အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 16, 2016

သီတဂူမေတ္တာပို့ဂါထာ

မေတ္တာနိသာကရော လောကေ၊ သမ္မာ ဘာတု သုခံကရော။ မေတ္တာသီတလရံသီဟိ၊ သုခန္တု ဖုသိတာ ပဇာ။ 
လောကေ- သတ္တ၀ါအလီလီ ခိုမှီပေါလှ လောကဓာတ်ကမ္ဘာအတွင်း၌။ မေတ္တာနိသာကရော- မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်။ သတ္တ၀ါတတွေ အေးမြစေဟု အသရေရွှန်းကာ ကောင်းမွန်စွာသာလျှင်။ သုခံကရော- သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကို ပြုလျက်။ ဘာတု- ရန်လည်းကင်းဝေး ဘေးလည်းမခ
အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း။ မေတ္တာသီတလ ရံသီဟိ- မေတ္တာဖွေးလျှပ် အအေးဓါတ်ဆောင် အရောင်အ၀ါတို့သည်။
ဖုသိတာ- အဖုံဖုံလွှမ်းထုံ မွှန်းမလပ် တွေ့ထိအပ်ကုန်သော။ ပဇာ ကမ္ဘာ့ခေတ်ဗွေ အပြေပြေ၌ တည်နေများစွာ သတ္တ၀ါတို့သည်။
သုခန္တု- ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.