အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 16, 2016

“ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဘုရားရှိခိုး+မေတ္တာပို့”


•••••••••••••••••••••••••••••••••••••••
“၀န္ဒနာပဏာမ အာသီသဘုရားရှိခိုး”
•••••••••••••••••••••••••••••••••••••••
“ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကသာ တဿ။”
ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊
လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊
အပ္ပမေယျ - ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ - ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊
မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊
စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊
အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊
အားထုတ်တော်မူရသည်ဖြစ်၍၊
ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊
နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော - ဘ၀တန်တန်၊ ကြိမ်ဖန်များစွာ၊
ရောက်တော်မူခဲ့ရရှာလေပြီ။
မဟာကရုဏိကဿ - သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊
သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊
တႆ နာထႆ - ေ၀ေနယ်မ်ားစြာ၊ သတၱဝါ၏၊
ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊
ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊
အတ္ထု - ဘ၀တု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
“မေတ္တာပို့”
•••••••••••••••
(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ) ×၂
(မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ) × ၂
(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ) × ၂
“ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။
မနောသရသိ သဗ္ဗေသံ၊ ပ၀ါယန္တု သုဂန္ဓကာ။”
မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟု၊
ရောင်မြူပ၀င်း၊ ငွေလမင်းနှင့်၊ ရောင်ချင်းယှက်ရုံ၊
ပေါင်းစုရခြင်းကြောင့်။
သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏။
မနောသရသိ - မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊
ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌။
သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ၊
သာယာပွင့်လန်း၊ ချမ်းသာသုခတည်းဟူသော ကုမုဒြာကြာပန်းတို့သည်၊
ဖုလ္လန္တာ - ၀မ်းသာရွှင်မြူး၊ ၀တ်မှုံလူးလျက်၊
ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍။
သုဂန္ဓကာ - လေအောက်လေထက်၊ ရောယှက်သင်းပျံ့၊
ပီတိတည်းဟူသော ရနံ့တို့သည်။
ပ၀ါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေကုန်သတည်း။
“မေတ္တာပို့”
•••••••••••••••
“ဓမ္မေသဓံ ပိဝိတွာန၊
ဝိသာ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိတာဝံ၊
နိဗ္ဗာနံ ယန္တု သာဓဝေါ။
ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊
ကင်းပျောက်ကြည်အေး တရားဆေးကို၊
ပိဝိတွာန - ၀မ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊
ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊
သမူဟတာ - ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့၊
ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊
ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။
အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊
သေခြင်းလည်း ရှင်းထသော၊
သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊
ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊
နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊
သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊
သူတော်စင် အများတို့သည်၊
ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊
ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။
-(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
All updates reader ​မောင်​​ပေါက်
မှ တဆင့်​ ကူးယူသည်။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.