အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ
Saturday, January 16, 2016
ယဉ်ကျေးလိမ္မာကဗျာများ
ကလေးနာရီ
---------------
ကြယ်နီပေါ်တဲ့ မိုးသောက်ယံ
မ,လေး နိုးချိန်တန် ။
နေဖလ်ဝါစက် တောင်ပေါ်တက်
မ,လေး စာကိုကျက် ။
ဆွမ်းခံဝင်တော့ မ,လေးခင်
လွယ်အိတ် လွယ်ကာပြင် ။
ပျော်ပျော်ရွှင်ရွှင် ဖော်အများ
မ,လေး ကျောင်းကိုသွား ။
ခေါင်းလောင်းသံက တချိုချို
ကျောင်းတက်ချိန်ပါ ကို ။
နေညိုညို ကျောင်းကဆင်း
မေမေ့ ရင်ခွင်တွင်း ။
ဖိုးလမင်း ဘော်ငွေရောင်
မ,လေး ပုံနားထောင် ။
ကြယ်ပြောင်လေးတွေ မျက်စိမှေး
မ,လေး အိပ်ပြီလေး ။
တင်မိုး
------------------------------------------------
ရှုတိုင်းယဉ်
-----------
အဖေ အမေ မြန်မာသွေးမို့
မြန်မာမလေး အစစ်ပါရှင် ။
မြန်မာဆန်အောင် တမင်ရွေးလို့
စံပယ်လေးလို့ အမည်တွင် ။
မြန်မာ့အမြင် ရှုမငြီးအောင်
ကြက်တောင်စည်းနဲ့ အလှပြင် ။
မြန်မာ့ရိုးရာ သနပ်ခါးနဲ့
ပါးကွက်ကြားလေး ပါးမှာတင် ။
ရင်ဖုံးအင်္ကျီ ချိတ်ထဘီလှနဲ့
မြန်မာပီသ ၀တ်စားဆင် ။
သူများဟန်ပန် ဘယ်မတုနဲ့
ကိုယ့်ယဉ်ကျေးမှု ကိုယ်ချစ်ခင် ။
ရှုတိုင်းယဉ် ရှုတိုင်းယဉ် ။
မြေလတ် မောင်မြင့်သူ
------------------------
 *****ကလေးတို့ ရင်ဖွင့်သံ*****
သားသားတို့က ကလေးပါ
မီးမီးတို့က ကလေးပါ
ကလေးဆိုတာ မဆိုးပါ
ကလေးဆိုတာ မသိတာ
ကလေးဆိုတာ နားမလည်တာ
နားလည်အောင်သာ ပြောပေးပါ
နားထောင်ချင်အောင်ပြောပေးပါ
****************
သူငယ်ချင်း-----
လောကကြီးမှာ....
မင်း မရှိလည်း ဖြစ်တယ် ။
ငါ မရှိလည်း ဖြစ်တယ် ။
( ဘယ်သူမှ မရှိလည်း ဖြစ်တယ် ။)
ဒါပေမယ့်...
မင်း မရှိတဲ့အခါ မင်းရဲ့တန်ဘိုး
ငါ မရှိတဲ့အခါ ငါ့ရဲ့ တန်ဘိုး
( ကျန်ရစ်သူတွေ )
တန်ဘိုးထား, မြတ်နိုးတတ်အောင်
ပြောဆို, ကျင့်ကြံ, နေထိုင်ခဲ့ဖို့တော့ လိုမယ်နော် ။
လွမ်းဝေ
----------------------------------
ဝါတွင်းချိန် ...................... ဆွမ်းခံတော် ကိုရင်ကြွတော့ မယ် စ,လို့ မေးလိုက်တယ် ။ ရှင်လိင်ပြန် ဘယ်တော့ရက် ထွက်ခဲ့ပါ့မယ် ။ မျက်နှာငယ်ငယ် ဘယ့်နှယ်မှ မမိန့် ။ သည်တစ်ဝါ အနိုင်ခဲလို့ နွှဲရရှာလိမ့် ။ မင်းသုဝဏ် လူဖြစ်ရှုံးသူ မိ,ဘ နှစ်ဖြာ ရှိနေပါလည်း ကျေးဇူးမသိ မဆပ်ဘိက တစ်သက်လုံးလုံး လူဖြစ်ရှုံးဧ။် ။ တရားတစ်ပုဒ်မ နွားကျောင်းသား နွားကျောင်းသားလေး ဖိုးသာအောင် လေးခွ လွယ်အိတ်ဆောင် ။ ပုဆိုးပေါင်လယ် ခမောက်ဆောင်း နွားအုပ် ရွာ့ပြင်မောင်း ။ နွားခလောက်သံ ဒိုး ဒိုး ဒေါင် စားကျက် ကွင်းလယ်ခေါင် ။ နီရောင် ရွှေရောင် နွားတစ်သင်း မြူးပျော် စားပွဲကျင်း ။ စိမ်းမြ ရွက်စို သစ်ရိပ်ညို ချွေးသိပ် နားလို့ခို ။ ပုလွေတို မှုတ်ကာ လေပြေလှိမ့် သာအောင် ကြည်နူးငြိမ့် ။ စအု, စံပယ် နွားရွှေနီ အစာ ၀,ချေပြီ ။ တိမ်ပန်းချီ စုံ နေညိုတော့ အိမ်ကို ပြန်ခဲ့ပေါ့ ။ အောင်မြင့်မိုး ထိပ်ဆုံး သို့ တစ်တောင်ပေါ် တစ်တောင်ဆင့် တောင်အမြင့် ပတ်ခြံရံ ။ တစ်တောင် ဆုံးပြန်တော့ တစ်လုံး ကျန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုး လျှောက်ရပြန် ။ ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ် ကြံ အမှန်တော့ ဖြစ်နိုင်မလား ။ စ, ခဲ့မိ ဟာပေါ့... တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့် အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေဦး ။ မာလာငွေ ကန်ရေအေးရယ်နှင့် ငှက်တေးကို အာရုံဆင်လို့ မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်ဖွယ့် လူသား ။ အမည်မသိ စွယ်စုံ အလှ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်းဧ။်သားငယ် သက်နှစ်ဆယ်သည် ဘယ်ပညာမှာ တော်သနည်း ။ တော်သည်ခြင်းရာ ဆိုသည်မှာကား လက်ရာ ဆန်းသစ် ခေတ်မီ ဆန်းပြား တိုင်းခြားနည်းစုံ အဖုံဖုံကို တတ်ရုံမျှဖြင့် မပြီးသေး ။ တို့မြေ တို့ရေ တို့အခြေနှင့် တို့ငွေ တို့အား တို့စိတ်ထားနှင့် စည်းဝါးကိုက်ညီ ညှိကြံစည်မှ တော်သည်ယူဆ စွယ်စုံလှ ။ ဇော်ဂျီ လုပ်အား အလှ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်းဧ။်သားငယ် သက်နှစ်ဆယ်သည် ဘယ်အလုပ်ကို လုပ်မည်နည်း ။ အလုပ်ခြင်းရာ ဆိုသည်မှာကား ကာယ ဉာဏ စွမ်းပြ အင်အား တစ်ပါးပါးဖြင့်... မနားမသုန် ဖိန့်ဖိန့်တုန်အောင် လုပ်ရုံမျှဖြင့် မပြီးသေး ။ စား, ၀တ်, နေမှု ဤသုံးခုကို လူ့ဓမ္မတာ ဆည်းပူးရာဝယ် ပြည်ရွာအကျိုး အများကျိုးလည်း သယ်ပိုးပါမှ လုပ်အားလှ ။ ဇော်ဂျီ ၀ါတွင်းချိန် ငှက်ကလေးက စိုးစီ စိုးစီ ၀င်းပေါက်မှာ မြည် ။ ချိန်တန်ပြီ ညီမထွေးရဲ့ ဆွမ်းချက်စို့လေး ။ ဦးပေါင်းကို ဆွမ်းတော်တင် သုံးချောင်းထောက် ပြင် ။ သံလွင်လွင် ကြေးစည်တီးလို့ ထွန်းတဲ့ ဆီမီး ။ အမျှတဲ့ သုံးကြိမ်ဝေ သွန်းတဲ့ ညောင်ရေ ။ မာပါစေ ကမ္ဘာသား အောက်, ထက်, နံ, လျား ။ ရွာဦးက ကြေးစည်သံ ကျောင်း ဝေဠုဝန် ။ ဆွမ်းတော်ခံ ကိုရင်ကြွလိမ့် ဆွမ်းအုပ် ပြင်ပ ။ ကိုရင်ကြီး ပျိုတို့မောင် ညှိုးနွဲ့ ယောင်ယောင် ။ ပျိုတို့မောင် မာပါစ မေးလိုက်ပါ ကြ ။ မာပါရဲ့ အထွေးရယ် ပြောလိုက်ပါကွယ် ။ ရွာလယ်မှာ ကိုရင်ပန်းလို့ နွမ်းလျ ရိနွမ်း ။ ကပ္ပိယ အဖိုးအို ဆိုးလှတယ် ဆို ။ တို့ကိုရင် ထိပ်ပြောင်သားကို ခေါက်လိမ့်လေလား ။ ဟင်းလေးကို ကျိုချက်လို့ မနက်က ထည့်လိုက်တယ် ကိုရင်ဖို့ကွယ် ။ ရွာလည်မှာ သူငယ်လဲတယ် ဆွမ်းတော်ခွက် ကွဲ ။ ချာရစ်လေး မပျောက်ခင် ထွက်ခဲ့စေချင် ။ ရှင်လိင်ပြန် ဆံရှည်ထားပါနဲ့ သန်းတွေက များ ။ လိင်ပြန်ရင် ကိုရင်ဝတ်ဖို့ ပလေကပ် အနံကျယ် ဈေးကြိုက ၀ယ် ။ အနံကျယ် ခါးပုံနွဲ့တယ် ဆုတ်လိုက်ပါ တဲ့ ။ ဆွမ်းခံတော် ကိုရင်ကြွတော့ မယ် စ,လို့ မေးလိုက်တယ် ။ ရှင်လိင်ပြန် ဘယ်တော့ရက် ထွက်ခဲ့ပါ့မယ် ။ မျက်နှာငယ်ငယ် ဘယ့်နှယ်မှ မမိန့် ။ သည်တစ်ဝါ အနိုင်ခဲလို့ နွှဲရရှာလိမ့် ။ ကိုရင်ကြီး လာမယ်ဆို ၀င်းပေါက်က ကြို ။ အို အလို ကိုရင်ထွက်ကယ် ငါး ငပိချက် ။ မင်းသုဝဏ် အဆုံးအမ လူခြေတိတ်လို့ အိပ်ယာဝင် တို့မေမေက သင် ။ " စကားဆိုလျှင် ချိုသာဖို့ ယဉ်ကျေးပါစေ " လို့ ။ နေခြည်ဝင်းလို့ မိုးလင်းစဉ် တို့ဖေဖေက သင် ။ " အရာရာတွင် ဖြောင့်မှန်ဖို့ ရဲစွမ်းပါစေ " လို့ ။ ခေါင်းလောင်းသာလို့ ကျောင်းမှာဝင် တို့ဆရာက သင် ။ " ပညာရေးတွင် ထူးချွန်ဖို့ ဇွဲ,ကောင်းပါစေ " လို့ ။ တင်မိုး ရုန်းကန်ရင်းနဲ့ တို့ဘ၀ လေထန်တိုင်းသာ ပွင့်ကြွေပါမူ ဘယ်မှာပန်းများ ကျန်မည်နည်း ။ လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ ဘယ်မှာမြေကြီး ကျန်မည်နည်း ။ ကျရှုံးတိုင်းသာ ငိုရပါမူ ဘယ်မှာမျက်ရည် ကျန်မည်နည်း ။ အမှောင်တစ်ဝက် လင်းတစ်ဝက်သည် တစ်ရက်တစ်ခါ ကြုံမြဲသာတည်း ။ အရှုံးတစ်လှည့် နိုင်တစ်လှည့်သည် မျက်လှည့်ပမာ တွေ့မြဲသာတည့် ။ ဘ၀သည်ကား တိုက်ပွဲများပင် လှုပ်ရှားရသော လူ့ရွာတောဝယ်... လင်းသော မှောင်သော အောင်သော ရှုံးသော မုန်းသော ချစ်သော သစ်သော ဟောင်းသော ပူသော အေးသော နုသော ကြမ်းသော စောကြောစိတ်ဖြာ မနေသာပေ ။ လဲရာက ထ, ကျရာက တက် ပျက်ရာကဆောက် ရှေ့သို့လျှောက်၍ ရောက်ရာဘ၀ အားမာန်ပြရင်း ရုန်းရ ကန်ရမည်တကား....