အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Friday, January 15, 2016

ယောက်ျားနဲ့မိန်းမ ဘယ်သူကမြတ်သလ


(ဒီနေ့ သိုင်းနယ် အုပ်ဖို အလက-မှာ
ကျောင်းသူ/သားများကိုဟောခဲ့တဲ့
အကြောင်းအရာထဲက ကောက်နှုတ်ချက်)

ဒီမေးခွန်းမေးလိုက်တော့ ကျောင်းသားတွေကရော
ကျောင်းသူတွေကပါ"ယောက်ျားက မြတ်ပ့တယ်"
လို့ချည်း ဖြေကြတယ်။

ယောက်ျားလေးတွေကဖြေတာတော့ ထားပါတော့
မိန်းကလေးတွေကပါ ဒီလိုပဲဖြေတာတော့
အံ့သြစရာနဲနဲကောင်းနေသလိုပဲနော်..။

ဗုဒ္ဓဘာသာကလွဲလို့ တခြားဘာသာတိုင်းလိုလိုမှာ
ဒီ"မဟာပုရိသ"ဝါဒလွှမ်းမိုးပါတယ်။

ကုသိုလ်ကံကြောင့် လူဖြစ်လာတာချင်းတူပေမယ့်
ယောက်ျားဖြစ်ရတာကုမတ်တယ်၊
ယောက်ျားချင်းတူရင်လဲ
မင်းမျိုး
ပုဏ္ဏားမျိုး
သူဌေးသူကြယ်မျိုး
သူဆင်းရဲမျိုး
ဒီအမျိုးလေးပါး အစဉ်အတိုင်း
အထက်အထက်အမျိုးက မြတ်တယ်-ဆိုတာ
မွေးရာပါအခြေအနေကိုကြည့်ပြီး ခွဲခြားတဲ့
"ဇာတိကုလပုတ္တဝါဒ"လို့ ခေါ်ပါတယ်။
ဗုဒ္ဓဝါဒက ဒါကိုလက်မခံပါဘူး။

ဗုဒ္ဓဝါဒမှာ-
အကျင့်သိက္ခာကိုကြည့်ပြီး အယုတ်အမြတ်
ခွဲခြားတဲ့ "အာစာရကုလပုတ္တဝဒ"ကိုသာ
လက်ခံပါတယ်။

ဗုဒ္ဓဝါဒအရ အယုတ်အမြတ်ခွဲခြားတဲ့
အကျင့်သိက္ခာဆိုတာ..

၁-ကိုယ်ကျင့်တရား(သီလသိက္ခာ)
၂-စိတ်ဓာတ်ရင့်ကျက်ခိုင်မာမှု(သမာဓိသိက္ခာ)
၃-ပညာအရည်အချင်း(ပညာသိက္ခာ)
ဒီသုံးပါးပါပဲ။
(စာသင်ကျောင်းတွေမှာ
စိတ်ဓာတ်-ဆိုတာ သမာဓိသိက္ခာကိုပြောတာ။
စည်းကမ်း-ဆိုတာက သီလသိက္ခာ။
ပညာ-ကတော့ ကညာသိက္ခာပဲပေါ့။
ဘုရားစဉ်ထားတဲ့ အယုတ်အမြတ် အစဉ်တိုင်းဆိုရင်တော့-
စည်းကမ်း,စိတ်ဓာတ်,ပညာလို့ ရေးသင့်ပါတယ်)
ဒီသုံးပါးမှာ ရှေ့ရှေ့သိက္ခာထက် နောက်နောက်သိက္ခာက ပိုမြတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရှေ့ရှေ့သိက္ခာပြည့်မှ
နောက်နောက်သိက္ခာ ပြည့်နိုင်လို့ပါပဲ။
သီလသိက္ခာပြည့်မှ သမာဓိသိက္ခာပြည့်တယ်၊
သီလ,သမာဓိသိက္ခာပြည့်မှ ပညာသိက္ခာပြည့်တယ်။

နောက်နောက်သိက္ခာပြည့်ပြီဆိုရင်
ရှေ့သိက္ခာလဲ ပြည့်ပြီးဖြစ်နေပါတယ်။
ဒါကြောင့်
ပညာသိက္ခာပြည့်ပြီဆိုရင်..
သိက္ခာသုံးပါးလုံး ပြည့်စုံပြီးဖြစ်တယ်လို့
သဘောပေါက်ရမှာပါ။

ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ
ဒီသိက္ခာသုံးပါးလုံးမရှိရင် ယုတ်နိမ့်ပါတယ်။
ဒီသိက္ခာသုံးပါးလုံးမရှိတဲ့ယောက်ျားနဲ့
သီလသိက္ခာရှိတဲ့မိန်းမ ဘယ်သူကမြတ်သလဲ?
ဆိုရင်..
သီလသိက္ခာရှိတဲ့မိန်းမက မြတ်ပါတယ်။
မိန်းမက သီလမရှိ ယောက်ျားကသီလရှိရင်
ယောက်ျားက မြတ်မှာပေါ့။

