသူ နတ်လူတို့ထက် အထူးသုတ ရှိတော်မူထသော၊ ဘဂ၀ံ ဘဂ၀ါ- ဘုန်းကံရှိသူ နတ်လူတို့ထက် အထူးဘုန်းကံ ရှိတော်မူထသော၊ အတုလံ- တုဘက်လွတ်ကင်း သုံးလူ့မင်းလည်း ဖြစ်တော်မူပေထသော၊ ဗုဒ္ဓ - သဗ္ဗညု မြတ်စွာဘုရား၊ ဘောန္တံ (အဘ၀န္တံ)- သံသရာဘ၀ မဆုံးနိုင်သူ နတ်လူဗြဟ္မာအပေါင်းတို့ကို၊ ဘောန္တံ (ဘ၀န္တံ)- ဆုံးသော ဘ၀ရှိသည်ကို၊ ဘ၀န္တံ ဘာဝန္တံ- ဖြစ်စေတော်မူတတ်ထသော၊ ဘောန္တဂုံ ဘ၀န္တဂုံ- ဘ၀ဆုံးရာ နိဗ္ဗုတာသို့ ရှေးဦးစွာ ရောက်တော်မူပြီး ထသော၊ ဘောန္တံ- ကိုယ်တော့်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို၊ ၀န္ဒာမိ- လက်စုံမိုးကာ ရှိခိုးပါ၏၊ ၀န္ဒာမိ- ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘု ရား မြတ်စွာဘုရား ………………
 ဘုရားရှိခိုးဂါထာ
အရဟံ ဗဟိ အန္တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။
 ၁။ အရဟံ – ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၂။ ဗဟိ အန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၃။ သုဂတံ – ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၅။ ဝိရဇံ – ကိလေသာမြူတို့မှ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၆။ လလိတံ – တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၇။ အတုလံ – အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၈။ စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၉။ တိဘဝူပသမံ – ဘုံသုံးပါး၌ ကိလေသာတို့မှ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၁၀။ ယမကံ – ရေ၊ မီးအစုံ အစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၁၁။ သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၁၂။ သရဏံ – ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ ၁၃။ ဇိနံ – မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
 လမင်းပမာ ဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ
စန္ဒိမာ စန္ဒဘာဝေန စန္ဒိမာ ရံသိမာ ဇိနော ၊
စန္ဒိမာ ဧကိဘာဝေန စန္ဒိမံ တံ နမာမဟံ ။
 ယော ဇိနော ငါးပါးရန်ငုတ် မာရ်အယုတ်ကို တမုဟုတ်ခြင်း ပယ်ရှင်းအောင်မြင် အကြင်သို့သော ဘုရားရှင်သည် စန္ဒဘာဝေန ချမ်းသာအေးမြ ဓမ္မောဇကို ဟောပြ မိန့်ခြွေ ပေးဝေတော်မူတတ်သော အကြောင်းရင်းကြောင့် စန္ဒိမာ ရှုသူမြင်သူ အပူ အေးချမ်း လစန်းသဖွယ်ဖြစ်တော်မူပါပေ၏ ။ ရံသိမာ ဘဝင်နှလုံး ရွှင်ပြုံးငြိမ့်ငြိမ့် ပီတိ စိမ့်၍ နှစ်သက်ဖွယ်ကောင်း ရှုမငြောင်းအောင် ညို မောင်း နီ ဝါ ဖြူ ပြာ ပြိုးပြက် ရိုး ရက်ပျက်သန်း ရောင်ခြည်ပန်း ရှိတော်မူသည်ဖြစ်၍ စန္ဒိမာ ပုဏ္ဏမိန် ယုန်အိမ်သော် တာ ပမာမခြား အလားတူစွာ ဖြစ်တော်မူပါပေသည်ဘုရား ။ ဧကိဘာဝေန တစ်သောင်းတိုက် စင်္ကြဝဠာမှ ယှဉ်ပြိုင်ဘက်ကင်းကွာ၍ တစ်ဆူတည်း သာ ဖြစ်ပေါ်လာခြင်းဟူသော အကြောင်းကြောင့် စန္ဒိမာ နှစ်စင်းမပြိုင် သတင်းလှိုင် သည့် ရောင်ဆိုင်ငွားငွား လ-ရထားသဖွယ် တင့်တယ်တော်မူပါပေသည်ဘုရား ။စန္ဒိမံ ရှုမြင်တိုင်းမက်မပြေ ကျက်သရေဂုဏ်လျှမ်း လယုန်စန်းသို့ ပုံပန်းနမူ အသွင်တူလှပ သော တံ ဇိနံ ငါးမာရ်အောင်ပြီး ထွဋ်ထီးသခင် ထိုဘုရားရှင်ကို အဟံ ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိဉာဏကို အတ္တခေါ်ဝေါ် တပည့်တော်သည် နမာမိ ဦးခေါင်းညွှတ် လျှိုး မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား ။ 
ယဉ်ကျေးလိမ္မာ ဖတ်စာ ( ဆော့ဝဲ )
===================
သားသားမီးမီးများနှင့် သင်တန်းနည်းပြ ဆရာများအတွက်ရည်ရွယ်၍ ပထမတန်းမှ ဒသမတန်းအထိ ယဉ်ကျေးလိမ္မာ ဖတ်စာ(ဆော့ဝဲ)ကို တင်ပေးလိုက်ပါသည်။ ဖိုင်ဆိုဒ် 3 MB သာရှိတာကြောင့် အလွယ်တကူ ဒေါင်းနိုင်ပါသည်။
Download Link-   http://pc.cd/6x3rtalK
မြတ်ဘုရား ရွှေတိဂုံ စေတီတော်မြတ် သမိုင်း
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
                      (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
                       (ကမ္ဘာ့အံ့ဘွယ်)
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
http://forum.myanmar-technicians.org/index.php?topic=1342.0
သီတဂူဆရာတော် အရှင်ဥာဏိဿရ
ဟောကြားတော်မူသော မြတ်ဘုရားရွှေတိဂုံ တရားတော်
    mp3 တရားတော်ဖြင့်နာယူလိုပါက 
                   ၇။ မြတ်ဘုရားရွှေတိဂုံ
နှစ်ပေါင်း ၂၆၀၀ ပြည့်  ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပူဇော်ပါ၏။
                                                                             မောင်မြင့်
အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ
Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.