။ ( ဦးအောင်သန်းထွန်း - မုံရွာ ) အမေ့ကျောင်း နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားရမယ် ။ ဗျိုင်းဖြူလေးရယ် ကျွန်တော်သွားတော့ လိုက်မလားကွဲ့ ပျော်လှတယ် ။ သင့်မှာတောင်ဟုန် လေစုန်စီးရင် ဒုံးပျံကြီးထက် မြန်လိမ့်မယ် ။ ဖိုးလ၀ါဝါ ပြူကာထွက်တော့ ကျောင်းတက်ချိန်လို့ မှတ်ရတယ် ။ အမေ့ရင်ခွင် ထိုင်ခုံလုပ်လို့ ငုတ်တုတ်ကလေး ထိုင်ပါ့မယ် ။ ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့ ကြယ်ဝလုံးတွေ ရေးရတယ် ။ ကမ္ဘာ့မြေပုံ တိမ်တွေရှိပါ့ အလွယ်ကြည့်လို့ သိနိုင်တယ် ။ အမေ့နှုတ်သံ တ အေး အေး နဲ့ ကဗျာတေးတွေ သင်ပေးတယ် ။ ကျောင်းအားချိန်မှာ မေမေကျွေးလို့ ချိုချိုမွှေးကို စို့ပေါ့ကွယ် ။ ရွှေကျား ရွှေယုန် ပုံပြင်ခင်းတော့ အင်းအင်းလိုက်ကာ နားထောင်မယ် ။ အမေ့ကြာနွယ် လက်သွယ်ပျောင်းမှာ မျက်တောင်ညောင်းတော့ အိပ်ရောကွယ် ။ သူငယ်အိပ်ချိန် ကြက်သံညောင်းမှ အမေ့ကျောင်းလည်း ဆင်းတော့တယ် ။ သွားမယ် သွားမယ် ။ တင်မိုး ဆယ့်နှစ်လရာသီပွဲတော်များ ( စည်တော်သံ ) မိဿခွင်ချိန်ဦး... တန်ခူးလ သည်ရာသီ လွဲခဲ့ပြန်ပြီ ။ မန်းရွှေပြည် ရေသွန်းချိန်ခါမှီမို့ တစ်ပြည်စံ မောင့်နှမကို လွမ်းပါလှလေး ။ လကဆုန် ညောင်ရေပွဲနှင့် လွဲရှာပေါ့ တစ်ကျွန်းပျော် လွမ်းမိသနော် ။ တူနှစ်ဖော် နေပြည်တော်စံတဲ့ ကျေးငယ်နှင့် ဝေးကွာလို့လေး ။ လမေဓုန် နယုန်ကျလို့ သာသနာ့ ဒါယကာ လွမ်းမိဖြာဖြာ ။ ခုနှယ်ခါ သုဓမ္မာ ရွှေစာပွဲနှင့် လွဲပြီဖျလေး ။ ချိန်ရာသီ ကာရကဋ်မို့ နှစ်ပါးနတ် တစ်ကျွန်းပါ လွမ်းမိခါခါ ။ ရိုက်ချုံးငယ်ညာ ပဉ္စင်းတော် ချိန်ခါနှင့် နန်းနှစ်ဖြာ နယ်မြေဝေးလို့ လွဲရှာပေါ့လေး ။ သိဟ်ရာသီ ၀ါခေါင်လမို့ မောင်နှမ တစ်ကျွန်းစံ လွမ်းရဖန်ဖန် ။ အဆွေးငယ်လျှံ စာရေးတံ အလှူပွဲနှင့် လွဲပြီဖျလေး ။ ကန်ရာသီ တော်သလင်းမို့ ပျော်ခင်းပ ရေသဘင် ဧမြကြည်လင် ။ တိုင်းကြီးပြည်ရှင် ရေသဘင် လှေယာဉ်ပွဲနှင့် လွဲပြီဖျလေး ။ တူရာသီ ကျွတ်သီတင်းမို့ ရွှေမြင်းမိုရ် ပွဲတော်မှီ လွမ်းလိမ့်သီသီ ။ စံတော်ပြည် လှည့်လည်ကာ လွန်ထိန်ညီးလို့ ရွှေမီးတိုင် လှူတော်ပွဲနှင့် လွဲပြီဖျလေး ။ လ,ဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး ။ အဖန်ဖန် မြမောင်နှံ နှစ်ကိုယ်တ,လို့ လွမ်းရှာကြလေး ။ လနတ္တော် လေပြန်ခ,လို့ ဟေမန္တ သည်ချိန်ခါ လွမ်းပြန်သည့်တာ ။ ငွေနှင်းငယ်ဖြာ နတ်များစွာ တင်သ,မှီးလို့ ဆက်ထီးတော် လှူတဲ့ပွဲနှင့် လွဲပြီဖျလေး ။ လပြာသိုလ် ရာသီတွင်းမို့ မြင်းခင်းတော် ချိန်ခါမှီ လွမ်းပြန်ခဲ့ပြီ ။ ခုနှယ်ဆီ မန်းရွှေပြည် စံတော်နန်းကို တမ်းတလို့ဆွေး ။ ကုံရာသီ တပို့တွဲမို့ လွဲရှာပေါ့ နေနှစ်ဆူ ပွဲယာဂုလှူ ။ ဗုဒ္ဓင်္ကူ အလှူတော် ယာဂုပွဲနှင့် လွဲပြီဖျလေး ။ မိန်ရာသီ လတပေါင်းမို့ ညှာညောင်းလို့ ရွက်သစ်ချီ ဖူးညွန့်စီစီ ။ မန်းရွှေပြည် သဲစေတီ လှူတော်ပွဲနှင့် လွဲပြီဖျလေး ။ ရှေးရေး ( ပါတော်မူပြီး ) စုဆောင်းသူ-ဒဂုန်နတ်ရှင် ( စာပေ၀တ်ဆံ ) သင့်ရာနေတတ် ရှိခိုးတတ် ♡ ဘုန်းဘုန်းရှေ့မှာ ဘယ်နေရာ၊ နေသင့်သလဲ ရွေးချယ်ပါ။ ♡ ဝေးလွန်းနေရာ မနေသင့်ပါ၊ နီးလွန်းရာလည်းမနေအပ်ပါ။ ♡မြင့်မောက်ရာနှင့် လေညာလေဆန်၊ နေမိလျှင်လည်း နေရာမမှန်။ ♡ရှေ့တည့်တည့်ထံ မနေရ၊ နောက်ကွယ်ရာလည်း ဟန်မကျ။ ♡ဒီပြစ်ခြောက်ဝ လွတ်ရာနေ၊ ဆရာကောင်းတပည့်တွေ ပီသစေ။ ♡တည်ခြင်းငါးထွေ ညီစွာပ၊ ( သုံးကြိမ်ဦးချ ရှိခိုးကြ။)၃ ဆပ်၍မကုန် ကျေးဇူးဂုဏ် မိကိုလက်ျာ ဘကိုလက်ဝဲ ကိုင်ချီစွဲလျှက် ပခုံးထက်ဝယ် အသက်ရာတိုင် မမုန်းနိုင်ဘဲ ဆုံးတိုင်ဝတ်တွား လုပ်ကျွေးငြားလည်း မွေးဖွားပိုက်ကြူး ရှေးတင်ဖူးသည့် ကျေးဇူးဂုဏ်ပြိုင် မဆပ်နိုင်ခဲ့ ။ ( ကိုးခန်းပျို့ ) လူ့ဘုံဌာန ဤလောက၌ ဘကိုလက်ျာ မိမှာလက်ဝဲ အမြဲဆောင်ရွက် ပုခုံးထက်သို့ တင်လျှက်လုပ်ကျွေး မပြတ်မွေးလည်း ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး ။ ( မဃဒေ၀လင်္ကာ ) သမီးလေး သမီးလေး သမီးလေး မေမေ့ရင်သွေး သမီးလေး ။ သမီးကလေး အိပ်နေတာ ချစ်ဖို့ ကောင်းတယ်ကွာ ။ ပါးကလေးတွေ အိအိဖောင်း မွှေးမွှေးပေးဖို့ အလွန်ကောင်း ။ မေ့သမီးလေး ပါးဖောင်းဖောင်း ။ လွမ်းဝေ ငါ ငါ ရာဂ စွဲလို့ကို မျက်တောင်တစ်ယှက် လျှပ်တစ်ပြက်နှယ် အသက်နည်းပါး အနာများ၍ ခေါင်းပါးလူဖြစ် ပူခြစ်လောင်ဆာ ဗျာပါပွေရှုပ် စည်းစိမ်နုတ်ကို ဟုတ်လိမ့်နိုးနိုး အထင်မျိုးဖြင့် ချစ်ကြိုးဖွဲ့နှောင် ခုတိုင်အောင်တည်း ။ ပုပ်ကောင်စင်းစင်း ထွီ,ဖွယ်ရင်းကို " နနွင်း,ဆား,နယ် ငါးသဖွယ်သို့ " တင့်တယ်လှဆန်း ယာယီပန်းကို စူးစမ်းဆင်ခြင် ပိတ် မမြင်ခဲ့ ။ မီးတွင်အပူ ရှိပါမူလည်း နီဖြူရောင်ဝင်း ဖုံးလွှမ်းခြင်းကြောင့် ပူခင်းဆိုင်ဆိုင် မမြင်နိုင်ဘဲ အပြိုင်ဆင်းကာ သေကြရှာသား ရောင်ဝါရွှန်းစက် ပေါ်ယံမက်သည့် ပုရွက်,ပလူ ပိုးအတူလျှင် အပူရှိန်ရှိန် ခန္ဓာအိမ်၌ ပညိန်စူးရှ လင်းမရ၍ သုခခြောက်မည် အပေါ်ရည်ကို အတည်ရှိမြဲ ချမ်းသာပဲဟု အစွဲပြင်းထန် ဥပါဒါန်ဖြင့် သံသရာလုံး ထုံးကြီးထုံး၍ မဆုံး အို,နာ သေကြရှာသည် ငါ ငါ ရာဂ စွဲလို့ကို ။ လယ်တီဆရာတော် ဦးပဒုမ ( အရိယသစ္စဒီပနီကျမ်း ) တာဝန် ကြွေလည်း တစ်ချို့ ဝေ တစ်ချို့တွေ ရှိလေသော်ငြား... ကိုင်းဖျား ပင်စည် ရှင်တည်ဖို့ အရေး တာဝန်ပေးမို့... မြေသွေးဆီလွှာ ဆက်ဖွေရှာမည် ပင်စည် တည်၍ ဆုံးသည့်တိုင် ။ ထူးကောင်း မှန်ဖြင့် ရှုလျှင်... မသာလောင်းနှယ် ဤကိုယ်ဝယ် ရွံဖွယ် အတိသာ ။ ဘင်ပုပ် ကျင်ပုပ် သလိပ်ပုပ် စက်ဆုပ်ဖွယ် ချည်းသာ ။ ပိုး,ဖဲချည်လွှာ ကတ္တီပါ အနာ ကြပ်စီးတာ ။ ကြပ်စီးသော်လည်း နံ့ဆိုးပဲ ထွက်မြဲ ထွက်သည်သာ ။ နေ့ညမရွေး ရေချိုးပေး ဖန်ဆေး ရသည်သာ ။ ဖန်ဆေးသော်လည်း နံ့ဆိုးပဲ ထွက်မြဲ ထွက်သည်သာ ။ နံ့သာမျိုးစုံ မွှေးအထုံ ဆေးအုံ ရသည်သာ ။ ဆေးအုံသော်လည်း နံ့ဆိုးပဲ ထွက်မြဲ ထွက်သည်သာ ။ ဆေးမအုံက ပုပ်သိုးလှ ယုတ်စွ ဤခန္ဓာ ။ ယင်းသို့ဖြစ်ဟန် သဘောမှန် ဉာဏ်ဖြင့် ရှုစမ်းပါ ။ ဉာဏ်ဖြင့်ရှုက အသုဘ မုချ ပေါ်မည်သာ ။ မှန်ဖြင့်ရှုလျှင် သုဘထင် အမြင် လွဲတော့တာ ။ အမြင်လွဲက နိဗ္ဗာန ဝေးနေရ ပြီသာ ။ လယ်တီဆရာတော် ဦးပဒုမ ( အရိယသစ္စဒီပနီကျမ်း ) လူလေးသိချင်တယ် လူလေး ။ ။ မိုးကောင်းကင်ကြီး ဘယ်လေက်ကျယ် လူလေး သိချင်တယ် ။ မေမေ ။ ။ သိချင်ရင်ကွယ် မေမေ့သား ဒုံးပျံစီးလို့သွား ။ လူလေး ။ ။ ပင်လယ်ပြင်ကြီး ဘယ်လောက်ကျယ် လူလေးသိချင်တယ် ။ မေမေ ။ ။ သိချင်ရင်ကွယ် မေမေ့သား သင်္ဘောစီးလို့သွား ။ လူလေး ။ ။ မေမေ့ရင်ခွင် ဘယ်လောက်ကျယ် လူလေးသိချင်တယ် ။ မေမေ ။ ။ သိချင်ရင်ကွယ် မေမေ့သား မေမေ့ရင်ခွင် အိပ်ပါလား ။ တင်မိုး လူမိုက်ကိုရှောင်, မပေါင်းနှင့် လူမိုက်ကိုရှောင် မပေါင်းနှင့် ကျောင်းနေစဉ် အမေမှာ ။ မွေးမေမေ မှာစကားကို သားလူငယ် ရင်မှာထား နားထောင်ခဲ့ပါ ။ ကျောင်းနေခိုက် ပညာရှာ လူလိမ္မာ ရှိရာတွေ့ ဆွေသဟာ အဖော်ကောင်းတော့ ပေါင်းပျော်ရွှင်မွေ့ ။ ပညာရှင် လူအပေါင်းကို ညွတ်ပျောင်းလို့ ဆည်းကပ်ရာ အမေမှာ ဆိုစကား နားထောင်ခဲ့ပါ ။ ပညာရှိ မြတ်ဆရာ သိပညာ ဝေကာပေး သားလူငယ် ပညာရလို့ လိမ္မာခဲ့သေး ။ ဘုရား, တရား, သံဃာနှင့် နှစ်ပါးမိဘ မြတ်ဆရာ ကျေးဇူးဂုဏ် အနန္တ နှိုင်းမရပါ ။ သားရင်သွေး အလိမ္မာ ဆင်ခြင်ကာ မာန်လျှော့ ပူဇော်ရာ ဂုဏ်အင်ထူးကို ရည်စူးကန်တော့ ။ နုယဉ် အမေ့သား ( ကလေးကဗျာ ) အမေရယ် အမေရယ် ။ မေ့သားမောင် မိုးပေါ်က လ, ဖြစ်ချင်တယ် ။ တိမ်တောင်တွေ အလယ် ငွေကြယ်တွေ အကြား ။ အမေ့ကို ကြည်ရွှင်ပြုံးအောင် တူ, ပုန်းမယ့်သား ။ အမေရယ် အမေရယ် ။ မေ့သားမောင် ကြည်ရွှင်လန်း ပန်း ဖြစ်ချင်တယ် ။ အမေ့ရဲ့ ကေသွယ် ဆံနွယ်ရဲ့ အကြား ။ ကြိုင်လိုက်မယ် စံပယ်ကုံး ပြုံးချိုမယ့်သား ။ အမေရယ် အမေရယ် ။ မေ့သားမောင် ရွှေဉာဏ်အိုး မိုး ဖြစ်ချင်တယ် ။ တောတွေရဲ့ အလယ် တောင်စွယ်ရဲ့ အကြား ။ အမေ့ဆီ ဦးခိုက်လို့ ရွာလိုက်မယ့်သား ။ အမေရယ် အမေရယ် ။ မေ့သားမောင် "အမေ့သား"လို့ ကြွားနေလိုက်မယ် ။ အမေရဲ့ ရွှေလက်သွယ် ရင်ခွင်လယ် အကြား ။ စိတ်ကူးဉာဏ် မောင်မချဲ့ သားဆိုတဲ့သား ။ တင်မိုး ဗုဒ္ဓ၀ါဒီ စွဲ၍တည် အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် တံဆိပ်တတ်မှ မပျက်မစဲ အိုးပင်ကွဲလည်း အမြဲတစေ တည်ရှိနေသို့... ထွေထွေသွေးသား ကလေးများ၌ ဘုရားတံဆိပ် ဘာသာစိတ်ကို ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင် ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်... ကိုယ်စီ ခတ်နှိပ်စေသတည်း ။ အမရပူရမဟာဂန္ဓာရုံဆရာတော် ငယ်ငယ် ကြက်ကလေး ငယ်ငယ် ဘယ် ဘယ်သို့ သွား ။ သူ့ဝမ်းစာ ဖွေရှာကောက်ဖို့ တဲအောက်ကို သွား ။ ကြောင်ကလေး ငယ်ငယ် ဘယ် ဘယ်သို့ သွား ။ စပါးကျီ အဖီဘက်ကို ကြွက်ခုတ်ဖို့ သွား ။ ရှဥ့်ကလေး ငယ်ငယ် ဘယ် ဘယ်သို့ သွား ။ ဟိုပင် သည်ပင်ကူးလို့ သစ်သီးခူး သွား ။ ညီပုလေး/ညီမလေးငယ်ငယ် ဘယ် ဘယ်သို့ သွား ။ စာကျက် စာအံနှင့် ခေါင်းလောင်းသံ သာငြိမ့်ညောင်းတယ် ကျောင်းတက်ဖို့ သွား ။ နုယဉ် ပိန်းရွက် ထီး လေပြင်းက လာ ရွာပါတဲ့ သည်မိုး ။ တို့တွေ အိမ်ပြန်ခက်လို့ ပိန်းရွက်ကို ကိုင်ကာချိုး ထီးလုပ်လို့ မိုး ။ နုယဉ် အ၀တ်ပုဆိုး တန်ဆာမျိုးကား တိုး၍တိုး၍ တစ်နေ့ဆယ်ခါ လဲပါတုံရှောင်း သစ်တိုင်းကောင်းဧ။် ။ အပေါင်းအဘော် ဟူတုံသော်မူ ငယ်ဖော်ငယ်ပေါင်း ဟောင်းတိုင်းကောင်းဧ။် ။ မာန်လည်ဆရာတော် ( မဃဒေ၀လင်္ကာ ) "သနားစရာပဲ" ( ကဗျာပုံပြင် ) ညီထွေးကလေး လာစမ်းကွာ ကိုကို ပုံပြောမှာ ။ ပုံပြောပြတာ ငြိမ်ငြိမ်တော့ ညီလေး နားထောင်နော့ ။ ရှေးရှေး အခါတုန်းကကွာ လူကြီးတစ်ယောက် ရှိလေရာ ။ သူ့ဝန်းကျင်မှာ ဆိုရင်တော့ ပညာတတ်ကြီးပေါ့ ။ သဒ္ဒါကျမ်းနဲ့ ဂဏန်း,သင်္ချာ သူက အဟုတ် တတ်မြောက်တာ ။ အက္ခရာသင်္ချာ ဗေဒင်များ သူက ကျွမ်းကျင် တတ်မြောက်ထား ။ တတ်မြောက်ထားတဲ့ ပညာတွေ အမှီရလို့ သူဟာလေ ။ မာန်, မာနတွေ ထောင်ကာလွှား ခန့်ညားထည်ဝါ နေတတ်သား ။ တစ်နေ့မှာတော့ လူကြီးဟာ ခရီးသွားဖို့ ကြုံရတာ ။ မြစ်တစ်ဖက်မှာ တည်ရှိတဲ့ ရွာကလေးကို သွားမှာကွဲ့ ။ ခရီးသွားမယ့် လူကြီးဟာ ပစ္စည်းစုံစွာ ယူလို့ပါ ။ လှေတစ်စီးကို ငှားပြီးတော့ တစ်ဖက်ကမ်းကို ကူးတယ်ပေါ့ ။ လှေစီးရင်းနဲ့ လူကြီးဟာ လှေသမားကို မေးတယ်ကွာ ။ သဒ္ဒါ,တတ်လား စာ,တတ်လား နက္ခတ်,ဗေဒင်...ကြည့်တတ်လား ။ မေးလိုက်တိုင်းလည်း လှေသမားဟာ မတတ်ပါဘူး ပြောလေရာ ။ ဟိုလူကြီးက ပြုံးမဲ့ မဲ့ "သနားစရာပဲ" တဲ့ ။ မြစ်အလယ်လောက် ရောက်တဲ့ခါ လေပြင်းတွေက တိုက်ခတ်လာ ။ လှေငယ်လေးမှာ ငြိမ်တော့ဘူး ဟိုယိမ်း သည်ယိုင် လွန့်လွန့်လူး ။ လေမုန်တိုင်းကြီး တိုက်လို့လာ လှေကလေးလည်း တိမ်းမှောက်ကာ ။ လူကြီးရောပါ လှေသမား ရေထဲပြုတ်ကျ သွားတယ်ဗျား ။ အဲဒီတော့မှ လှေသမားဟာ စကားတစ်ခွန်း မေးလိုက်တာ ။ "စာတတ်ပေတတ် နောင်ကြီးဗျား ရေကူးတတ်သလား?" မကူးတတ်ပါ ပြောသောခါ "သနားစရာပဲ" ပြောပြီးကာ ။ ကျွမ်းကျင်လှစွာ ဟိုအဝေး ကူးထွက်သွားတယ် လေး ။ လူကြီးကတော့ ရေထဲမှာ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စွာ ။ "ကယ်ပါ ယူပါ ညီထွေးရဲ့" အော်ဟစ် ငိုကြွေး ရှာသတဲ့ ။ လှေသမားလေး ပြန်လာကာ ဟိုလူကြီးကို ကယ်လို့သာ ။ ကမ်းနား,ရေတိမ် ရောက်တဲ့ထိ သယ်ဆောင် ကယ်တင်ခဲ့ပါဧ။် ။ လောကထဲမှာ လူများစွာ မိမိကျွမ်းကျင် လိမ္မာရာ ။ တတ်,သိပညာ ကိုယ်စီတော့ ရှိနေကြတာ အမှန်ပေါ့ ။ ငါပဲ တတ်သိနေသယောင် "တစ်ငါငါ"နဲ့ မာနထောင် ။ ညီထွေးမောင်ငယ် ချင့်စဉ်းစား "မလို မာန" ပယ်ဖျောက်ထား ။ ဖတ်မိ နားလည် သိစေသား ။ သိကာ လိုက်နာ ကျင့်စေသား ။ (မူရင်းပုံပြင် "What a pity" ဝေငှပေးသူ, မြန်မာပြန်ဖတ်ပြပေးသူများအား ကျေးဇူးတင်လျှက်...) လွမ်းဝေ လွမ်းစေတီ နှင့် စမ်းရေကြည် စမ်းရေကြည် လွမ်းစေတီ ရစ်ခွေဖူးလို့ ဦးခိုက်ညွတ်ပြောင်း.....။ လွမ်းစေတီ စမ်းရေကြည် ဆုမွန်ပေးတယ် အေးမြစေကြောင်း.....