မြတ်စွာဘုရားလက်ထက်က
ယောကျားဖြစ်တဲ့ ရှင်ဒေဝဒတ်နဲ့
မိန်းမဖြစ်တဲ့ မိထွေးတော်ဂေါတမီ
ဘယ်သူကမြတ်လဲဆိုရင်..
ရဟန္တာထေရ်ရီမကြီးဖြစ်တဲ့ မိထွေးတော်ဂေါတမီက
မြတ်တယ်ဆိုတာ အားလုံး သဘောပေါက်ကြမှာပါ။

ကဲ..အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ ဖြေကြစမ်းပါ
ဘယ်သူကမြတ်သလဲဆိုတာ..
"ကိုယ်ကျင့်သိက္ခာမြတ်သူက မြတ်ပါတယ်"
ဟုတ်လား၊အေး..ဒါဆိုမှန်သွားပြီ၊
အဲဒါ မြတ်ဗုဒ္ဓရဲ့"အာစာရကုလပုတ္တဝါဒ"
ခေါ်ပါတယ်။

ဒီသိက္ခာသုံးပါးဟာ တခုထက် တခုက
ပိုပြီးမြတ်တယ်နော်..
ဒါဆို လောကမှာ ပညာသိက္ခာသာလွန်သူဟာ
အမြတ်ဆုံးမဟုတ်လား?
ကဲ-ပြန်ပြောပါဦး လောကမှာ
ပုထုဇဉ် လူချင်းအတူတူဆိုရင်ရော
ဘယ်သူအမြတ်ဆုံး ဖြစ်မလဲ?
"ပညာသာတဲ့လူ အမြတ်ဆုံး"ဟုတ်လား၊
အေး..ဒါဆို မှန်တယ်၊အားလုံးသဘောပေါက်သွားပြီ၊
ဟုတ်တယ်နော်။

တခုထပ်ပြီး မေးကြည့်ဦးမယ်
ခုလောလောဆယ် ကျင်းပပြီးသွားတဲ့
ရွေးကောက်ပွဲကြီးမှာ အနိုင်ရသွားတဲ့ပါတီကို
ဦးဆောင်တဲ့ခေါင်းဆောင်က ဘယ်သူလဲ?
"ဒေါ်အောင်ဆန်းစုကြည်"တဲ့ ဟုတ်လား။
သူက မိန်းမဖြစ်နေပါလျှက်နဲ့
သူ့ပါတီကို ပြည်သူတွေက ဘာဖြစ်လို့
မဲပေးပြီး ရွေးလိုက်ကြတာလဲ?
"ပညာရှိလို့"ဟုတ်လား၊(ဟုတ်ပါတယ်)။
ပြည်သူတွေက ညံ့လို့လား
သူပညာရှိတယ်ဆိုတာသိလို့လား
(ပညာရှိတယ်ဆိုတာ သိလို့)ဟုတ်လား။
ဒါဆို ဒီကကလေးတွေလဲ တော်ကြပါတယ်နော်၊
(တော်ကြပါတယ်)
အေး
တို့ဘုရားရှင်ဟောကြားတဲ့
အကျင့်သိက္ခာအရ အယုတ် အမြတ်ခွဲခြားတဲ့
အာစာရကုလပုတ္တဝါဒအရ-ကြည့်ရင်
ဒီနိုင်ငံမှာရှိတဲ့(လူဝတ်ကြောင်)ယောက်ျားမိန်းမ
တွေထဲမှာ တို့ည်သုတွေရွေးလိုက်တဲ့ခေါင်းဆောင်ဟာ
ယောက်ျားဖြစ်လို့ဘား?
မိန်းမဖြစ်လို့လာ?
မြတ်လို့လာ?
(မြတ်လို့ပါ)
ဘာဖြစ်လ်ို့ မြတ်တယ်လို့ ပြောနိုင်တာလဲ?
(ပညာတတ်လို့)
ပေး..ဟုတ်တယ်။
ဒါဆို တို့ပြည်သူတွေရော
ညံ့ကြလို့လား တော်ကြလို့လား?
(တော်ကြလို့ပါ)
အေး
သားတို့ သမီးတို့လဲ ယောက်ျားလေးဖြစ်ဖြစ်
မိန်းကလေးဖြစ်ဖြစ် ပညာအတတ်ဆုံဖြစ်ရင်
အမြတ်ဆုံးပုဂ္ဂိုလ် မဖြစ်နိုင်ဘူးလား?
(ဖြစ်နိုင်ပါတယ်)
တနေ့ကျ ဒီထဲမှာရော
သမတဖြစ်မယ့်လူ မပါဘူးလား?
(ပါပါတယ်..)
အေး
ဖြစ်နိုင်ကြပါစေ...!
၁၅.၁.၁၆၊ခေတ္တ ကျည်တောင်ကန်၊
နေပြည်တော်။
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
ဓမ္မဘေရီဆရာတော်

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.