အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Wednesday, January 13, 2016

ခွဲခြမ်းစိတ်ဖြာ ဝေဖန်ခြင်း

ခွဲခြမ်းစိတ်ဖြာ ဝေဖန်ခြင်းဆိုတာ ကျွမ်းကျင်စွာ လေ့ကျင့်တတ်မြောက်ထားရမည့် အသိပညာ ****
ဒကာတစ်ယောက် မေးလျှောက်ထားတာပါ။ ရဟန်းတော်များကို မဝေဖန်ကောင်းဘူး။ ဝေဖန်ရင် အပြစ်ဖြစ်တယ်။ ငရဲကျတတ်တယ်ဆိုပြီး ပြောနေကြပါတယ်ဘုရား။ ဝေဖန်ရင် အပြစ်ဖြစ်မဖြစ် သိချင်ပါတယ်တဲ့။
ခွဲခြမ်းစိတ်ဖြာဝေဖန်ခြင်းဆိုတာ ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထားရမယ့် အသိပညာပါ။ သတ္တဝါတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။
လောကီရေးရာမှာပဲဖြစ်ဖြစ် လောကထွက်မြောက်ကြောင်းတရားကို ရှာဖွေကျင့်သုံးရာမှာပဲဖြစ်ဖြစ်၊ မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာ ဝေဖန် သုံးသပ် ဆုံးဖြတ်နိုင်စွမ်း မရှိဘူးဆိုရင် ရသင့်ရထိုက်တဲ့ ကောင်းကျိုးတွေကိုမရနိုင် ပါဘူး။
မိမိရဲ့ ပစ္စုပ္ပန်သံသရာ ဘဝခရီးမှာ အားကိုးအားထားပြုဖို့အတွက် ပစ္စည်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ ဘုရားပဲဖြစ်ဖြစ် တွေ့ရာကို အားကိုးအားထားပြုလို့ မဖြစ်ပါဘူး။ အားကိုးအားထာပြုလို့ရမယ့် ပုဂ္ဂိုလ်နဲ့ ဓမ္မကို အ ကောင်းဆုံး ခွဲခြမ်းစိတ်ဖြာ ဝေဖန် သုံးသပ် ဆုံးဖြတ်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။
ဒါဟာ မြတ်ဗုဒ္ဓရဲ့လမ်းစဉ် ဝိဘဇ္ဇဝါဒ ဖြစ်ပါတယ်။ သူက ဘုရား ငါကဘုရားနဲ့ အပြိုင်ဖြစ်နေတဲ့ ဗုဒ္ဓလက်ထက်တော်အခါက မြတ်ဗုဒ္ဓကိုယ်တိုင် ဝိဘဇ္ဇဝါဒ လက်ကိုင်ထားဖို့ အလေးထားဟောကြားတော်မူခဲ့ပါတယ်။
ဗုဒ္ဓဝါဒဟာ ဘုရားဆိုတိုင်း ရဟန်းဆိုတိုင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်နေသူဆိုတိုင်း ဝေဖန်ဆန်းစစ်မှု့မပြုဘဲ လက်ခံရတဲ့ဝါဒ မဟုတ်ပါဘူး။
ပုဂ္ဂလ နဲ့ ဓမ္မ ဘယ်အရာမှာပဲဖြစ်ဖြစ် အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုးကို ခွဲခြမ်း စိတ်ဖြာ ဝေဖန် သုံးသပ် ဆုံးဖြတ်ရွေးချယ် ရမှာဖြစ်ပါတယ်။
ရဟန်းသာ မကပါဘူး။ ဘုရားမှာတောင် အတုအယောင် ရှိပါတယ်။ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုး အတုအစစ်ကို မိမိသိသလို သူတစ်ပါးသိအောင်လည်း ဟောရ ပြောရမှာဖြစ်ပါတယ်။
ဒါဟာသာသနာပြုတာပါပဲ။
ဒါပေမယ့် ဝေဖန်သုံးသပ်တဲ့အခါမှာ မှန်ကန်စွာ ဝေဖန်သုံးသပ်နိုင်ဖို့ လွန်စွာအရေးကြီးသလို၊ တစ်ဖက်ပုဂ္ဂိုလ် အပေါ် ဒုက္ခရောက်စေလိုတဲ့  သဘောမထားဘဲ ဒုက္ခလွတ်စေချင်တဲ့ စိတ်ထားနဲ့ ဝေဖန်တဲ့ ဝေဖန်မှုမျိုး ဖြစ်ဖို့လည်း အ ရေးကြီးပါတယ်။
*** နည်းလမ်းကျနစွာ ဝေဖန်သုံးသပ် ဆုံးဖြတ် ရွေးချယ် ကိုးကွယ်မှု့ဟာ ကောင်းကျိုးတွေကိုပဲ ဖြစ်စေပါတယ် ဒကာကြီးရေ့။ ***
ရေးသားသည့်ဆရာတော် = အရှင်ဥတ္တမ
Credit ; Ashin Uttama
Owner's Link ; https://web.facebook.com/uotta.ma.3

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.