။ လယ်တွင်းသားစောချစ် " ဘူ " ( ကဗျာပုံပြင် ) ရှေးရှေးတုန်းက တောထဲမှာ ကြက်မိသားစု ရှိလေရာ ။ တစ်နေ့မှာ အစာရှာဖို့ ထွက်ခဲ့ကြတယ် ဗျို့ ။ ဟိုနားသည်နား အစာရှာ ပိညှပ်သံတွေ ဝေလို့ပါ ။ တောထဲမှာ လှည့်လည်သွား အစာရှာတဲ့ ကိုကြောင်ဖား ။ ကိုကြောင်ဖားကြီး ရှာနေပြန် ကြားလိုက်ရတဲ့ ပိညှပ်သံ ။ ပိညှပ်သံ ပျောက်လို့သွား ကြက်မိခင်က သိမ်းအုပ်ထား ။ တောင်ပံကြားက ကြက်ကလေးတွေ တိတ်တိတ်နေဖို့ ပြောထားပေ ။ အသံတွေ ထွက်ရင်တော့ ကြောင်ကြီးတွေ့မှာပေါ့ ။ ကြောင်ကြီးကလည်း လှည့်ပတ်ကာ ပိညှပ် သံကိုရှာ ။ ဝေးဝေးကို ဘယ်မသွား ပုန်းခိုနေတဲ့ ချုံပုတ်နား ။ မေမေရေ မေမေရေ သမီး အီးပေါက်ချင်လို့လေ ။ အသံလေး နည်းနည်းတော့ ထွက်ပါရစေ နော့ ။ မပေါက်ပါနဲ့ သမီးရယ် ကြောင်ကြီး ကြားလိမ့်မယ် ။ ကြောင်ကြီးသာ ကြားရင်တော့ တို့အကုန်လုံး စားမှာပေါ့ ။ မရလို့ပါ မေမေရယ် နည်းနည်းလေးတော့ ပေါက်ချင်တယ် ။ တကယ်ပါ နည်းနည်းလေး ပိစိညှောက်တောက် အသံလေး ။ ပြောမရလည်း သမီးရယ် နည်းနည်းလေးတော့ ပေါက်လိုက်ကွယ် နည်းနည်းနော် နည်းနည်းလေး ပိစိညှောက်တောက်လေး ။ အောင့်ထားရတဲ့ ကြက်ကလေးဟာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကာ ။ " ဘူ "ကနဲဆို တအားနဲ့ ပေါက်ချလိုက် သတဲ့ ။ " ဘူ "သံကြီးကို ကြားတဲ့အခါ ကြောင်ကြီး လန့်သွားကာ ။ ဦးတည်ရာ ထွက်ပြေးတော့ ဆူးပုံကြီးထဲ ကျလေရော့ ။ အန္တရာယ်လည်း ကင်းပြီပေါ့ ။ ပုံပြင်လေးက မှတ်စရာ သိပ်တော့ မပါ ပါဘူးဗျာ ။ ကြံဖန်ကာ ပြောရင်တော့ အောက်မှာ ဆက်ဖတ်ပေါ့ ။ ဘ၀တွက်တာ ကြိုးစား ရှာ အစာ, ချည်းပဲ မငမ်းနဲ့ကွာ ။ ဖြစ်ပေါ်လာမယ့် အန္တရာယ်များ စဉ်းစား ကြိုမြင် ကာကွယ်ထား ။ ကြက်မိခင်ကို အတုယူဗျား ။ သား သမီးတို့ မိဘများ ။ လွမ်းဝေအောင် ( ရွှေညောင်မြေ ) နဂါးမင်းကြီး ( ကဗျာ ) သားသား မီးမီး ဖတ်စရာ ပုံပြင်လေးပေါ့ကွာ ။ ရှေးသရောခါ လူတစ်ယောက် နံနက်စောစော လမ်းထ လျှောက် ။ လျှောက်လာရင်းနဲ့ တစ်နေရာ မြွေဆိုးတစ်ကောင် တွေ့လေရာ ။ ရှောင်သွားလို့လည်း ဘယ်မဖြစ် ထွက်ပြေးဖို့လည်း မဖြစ် ။ ပေါက်မယ် ပြင်လို့ မြွေဆိုးဟာ ရှေ့ကို တိုးတိုး တိုးတိုးလာ ။ ဟိုလူကြီးမှာ ကြောက်လန့်လျှက် ချွေးတွေ သေးတွေ ထွက် ။ ရုတ်တရက်ပေါ့ လူကြီးဟာ မြွေကြားလောက်အောင် ပြောလိုက်တာ " ဒီနေ့ နံနက် လွန်အမင်း ကံကောင်းလှလေခြင်း ။ နဂါးမင်းကြီး တွေ့ရတာ ၀မ်းသာလှတယ်ဗျာ ။ တစ်သက်မှာ တစ်ခါမျိုး ဖူးရခဲ,တယ် ဗျိုး " ။ ကြားလိုက်ပါတဲ့ မြွေဆိုးဟာ ခေါင်းမော့ ခါးဆန့် မာန်ဝင့်ကာ ။ နဂါးကြီးလို ခန့်ခန့်ငြား လှည့်ပြန်သွားတယ် ဗျား ။ သားသား မီးမီး မှတ်လိုက်ပါ မြှောက်ပင့်ပြောတာ ကြိုက်ကြတာ ။ လိုအပ်လာရင် ပညာနဲ့ မြှောက်ပင့် ပြောတတ်ပါစေကွယ့် ။ သုံးသပ် ဆုံးဖြတ်နိုင်စေကွယ့် ။ လွမ်းဝေအောင် ( ရွှေညောင်မြေ ) မယ်ဝ,လုံး ၀,လုံးလေးတွေ ၀ိုင်းအောင်ရေးလို့ မေ့ သမီးထွေး စာတတ်ပြီ ။ မပီ့တပီ နှုတ်သံထွက်လို့ ခိုးခိုးခစ်ခစ် ရယ်တတ်သည် ။ မမ,ကိုကို မြူကာ စ,တော့ စူပြနှုတ်ခမ်း လုပ်တတ်သည် ။ တစ်အိမ်လုံးမှာ အလှဆုံးမို့ မျိုးဆွှေအားလုံး ချစ်ကြသည် ။ မမ, ကိုကို ချစ်ဖွယ်တေးနဲ့ အိမ့်ဆည်းလည်းလေး အိပ်ချင်ပြီ ။ ကြိုးပုခက်ကို လွှဲကာပေးတော့ မယ်ဝ,လုံးလေး အိပ်ပါပြီ ။ အိပ်ပါ ပြီ အိပ်ပါ ပြီ ။ လွမ်းဝေ သူ နာမှာပေါ့ ကြေးစည်သံကြား အမျှဝေ သားသား / မီးမီး နိုးပြီ လေ ။ မေမေကြီးနား အရောက်သွား ဆင်းတုတော်များ ဦးညွတ်တွား ။ မေမေကြီးက နေ့စဉ်သာ ပန်း ရေချမ်းကပ် မျှဝေရာ ။ ဘုရားစင်မှာ ချိတ်ကာထား ကြေးစည်လေးကို ထုတယ်ဗျား ။ ကြေးစည်လေးကို သနားကာ ညီမလေးက ပြောလိုက်တာ ။ " မေမေကြီးရယ် လုပ်ပါနဲ့ သူ နာမှာပေါ့ " တဲ့ ။ လွမ်းဝေအောင် ( ရွှေညောင်မြေ ) သမီးလေး သမီးလေး သမီးလေး မေမေ့ရင်သွေး သမီးလေး ။ သမီးလေးက ချစ်စဖွယ် ပြုံးပန်းအစဉ် ပွင့်လန်းတယ် ။ ဆံစလေးကို စုကာစည်း ရှု၍မငြီး ချစ်သမီး...။ ချစ်၍မငြီး မေမေ့သမီး ။ လွမ်းဝေ ကလေး ကလေးတိုင်းဟာ ချစ်စဖွယ် ကလေး ရွှင်ပြုံးရယ် ။ ကလေးငယ်ငယ် စာကြိုးစား ကလေး ပညာပွား ။ ကလေး လှုပ်ရှား ကစားနော် ကလေး ကျန်းမာ ပျော် ။ ကလေးအဖော် စာအုပ်များ ကလေး ဖတ်ပါလား ။ ကလေး နိုးကြား ရိုးသားကွယ် ကလေး လိမ္မာတယ် ။ ကလေးငယ်ငယ် နုပျိုလန်း ကလေး အလှပန်း ။ ကန့်ဘလူခင်မောင်ဆွေ ရန်သူ လေးမျိုး မွေးသည့်ဖခင် ကျေးဇူးရှင်လည်း ကြွေးတင်အောင်သာ ပြုလုပ်ပါမူ သေချာစိစစ် ရန်သူဖြစ်ဧ။် ။ အချစ်ပိုအင် မွေးမိခင်လည်း ပျော်ရွှင်မိုက်မှား လင်ငယ်ထားမူ မှတ်သားစင်စစ် ရန်သူဖြစ်ဧ။် ။ မေတ္တာဆပွား ချစ်မယားလည်း အများငေးမျှ အလွန်လှမူ မှတ်ကြစင်စစ် ရန်သူဖြစ်ဧ။် ။ ရင်နှစ်ခေါ်ငြား သမီး, သားလည်း သင်ကြား, ပညာ ကင်းမဲ့ပါမူ မှတ်ရာစင်စစ် ရန်သူဖြစ်ဧ။် ။ စာဏကျနီတိ စာသင်ခန်းကို လွမ်းမိတယ် က, ကြီး ခ, ခွေး ကျွန်တော်နေတဲ့ တောရွာလေး ။ ဂ, ငယ် ဃ, ကြီး သိပ်တော့မကြီး သုံးရာ, နီး ။ င, စ, လုံး ကျွန်တော့်အိမ်က ရွာ့မြောက်ဆုံး ။ ဆ, လိမ် ဇ, ကွဲ မိုးမလုံတဲ့ တစ်ဘက်ရပ် တဲ ။ ဈ, မျဉ်းဆွဲ ည တစ်ခါ တစ်ခါ ကြမ်းကျွံကျ ။ ဋ, သံလျင်းချိတ် ဌ, ၀မ်းဘဲ ဒူးတွေ ပေါင်တွေ ပြဲလို ပြဲ ။ ဍ, ရင်ကောက် ဎ, ရေမှုတ် ဟင်းမရှိလို့ ငါးပိဖုတ် ။ ဏ, ကြီး တ, ၀မ်းပူ ရေနွေးကြမ်းက အငွေ့လူ ။ ထ, ဆင်ထူး ဒ, ဒွေး တစ်ဇလုံကို သုံးလုတ်လွေး ။ ဓ, အောက်ချိုက် န, ငယ် ညခါမှာဆို စပါးနယ် ။ ပ, စောက် ဖ, ဦးထုပ် ကြယ်မြီးထောင်မှ နွားချဉ်းဖြုတ် ။ ဘ, ကုန်း မ ကောက်ရိုးတစ်ပြန့် ခါလို့ချ ။ ယ, ပက်လက် ရ, ကောက် နွားကြီးတွေကို တစ်လှည့်ကောက် ။ လ, ၀, သ, ဟ တလင်းစွန်းမှာ ထိုင်ကာချ ။ ဠ, ကြီး အ လင်းအားကြီးချိန် နီးကာမှ တစ်ရေး တစ်မော အိပ်စက်ရ ။ ညလေ ကလေး အေးတယ် ဗျာ့ ။ လာလည်ချင်လည်း ဖိတ်မယ်ဗျာ့ ။ လွမ်းဝေအောင် ( ရွှေညောင်မြေ ) ပန်းသည် မောင်လေးရေ ထပါတော့ ရောင်နီ လာလှပေါ့ ။ တစ်ကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျား နှုတ်ပလီ ။ တောင်ဆီနားက ခရေပန်း ပင်အောက်ကြိုင်လို့ လန်း ။ ဗန်းလေးယူခဲ့ မောင်လေးရယ် သွားကောက်ချေစို့ကွယ် ။ ပန်းသည်လုပ်လို့ တပြုံးပြုံး ပန်းတွေ တကုံးကုံး ။ မင်းသုဝဏ် ( ဗန်းထဲကတော့ အုန်းပန်းကလေးတွေ ထင်ပါတယ် ) သြကာသ သြကာသ ခွင့်တောင်းနေတာ သြကာသ ဘယ်အတွက်ကြောင့်ခွင့်တွေတောင်း ရှိခိုချင်လို့ခွင့်ကိုတောင်း ကာယ ဝစီ မနောဆီ လွန်ကျူးပြစ်များပြေပျောက်ရည် ဤသည့်တွက်မို့ကန်တော့သည် သြကာသနှင့်ရှိခိုးမည် လူငယ်လူရွယ်မောင်မယ်များ သြကာသကန်တော့ချိုး ကျက်ထားကြ။ ။ ကျောင်းသားကျင့်ဝတ် စားဖွယ်သီးမျိုး တစ်ကြိမ်ခိုး ထမ်းပိုး ဒဏ်သုံးဆယ်ပါ ဘုရား ။ နှစ်ကြိမ် ခြောက်ဆယ် သုံးကြိမ်ဝယ် ကျောင်းဝယ် မနေရပါ ဘုရား ။ ဖိုးထိုက်ခိုးလျှင် တစ်ကြိမ်ပင် ကျောင်းတွင် မနေရပါ ဘုရား ။ ကိုင်၍ တုတ်ဓား ခိုက်ရန်ပွား ထွက်သွား ကျောင်းတိုက်ကပါ ဘုရား ။ ကစားမျိုးလိုက် ကျောင်းသားမိုက် ကျောင်း၌ မနေရပါ ဘုရား ။ ပုတီးကို စိပ် ငြိမ်ဆိတ်ဆိတ် ဆေးလိပ် မသောက်ရပါ ဘုရား ။ ညဥ့်ရော နံနက် ရက်မပျက် ၀တ်တက် မှန်ရပါမည် ဘုရား ။ ညဥ့် နံနက် ရွတ် ရနှုတ်လွတ် နေ့တိုင်း ရွတ်ရပါမည် ဘုရား ။ ၀ါပ ၀ါတွင်း လေးသီတင်း မပျင်း ဥပုသ် စောင့်ရပါမည် ဘုရား ။ ပစ္စဝေက္ခဏာ လိင် ဒဏ် ပါ ရခါ ရှင်ပြုရပါသည် ဘုရား ။ ကျင့်ဝတ် ဆယ်ပါး မောင်ကျောင်းသား မမှား ကျင့်သုံးရပါသည် ဘုရား ။ ( ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးသို့ ) ရောင်းဈေး ( ကလေးကဗျာ ) ဥယျာဉ်မှူးကြီး ဖိုးဖြူဟာ သစ်ပင်ပန်းပင် စိုက်ပျိုးတာ ။ ရေလောင်း ပေါင်းသင် ပြုစုတော့ ပန်းတွေ ပွင့်တာပေါ့ ။ အသီးတွေလည်း သီးလာတယ် သူလည်းစားတယ် ရောင်းစားတယ် ။ လောဘနည်းနည်း ကြီးတယ်ဗျာ့ ဥယျာဉ်မှူးကြီး ဖိုးဖြူက ။ လေပြင်းကြီးတွေ တိုက်ခတ်တယ် မိုးလည်း တအား ရွာလိုက်တယ် ။ ပန်းပွင့်တွေလည်း ကြွေကုန်တော့ ပန်းရှားလှတဲ့ တစ်နေ့ကပေါ့ ။ ဖိုးဖြူတစ်ယောက် ကံကောင်းစွာ ကြာကန်ကြီးရဲ့ အလယ်မှာ ။ မညှိုးမကြွေ ကျန်နေတဲ့ ကြာပွင့် တစ်ပွင့် တွေ့သတဲ့ ။ ကြာပွင့်ကြီးကို ခူးဆွတ်ကာ ပန်းကို ရောင်းဖို့ ထွက်ခဲ့ရာ ။ ရှင်ဘုရင်ကြီးအိမ် တံခါးနား ရောက်လို့သွားတယ် ဗျား ။ ဘုရင်ကြီးက နိုးနေတာ လမ်းလျှောက်ရင်းလည်း စဉ်းစားတာ ။ ဗုဒ္ဓမြတ်စွာ ဘုရားအား ကြာပန်း လှူချင်သား ။ ကြာပန်းရောင်းတဲ့ ဖိုးဖြူရယ် ဘုရင်ကြီးက ပန်းဝယ်မယ် ။ ပန်းဈေးကို သင်ပြောကြား ရွှေဒင်္ဂါး တစ်ပြား ။ ကုန်သည်တစ်ယောက် ရောက်လာပြန် ဘုရားရှင်အား ပန်လှူရန် ။ သင့်ကြာပန်း ငါ့ကိုများ ရောင်းလိုက်ပါတော့ လား ။ ဆယ်ပြားပေးမယ် ပြောသောခါ ဖိုးဖြူ ရောင်းချင်တာ ။ ဘုရင်းကြီးက ရွှေဒင်္ဂါး တစ်ရာပေးမယ် ဗျား ။ တစ်စတစ်စ တက်လို့လာ ကြာပန်းပွင့်ရဲ့ ရောင်းဈေးပါ ။ ကုန်သည်ကြီးက ထပ်ပြောကြား ဒင်္ဂါးတစ်ထောင် ပေးမယ် ဗျား ။ ပန်းသည် ဖိုးဖြူ စဉ်းစားတာ သူ့ကြာပန်းရဲ့ တန်ဘိုးပါ ။ တစ်ပြား တစ်ရာ တစ်ထောင်မက ရွှေဒင်္ဂါးတွေ ပေးဝယ်ကြ ။ ဘုရားထံမှာ သွားရောင်းရင် သည်ထက်မက ရမည်ပင် ။ ဘုရားရှင်ထံ ပန်းရောင်းဖို့ ဖိုးဖြူ သွားရော ဗျို့ ။ မြို့တံခါးမှ ထွက်ခဲ့ရာ သရက်ဖြူတော ဥယျာဉ်ပါ ။ ငြိမ်းချမ်းကာ လွန်တိတ်ဆိတ် ဖိုးဖြူ တစ်ထိတ်ထိတ် ။ လှမ်းရင်းလှမ်းရင်း နီးကပ်လာ ဗုဒ္ဓစင်္ကြန် လျှောက်နေရာ ။ တစ်ဖြေးဖြေးနဲ့ အသာကပ် ဘုရားရှိရာ အရပ် ။ ဘုရားရှင်အား ဖူးမျှော်စဉ် ဖိုးဖြူစိတ်အစဉ် ။ အေးချမ်း ကြည်လင် ပီတိပွား လောဘ ကင်းစင်သွား ။ လိုသောဆုအား တောင်းပါလေ မြတ်စွာဘုရား မိန့်မှာ ချွေ ။ အရှင့်ခြေမှာ ကပ်နေတဲ့ ဖုန်မှုန့်ကလေးသာ စွန့်ပါတဲ့ ။ ကြာပန်းပွင့်ရဲ့ ရောင်းဈေးတဲ့ ။ သားသားမီးမီး ပျော်ရွှင်စွာ ဖတ်ဖို့ရေးသား ပုံပြင်ကဗျာ ။ ကဗျာထဲက ဘာတွေရ ဖတ်သူ တဆင့်ပြောကာပြ ။ သားသားမီးမီး ပျော်ရွှင်ရ ။ ( သုဒ္ဓ ဥယျာဉ်မှူးအကြောင်း ) လွမ်းဝေအောင် ( ရွှေညောင်မြေ ) ဗုဒ္ဓကျေးဇူး စွမ်းရည်ထူး *********************** များစွာဒုက္ခ ရှိနေကြ၍ ဒုက္ခအမှန် လွတ်ဖို့ရန် လမ်းညွှန်ဗုဒ္ဓပေါ်လာသည်။ ဖြစ်ချင်သမျှ မဖြစ်ရဘဲ ဖြစ်ဖို့ဧကန် အကြောင်းမှန် လမ်းညွှန်ဗုဒ္ဓပေါ်လာသည်။ တကယ့်အရေး ကယ်မည့်ဘေးတွင် ကယ်တင်မည့်သူ မရှိမူ၍ အပူကင်းလို ကိုယ့်ကိုကိုယ်သာ ကယ်ဖို့ရာ မြတ်စွာဗုဒ္ဓပေါ်လာသည်။ တိပိဋက ယော ဆရာတော် အဆင်းနှင့် အချင်းဧ။် အလှ ရူပါရုံ လှပဂေးပေပ မမလေးတို့ ငယ်နုရွယ် ။ သည်ချိန်မှာ ပညာသင်ခိုက် စရိုက် အလိမ္မာ နှင့် ဆရာကို ရိုသေမှု ဂရုထာဝစဉ် ပ ပြုကြပါကွယ် ။ သွင်မူယာ ချိုရွှင်ပြုံးရယ်နှင့် ငယ်တုန်းမှာ အခြေခံလို့ ပညာဉာဏ် မြတ်ရွှေအိုးကိုလ မြတ်နိုးစို့ မမေ့ဖွယ် ရည်ရွယ်တဲ့ ပန်းတိုင် ထား ။ ၀ီရိယရယ်နှင့် လုံလကို ဘယ်မလျှော့လေနဲ့ ကြော့မော့စွာ အဆင်းရယ်နှင့် အချင်းပါ နှစ်ဖြာပြည့်စေဖို့ ကြိုးကြစို့လား ။ နုယဉ် မြတ်ဆရာ မချစ် မရိုက် ချစ်၍ရိုက်သည် ဆက် မိုက်မိမှာ စိုးလို့ပါ ။ မုန်းမာန်ပြစ်တင် ဆုံးမသင်လည်း ရင်းတွင်းခွင့်လွှတ် မေတ္တာညွတ်သည် ထွဋ်ထိပ် ရောက်စေချင်သူပါ ။ အမည်မသိ ၀တ်တက်ချိန် ဟိုဘက်လမ်းက မီးထိန်ထိန် သည်ဘက်လမ်းက မီးထိန်ထိန် ဘွားလေးကွန့်တို့အိမ် ။ မီးထိန်ထိန် နှစ်အိမ်ကြား ၀တ်ရွတ်သံတွေကြား ။ နုယဉ် နံနက်ခင်း လူကလေးက စာအံရှာ ကကြီး ခခွေးပါ ။ ရောင်ခြည်ဖြာတဲ့ ရှင်နေမင်း အရှေ့ဆီက လင်း ။ ကြူကြူသင်းတဲ့ ပန်းဝတ်လွှာ တစ်ချပ် နှစ်ချပ်အာ ။ တေးသံသာတဲ့ ကိုငှက်ကျား ၀င်းတိုင်ထက်မှာ နား ။ နုယဉ် ဧည့်သည် လာတုန်းကလည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ။ ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။ ပြန်သွားတော့လည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ။ ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။ လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ ၀န်းကျင်းယှက်နွယ် နှောင်ကြိုးသွယ်ခဲ့ ။ ပြုံး,ရယ်,မဲ့,ငို ချစ်မုန်းပိုကြ မလို ဒေါသ လို လောဘနှင့် ဘ၀ရိပ်မြုံ က,ကြိုးစုံခဲ့ ။ ကံကုန် မိုးချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင် ခရီးနှင်သည် ဒို့လျှင် ဧည့်သည်ပါတကား ။ ငါသည်ပင်မူ ခေါ်သူမရှိ ရောက်လာမိစဉ် နှင်သူမရှိ ပြန်ဖို့ရှိဧ။် ။ ငါနေသည့်အိမ် ငါဧ။်အိမ် ဟု ငါ့အိမ်မှာထား ငါ့မယားနှင့် ငါ့လင်သားနှင့် ငါ့သားသမီး ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။ အမှန်မှာမူ ငါလာသောခါ လက်ဗလာတည်း ။ ပြန်ရပါလျှင် လက်ချည်းပင်တည်း ။ ငါ့တွင် ကိုယ်ပိုင် မရှိပါတကား ။ လာသူ လာလည်း လာစမ်းပါစေ မဆီးလေနှင့် ။ သွားသူ သွားလည်း သွားစမ်းပါစေ မတားလေနှင့် ။ တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ် ထွက်ဝင်ခိုနား ခရီးသွားသည့် ဧည့်သည်တွေပါတကား ။ မင်းကွန်းတိပိဋကဓရဆရာတော် ကလေးများကို လေးစာစွာနှုတ်ဆက် ကောင်းသောနံက်ခင်းပါကွယ် ။ ကောင်းကင်ပြာနဲ့ စိမ်းလဲ့လဲ့မြက်ခင်း ကစားကွင်းမှာ မင်းတို့ပျော်နိုင်ကြပါစေ. ။ ညအမှောင်ရောက် လရောင်အောက်မှာ စိတ်နော်က်ကိုယ်ပါ ပြေးလွှားကာနေ ကဗျာရွတ်ရင်း ပုံပြောရင်းနဲ့ မင်းတို့နေနိုင်ကြပါစေ. ။ ကလေးတို့ရေ့  မင်းတို့တွေမှာ နေရာတစ်ခုအတွက် ဝေဒနာစုမဖက် ရမ္မက်မရှိ အတွက်မရှိ အသက်မပြည့်ခင်ရတဲ့အခွင့်အရေး အရှက်ရှိတတ်တာလည်း မင်းတို့ကလေးတွေပါပဲကွယ် ။ ဖခင်တိုင်းရဲ့စကား အားလုံးအမှန်ထင် စံတင်လို့ရမလား ဂန္ထ၀င်လို့ပြမလား အမှန်ပြင်လို့မရတဲ့အမှားတွေ သားတို့အတွက် သင်္ခန်းစာ ရွှင်လန်းစွာယူတတ်ကြပါစေ. ။ အဖေတိုင်းရဲ့ မပြည့်စုံမှုဘ၀သမိုင်း သားတိုင်းကဆက်ရေး အသက်သွေးတာဝန်ဆက် ရာဇ၀င်မျက်နှာစာသစ် ရှက်စရာမဖြစ်ဖို့တော့လိုတယ်နော် ။ ကလေးများကို လေးစားစွာနှုတ်ဆက် ကောင်းသောနံက်ခင်းပါကွယ် ။ မောင်စိန်ဝင်း ( ပုတီးကုန်း ) အိပ်ကြမယ် အိပ်ကြမယ် တို့များအိပ်ကြမယ် မအိပ်ခင်မှာတို့ဝတ်တရား ပြုလုပ်ကြစို့လား ဘုရားတရားသဖံဃာရယ် ဆရာများပါကွယ် လက်အုပ်ရွယ်ကာဦးနှိမ်ချ တို့များဂါရ၀ ထိုမှတစိလီ မီဘဆီသွားလို့ကန်တာ့မည် ၀မ်းသာကြသည်တို့မိဘ ပီတီလိုငိးတွေထ့ ဘယ်မှာ ငါ,ဟု ရှိအံ့နည်း လောကဇာတ်ခုံ ဤလူ့ဘုံ၌ မျိုးစုံက,ကြ မာန်,မာနနှင့် ငါက ရာဇာ ငါဟာ သူဌေး ငါ ပဂေးဟု ငါသွေးတက်ကြွ လူ့ဗာလတို့... ။ များလှဖြာဖြာ အ၀ိဇ္ဇာနှင့် တဏှာဘီလူး အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက် မော်မော်မောက်မောက် ငါတစ်ယောက်သာ မိုးအောက်တစ်လွှား ရွှေကိုယ်လားဟု ထင်မှားမလွဲ သို့စဉ် စွဲလည်း...။ ဇာတ်ပွဲပြီးက ပြည်ဖုံးချသော် သုဘရာဇာ ခြေအောက်မှာလျှင် ဘာသာ,လူမျိုး ချိန်မထိုးဘဲ ပုပ်သိုးခန္ဓာ မြှုပ်ရရှာသည် ဘယ်မှာ " ငါ " ဟု ရှိအံ့နည်း ။ လယ်တီဆရာတော် နောင်တ တရား ၁၀ ပါး ********************* ငယ်ခါကလျှင် မသင်ပညာ- ဥစ္စာမစု-သူ့ကိုချစ်ဖျက်- သူ့သက်သတ်စား-သူ့မယား၌ ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျှက် စိုးစိမလှူ၊ မွေးမြူမိဘ မပြုကြနှင့်၊ဆုံးမ မနာ- ပညာ၇ှိထံ နည်းခံမမှတ်-အမြတ်မကျင့်၊ ဤဆယ်ဆင့်ကား ကြီးရင့်ဇ၇ာ အိုသောခါလျှင် ပူဆာနောင်တ ရတက်စွာ့။ မဃဒေ၀လင်္ကာ၊မန်လည်ဆ၇ာတော် ကဗျာ။ ဒွါဒသကနိပါတ် ဇနသန္ဓဇာတ်။ ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည် သူကငြူစူ မကြည်ဖြူက ခွါယူလိုက ခွါ၍ ရ။ ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် သူကငြူစူ မကြည်ဖြူလည်း ခွါယူမရ ကွာမကျ။ ဆရာဇော်ဂျီ "လောက၌တွင်၊ ပျားနှင့် ယင်ကို၊ မျက်မြင်ပုံထား၊ မော်ရှု့စားလော့၊ ပျားကားအုံပြု ၊ အရည်စု၍၊ ထားမူလိမ္မာ၊ နောင်ချမ်းသာ၏။ ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ ၊ အုံကာသောက်စား၊ စုမထား၍ ၊ ရှာငြားမပြတ်၊ မရငတ်၏၊ ဆတ်ဆတ်မုချ ၊ အလသဖြင့်....၊ ငယ်ကပျင်းသူ ၊ ကြီးမူဆင်းရဲ၊ ရစမြဲတည်း။ (မဃဒေဝ) ကျောင်းမှန်မှန်တက်စာမခက် အပျင်းမကြိုက်ညာဏ်ထက်မြတ် စာကိုမှန်မှန်ကျက်။ ပျင်းရိလျက်သာအိပ်နေပါ ရောင်ဝါမပေါ်လွင်။ ဇွဲ၊လုံ့လ၊ဝီရိယသည်အောင်မြင်မှုအတွက်လက်နက်ကောင်းများပင်ဖြစ်သည်။ လိမ္မာပါကွယ် ******* ကလေးအရွယ် လိမ္မာနှင့်ပါမှ ကြီးရင့်က လိမ္မာမည် မလိမ္မာ ပြည်ထောင်စုကြလျှင် ကောင်းမှု မတည် ကလေးတို့ နေပြည် တည်စေဖို့ စိတ်စော နံနက်မင်္ဂလာနှင့် နေ့မကွာ ညဥ့်ပါသုံးလို့ရယ် ပြုံးကြစေသော်။ စောင်းကြိုး ရှိုက်သံ ( ပြန်တင် ) မိမြတ်မာတာ နှုတ်ငုံလွှာမှ "မေတ္တာလှိုက်ဖို ကြင်နာပိုကာ" သားငယ်ချော့တေး သီဆိုကြွေးသော်... သံချိုလှစွာ စောင်း ခမျာလျှင် သံချိုကင်းဆိတ် ရှိုက်ရင်း, အိပ်သည် လိုက်၍...မမီနိုင်တကား ။ လွမ်းဝေ တောက မိခင် ကျမျက်ရည် ဖြိုင်ဆင်းလို့ ရှိုက်ရင်းတဲ့ သေးတွေစို ကလေးက ငို ။ ချိုဆာ ဆို ငိုပါတဲ့ ကလေး ။ သူ့မေမေ မြက်ရိတ်သွားတယ် နွားစားဖို့ လေး ။ လွမ်းဝှေ
လူမှုဆက်ဆံရေးတရား(၃)ပါး
ပညာချင်းထောက် မာန်မမောက်နှင့်၊
ကိုယ့်အောက်တန်းတူ အထက်လူဟု၊
မှတ်ယူမြဲသို့ သုံးပုဂ္ဂိုလ်တွင်၊
အောက်ကိုသနား တန်းတူအားမူ၊
မြှောက်စားသမျှ မရှုတ်ချနှင့်၊
ထက်ကသူကို ရိုသေရ၏။
မာန်မာနထား မှားမည်သာ
ဆရာကောင်းထံ၊ နည်းမခံ၊ ဂုဏ်မာန်တတင်းတင်း။
နည်းယူတဖန်၊ ခံတုံပြန်၊ အတန်းငယ်မျှ နည်းရလျှင်။
ဒေဝဒတ်သွင်၊ ဆရာရှင်၊ ဘက်ပြိုင်အင်တု  လွတ်အောင်ကွင်း။
ဝိဒေဟသခင်၊တိုင်းကြီးရှင်၊ ပုတ်သင်ပြိုင်ဟု ပြောင်တင်းတင်း။
မိဘသခင်၊ ဆရာရှင်၊ ဂုဏ်ပြိုင်ချင်၍ တငင်းငင်း။
ယင်းသို့ ပြုမှား၊ လူငနွား၊ အားလုံးဝိုင်း၍ နင်းလိမ့်သော်။
တရားတော်၏မှန်ကန်ပုံ
သိက္ခာသုံးပါး၊ မြတ်တရား
ယောက်ျားမိန်းမ၊ မခွဲပါ။
စိတ်ဓာတ်ကိုပြင်၊ ကြိုးစားလျှင်
ခုပင် ရနိုင်တာ။
ကြိုးစားလိုက်လျှင်၊ စွမ်းအားထင်
မျက်မြင် ကိုယ်တွေ့ပါ။
ယောက်ျားဖြစ်ရုံ၊ အားမစုံငြား
မကြိုးစားက၊ စွမ်းအားကျ
ဘာမှ မရပါ။
မိန်းမသော်လည်း၊ အားကုန်ခဲ၍
စိတ်ဇွဲထက်သန်၊ ကြိုးစားပြန်
ဧကန် ထူးခြားလာ။
လူ၏စွမ်းအား၊ မြတ်တရား
စိတ်ထားကောင်းဖို့ လိုရင်းပါ။
မီးလှူက်ျိုး{ ၂ } ပါး
ဘုရားရှင်အား စိတ်ထားကြည်ဖြူ
ဆီမီးလျှပ်ပန်း လှူဒါန်းသောသူ
စက္ခု-မံသ ဥာဏ နှစ်ဆူ
ကြည်လင်၏ ဖြစ်ဘိဉာဏ်ကြီးသူ။
အရပ်ဆယ်မျက်နှာမေတ္တာပို့သနည်း။
(၁)။ အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။(၂) အနောက်အရပ် ၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၃)မြောက် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၄)တောင် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၅)အရှေ့တောင်ထောင့် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၆)အနောက်မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၇) အရှေ့မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၈) အနောက်တောင်ထောင့် အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၉)အောက်အရပ်၌ရှိသော အပါယ်ဘုံသား အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
(၁၀)အထက်အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တ နတ် ဗြဟ္မာတို့ ဘေးရပ်ခပ်သိမ်းငြိမ်းကြပါစေ။ စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
စည်းစိမ်ပျက်ခြင်းအကြောင်း(၆)ပါး။
သေစာသောက်စား၊
လမ်းသွားခါမဲ့၊
ရှုငဲ့သဘင်၊
ပျော်ရွှင်အံလောင်း၊
မကောင်းမိတ်ဖျင်း၊
ပျင်းရိခြင်းကား၊
ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။
သောတာလိုပဲ ဂတိမြဲ
တိသရဏ၊ ငါးသီလ၊ မဲချစာရေးတံ။
ဆယ်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊
လှူဒါန်းသောက်ရေကန်။
ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။
သောတာလိုပဲ၊ ဂတိမြဲ၊ သူလဲပါယ်မပြန်။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်
ပညာသည် သာ
တိမ်မှောင်ချည်း၍
မလင်းရောင်ဝါ မှိုင်းအုပ်ကာလျှင်
ဘယ်ညာမလပ်၊ လောကဓာတ်သို့
တိုက်ခတ်တုန်ဟီ၊ လေပြင်းချီသော်
တွဲလီတွဲလောင်း၊ စာဘူးတောင်းလည်း
မညောင်းမကြောက်၊ သိုက်အုံဆောက်သည်
အံ့လောက် ပညာသည်တကား။
မိုးစည
နမော တဿ ဘဂ၀တော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ(မြန်မာပြန်ကဗျာ)
လူတွေ နတ်တွေ ပြားပြားဝပ်လို့
ဦးညွတ်ရံခ ထက်ဝန်ကျင်
သစ္စာလေးတန် မြတ်တရားကို
ိပိုင်းခြားမြင်သိ ကိုယ်တိုင်ပင်
ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မျိုးတို့
စုံပြည့်ဖြိုးတဲ့-----ဘုရားရှင်
လေးစားရိုသေ လွန်မြတ်နိုးလို့
ဝပ်လျှိုးတုပ်ကွ ရှိဦးတင်။
နှလုံးသားဝယ် ဘုရားတည်…
ရေ၊မြေ၊တော၊တောင် လျှိုမြောင်အကြား ပြုတည်ထားသည် ရုပ်ပွါးတစ်လီ စေတီပုထိုး အမျိုးမျိုးကား ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်ခဏ ပျက်စီးရ၏...
နှလုံးသားအတွင်း ဌာပနာသွင်း၍
မယွင်းတည်ထား မြတ်ဘုရားကား
မယွင်းတည်ထား မြတ်တရားကား
မယွင်းတည်ထား မြတ်သံဃာကား
ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်မရှိ တည်တံ့ဘိ၏။
(ယော ဆရာတော်)
ဇွဲမရှိလျှင်
အတက်ပညာ ရှာသောခါဝယ်
ငါဟဲ့ယောက်ျား ဇွဲကိုထား၍
ကြိုးစားပုံသေ သင်ရှာလေလော့
ဇွဲကိုမပွား သင်ပစ်ထားက
ရငြားစာပင် မေ့ပျောက်စင်၏။
ပန်းလှူက်ျိုး သုံးပါး
*************************
ပန်းလိုလှပ ဘဝရုပ်ရည်
ခန္ဓာကိုယ်တွင်း သန့်ရှင်းပေးသည်
နံစော်ကင်းလို့ ခံတွင်းမွှေးကြည်
ပန်းလှူက်ျိုး သုံးမျိုးရနိုင်သည်။
သာသနာကွယ်ကြောင်း တရား(၅)ပါး
***********************
> အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ဓမ္မာနုဓမ္မ၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း...။
> နောင်လာထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစီ၊ ဤငါးလီတည်း...။
> ၀ါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမ မယူ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ - ကွယ်ကြောင်းတည်း...။
စံပြရွာ 
( မင်းသုဝဏ်‌ )
‌ယောက်ျားဘသား လူငယ်‌စု
စည်း‌ဝေးလုပ်‌ကာ အဆိုပြု။
ရပ်‌မှုရွာမှု အများကို
သူတို့ ဝိုင်းဝန်း လုပ်‌မည်‌ဆို။
ဆိုသည့်‌အတိုင်း ဝိုင်းလုပ်‌ကြ
ရှင်‌ပြု ဆွမ်း‌ကျွေး ရွာစာချ။
အသုဘလည်း သူတို့ပင်‌
‌ခေါင်းသတ္တာလုပ်‌ အလှဆင်‌။
တစပြင်‌မှာ သူတို့ မြှုပ်
တရားပွဲနှင့်‌ နိဂုံးချုပ်‌။
အိမ်‌အလုပ်‌လည်း ပြီးစီး‌အောင်‌
တစ်‌‌ယောက်‌တစ်‌လက်‌ ဝိုင်းလုပ်‌‌ဆောင်‌။
အိ‌မ်‌‌ထောင်‌ကိစ္စ ပြီးစီးမှ
သူတို့ ‌ခေါင်းချ အိပ်‌‌လေကြ။
‌ယောက်ျားဘသား စံတင်‌ရ။
မုသားကျွန်‌
( မင်းသုဝဏ်‌ )
မုသားမပါ လင်္ကာမ‌ချော။
ထို့‌ကြောင့်‌ လူတွေ မုသား‌ပြော။
‌ပြောရင်း ‌ပြောရင်း မုသားကျွန်‌
မသိမသာ ဖြစ်‌သွားဟန်‌
ပြုရန်‌ ပြင်‌ရန်‌ သတိရ။
ကြိုးစားပမ်းစား အားထုတ်ကြ။
မရ‌တော့ပါ ‌ဆေးထိုးမှား
ထိုးကွင်းမင်‌‌ကြောင်‌ ကဲ့အလား။
အသားစွဲ‌အောင်‌ ဖြစ်‌‌နေရာ
‌သေ‌သောခါမှ ‌ပျောက်‌‌တော့မှာ။
‌နောင်‌ခါကာလ ‌နောင်‌ဘဝ
လိုက်‌မပါ‌အောင်‌ ဆု‌တောင်းကြ။
တတ်‌နိုင်‌သမျှ ‌စောင့်‌သီလ။
မုသာဝါဒ ကြဉ်‌‌ရှောင်‌ကြ။
ချစ်တတ်ရဲ့လား
မိမိကိုယ်ကို ချစ်တယ်ဆို ဘယ်လိုချစ်ရမယ်
အရွယ်သုံးပါး တစ်ပါးပါး တရားရအောင်ကျင့်ရမည်
မိမိကိုယ်ကို ချစ်တယ်ဆို ဒီလိုချစ်ရမည်။
မိမိမှီခို ကျောင်းတိုက်ကို ဘယ်လိုချစ်ရမည်
မိမိအတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမည်
မိမိမှီခို ကျောင်းတိုက်ကို ဒီလိုချစ်ရမည်။
မိမိမှီခို သာသနာကို ဘယ်လိုချစ်ရမည်
မိမိအတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမည်
မိမိမှီခို သာသနာကို ဒီလိုချစ်ရမည်။
မုံရွာပဇ္ဇောတာရုံဆရာတော
သူ့အကျိုး ကိုယ့်အကျိုး
နောက်ဆုံးနေ့ရောက် တောက်လျှောက်လုပ်မည်
သူ့အကျိုး ကိုယ့်ကျိုး နှစ်မျိုးစုံညီ
နေမြတ် သေမြတ် ကျေနပ်ပါပြီ
ဘ၀တိုင်း မဆိုင်းလုပ်ဦးးမည်
ဘ၀သစ် ဖြစ်တိုင်းလုပ်ဦမည်။
နေကျော်ဆရာတော
အယုတ်နှင့်အမြတ်
သူတော်ကောင်းတွေ ဓလေ့တစ်ခုက
ဆိုးမှုပြုဖို့ ရှက်ကြောက်တယ်
မသူတော်တွေ ဓလေ့တစ်ခုက
ကောင်းမှုပြုဖို့ ရှက်ကြောက်တယ်
ရှက်တာကြောက်တာ တူသော်လည်းကွယ့်
ကွဲလွဲလှပေါ့ အကြောင်းရယ်
ရှက်ကြောက်ကြောင်းခံ ဝေဖန်တတ်လို့ ယုတ်မြတ် မှတ်ကျောက်တင်ပေါ့ကွယ်။
တင်ကွယ်-----တင်ကွယ်-----။
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ် ။
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ် ။
မျက်နှာသစ်သစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွါးပါ့မယ် ။
သစ်ရင်းသစ်ရင်းလျော့ယွင်း ရုပ်ဆင်းသတိထားပါ့မယ် ။
တန်းတူတွေ့ရင်မေတ္တာဝင် မ၀င်နိုင်ကပြိုင်တတ်တယ်။
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်အောက်တွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ဂရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်ထက်သာလျှင် မုဒိတာဝင်မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်နိုင်ရ ပြုတိုင်းလှ။
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
ရွာဦးကျောင်းကခေါင်းလောင်းသံ
ရွာဦးကျောင်းကခေါင်းလောင်းသံ၊ ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံငါတို့ကြား၊ အမျှယူစိုလား။
အမျှဘာကြောင့်ယူရတယ်၊ ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည်ဘယ်မှာလဲ၊ ခေါင်းလောင်းထိုးနေဆဲ.......။
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
(ကျေးဇူးတော်ရှင်မန်လည်ဆရာတော်)
ဘ၀အားမာန်
ကြက်တူးရွေးပင် စကားသင်ပေး
ပြောတက်သေး၏။
မျောက်ကလေးပင် လူတို့သင်ပေး
ကတတ်သေး၏။
ငါကလူသား ငါလူသားတည်း
လူသားတို့မာန် လုံ့လသန်၍
ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တုသော်
လူတို့ပြည်မှာ မစွမ်းရာသည်
ဘယ်ဟာရှိနိုင်ပါအံ့နည်း။
ယောဆရာတော
“ထန်းတောထဲက မိသားစု”
ထန်းပင်အောက် တဲထိုး
ထန်းလက်မိုး ထန်းလက်ကာ
ထန်းပင်ကြို ထန်းပင်ကြားက
ထန်းသမားရွာ ။
ထန်းတက်ရင်း စီးပွားရှာ
ထန်းတောမှာ တူပျော်မွေ့
ကိုယ့်အားကိုယ် ချစ်မြတ်နိုးတယ်
ရိုးသားဓလေ့ ။
မြူအိုးကောက် မြူအိုးဆေး
သမီးလေး တာဝန်ယူ
ငယ်ရွယ်သူ သားမောင်လတ်က
ထင်းဖြတ်လို့ကူ
မောင်နှမ ချစ်ကြည်ဖြူ
အတူတူ တာဝန်ထမ်း
ဖုံထူထူ နေပူထဲမှာ
အားခဲကြိုးပမ်း ။
ထန်းရေကြို ထန်းရေချက်
အားမာန်တက် မွေးမိခင်
မွေးဖခင် ဓားကိုသွေးလို့
ထန်းနွှေးဖို့ပြင် ။
ထန်းတောကို ခင်မင်
ထန်းပင်ကို စုံမက်
ရှေရေးကို မျှော်မှန်းလို့
ကြိုးပမ်းအားတက် ။
တစ်ပင်တက် တစ်ပင်ဆင်း
တေးသီချင်း ဟစ်အော်ဆို
ဖခင်အို မပင်ပန်းတယ်
လန်းဆန်းနုပျို
ထန်းရိပ်က ညိုညို
လေချိုက ညှင်းညှင်း
ထန်းသိမ်းချိန် အလှူပေးဖို့
တွေးပျော်မိခြင်း ။ ။
ကောင်းညွန့်ဝေ ( ရေစကြို )
မေတ္တသုတ်မြန်မာပြန်ကဗျာ
    +    မေတ္တာကျင့်စဉ်စွမ်းအင်များကြောင့်   
          ဘီလူးခေါ်ငြား နတ်ယက္ခာ။
    +    ကြောက်မက်ဖွယ်ရာ အာရုံဖန်ဆင်း
          ချောက်လှန့်ခြင်းလဲ မပြုသာ။     
    +    နေ့မှာညဥ့်မှာ မပျင်းပါဘဲ
          မေတ္တာကြိုးစား ပွါးသူမှာ။
    +    အိပ်ရချမ်းသာ ပျော်ကာအိပ်မက်
          ဆိုးဝါးတချက် မမက်ပါ။
    +    ထိုသို့ဖြင့်သာ များစွာကျေးဇူး
          ပြည့်စုံထူးရာ ဤမေတ္တာ။
    +    ကျင့်စဉ်ပရိတ် ရံအတားကို
          ရွတ်ပွားကျင့်စို့ တို့သူငါ။
    +    အကျိုးစီးပွား လိမ္မာသူတို့
          ငြိမ်သက်နိဗ္ဗာန် ဥာဏ်သက်ဝင်။
    +    လက်တွေ့ယှဉ်ကာ ပြုနိုင်စွမ်းလျက်
          ကိုယ်နှုတ်စိတ်ဝမ်း ဖြောင့်ဖြူစင်။   
    +    ဆိုဆုံးမလျှင် နားဝင်လွယ်၍
          သိမ်မွေ့နူးညံ့ မာန်ကင်းစင်။
    +    ရောင့်ရဲလွယ်လွယ် မွေးမြူလွယ်၍
          ပြုဘွယ်ကိစ္စ နည်းကာပင်။
    +    သက်မွေးမှုတွင် ပေါ့ပေါ့ပါးပါး
          ဣနြေ္ဒများလည်း ငြိမ်လျက်ပင်။
    +    ရင့်ကျက်ပညာ မူယာမကြမ်းတမ်း
          လူ ဒကာစွဲလန်း ကျွမ်းမဝင်။
    +    ပညာရှိတွေ ကဲ့ရဲ့ကြမဲ့
          မကောင်းကိစ္စ သေးပါစေ။
    +    အနည်းငယ်မျှလေ မပြုပါဘဲ
          သတ္တဝါများတွေ ချမ်းသာစေ။
   +    ဘေးကင်းပါစေ ကိုယ်စိတ်ချမ်းသာ
            ရရှိကြသည် ဖြစ်ပါစေ။
        +      အားလုံးများစွာ သက်ရှူပါသော
                ခန္ဓာထင်ရှား ရှိသူတွေ။
        +      ကြောက်တတ်တည်ကြည် နှစ်လီအများ
                ရှည်လျှားကြီးမား ကြသူတွေ။
        +     အလတ်အလယ် ပု-သေး-သွယ်နှင့်
               ဆူဖြိုးဝအယ် နေသူတွေ။
        +    မြင်ရမမြင်ရ ထိုနှစ်ဝနှင့်
              ဝေးစွနီးစွ သတ္တတွေ။
        +    ဘဝဇာတ်ဆုံး ဇာတ်çမဆုံးသော
              အားလုံးများစွာ သက်ရှိတွေ။
        +    ကိုယ်ရောစိတ်ပါ နှစ်ဖြာနှစ်ဝ
              ချမ်းသာသုခ ရပါစေ။
        +    တစ်ဦးနှင့်တစ်ဦးမှာ မလှည့်ပတ်ဘဲ
              ကောက်ကျစ်စဉ်းလဲ မရှိစေ။
        +    တနေရာရာတွင် တစ်ဦးဦးမှာပင်
              မထီမဲ့မြင်မပြုလေ။
        +    အချင်းချင်းမှာ နှိပ်စက်ငြိုးထား
              ဆင်းရဲလိုလား မရှိစေ။
        +    မွေးမေမိခင် ရင်မှာလွယ်ဖွား
              တစ်ဦးတည်းသောသားငယ်တွင်။
        +    အသက်ထက်ပင် မြတ်နိုးကြင်မို့
              အစဉ်စောင့်ရှောက်ဘိသို့ပင်။
        +    သက်ရှိတိုင်းတွင် မပိုင်းမခြား
              မေတ္တာစိတ်များ ပွားပို့ယှဉ်။
        +    အထက်အရပ် အောက်အရပ်နှင့်
              ဘေးဘီအရပ် အားလုံးတွင်။
        +    ကျဉ်းမြောင်းခြင်းလျှင် လုံးဝကင်းလျက်
              တွင်းပြင်ရန်ပ ကင်းကာပင်။
        +    လောကတိုင်းတွင် မပိုင်းမခြား
              မေတ္တာစိတ်များ ပွားပို့ယှဉ်။
        +    ရပ်စဉ်သွားစဉ် ထိုင်နေစဉ်နှင့်
              လဲလျောင်းနေစဉ် များမှာပင်။
        +    ငိုက်မျဉ်းကင်းစင် သတိထားပြီး
              မေတ္တာစိတ်များ ပွားတတ်လျင်။
        +    ဗြဟ္မစိုရ်ကျင့်စဉ် အကျင့်မြတ်ဟု
              သတ်မှတ်ဟောကြား ဘုရားရှင်။
        +    ထိုသို့မေတ္တာ ပွားများသူများ
               အယူမမှား သီလစင်။
        +    ထွက်ပေါက်ဥာဏ်မြင် ရရှိကြသား
              ကာမလိုလား ပယ်ဖျောက်ကျဉ်။
        +    အမိဝမ်းတွင် တဖန်နေခြင်း
              ဧကန်လွတ်ကင်း ငြိမ်းမည်ပင်။
၁)
မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုက်ဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွတ်မထိန်း၊ ညွှတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူပြာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။
(q
(၂)
မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်
ကောင်းကျိုးကြွယ်လိမ့်မည်သာကို။
(ချမ်းမြေ့ဆရာတော်)
(၃)
ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း
စင်လစ်ရေကြောင့်၊ သွေမထောက်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော်စိတ်ပင်၊ စင်,မစင်ကို
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်
စင်မှုကိုယ့်မှာ တာဝန်တည်း။
(ချမ်းမြေ့ဆရာတော်)
(၄)
အသီးတစ်ရာ၊ အညှာတစ်ခု
ပမာပြု၍၊ စိတ်ဟုမည်ငြား
ဤတစ်ပါးမျှ၊ တရားကိုကျ
စောင့်စည်းကွပ်ကာ၊ လူ့ရပ်နတ်ရွာ
ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။
(မဃဒေဝ)
(၅)
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား။
ပြော,ပြု,တွေးလျှင်၊ သတိယှဉ်
ဆင်ခြင် ဉာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။
လုံးလနှင့်ဇွဲ၊ မလျော့ဘဲ
အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်
အောင်မြင်ကြောင်းတရား။
(ချမ်းမြေ့ဆရာတော်)
(၆)
တန်းတူတွေ့လျှင်၊ မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်သည်
ပြိုင်မည့်အစား၊ မေတ္တာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။
ကိုယ့်အောက်နိမ့်လျှင်၊ ကရုဏာဝင်
မဝင်နိုင်က၊ နိုင်တတ်သည်
နိုင်မည့်အစား၊ ကရုဏာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။
ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်
မဝင်ဣဿာ၊ ယိုင်တတ်သည်
ယိုင်မည့်အစား၊ မုဒိတာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။
မိုက်သူတွေ့လျှင်၊ ဥပေက္ခာဝင်
မဝင်နိုင်က၊ ရွဲ့တတ်သည်
ရွဲ့မည့်အစား၊ ဥပေက္ခာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။
(ရှေးဆရာတော်)
(၇)
သိက္ခာသုံးပါး၊ မြတ်တရား
ယောက်ျားမိန်းမ၊ မခွဲပါ။
စိတ်ဓာတ်ကိုပြင်၊ ကြိုးစားလျှင်
ခုပင် ရနိုင်တာ။
ကြိုးစားလိုက်လျှင်၊ စွမ်းအားထင်
မျက်မြင် ကိုယ်တွေ့ပါ။
ယောက်ျားဖြစ်ရုံ၊ အားမစုံငြား
မကြိုးစားက၊ စွမ်းအားကျ
ဘာမှ မရပါ။
မိန်းမသော်လည်း၊ အားကုန်ခဲ၍
စိတ်ဇွဲထက်သန်၊ ကြိုးစားပြန်
ဧကန် ထူးခြားလာ။
လူ၏စွမ်းအား၊ မြတ်တရား
စိတ်ထားကောင်းဖို့ လိုရင်းပါ။
(၈)
စိတ်နှလုံးကို၊ ဆုံးမမှန်စွာ
စိတ်မကောင်းက၊ မကောင်းဖြစ်မှာ
စိတ်တွေကောင်းမှ၊ ကောင်းကြသူငါ
စိတ်ယဉ်ကျေး သင်ပေး တို့မြတ်စွာ။
(ဦးကုဝေရ)
(၉)
အေးမြကြည်လင်၊ ကန်ရေပြင်၏
အောက်တွင်ရှိငြား၊ ငါး,လိပ်,ဖားနှင့်
ယောက်သွား,ခရု၊ အစုစုကို
ကြည့်ရှုလိုက်လျှင်၊ ထင်ထင်မြင်သို့
ကြည်လင်စိတ်ဖြူ၊ ထိုသည့်သူက
ကိုယ်သူအကျိုး၊ နှစ်ဦးအကျိုးနှင့်
မဂ်ကျိုးဖိုလ်သည့်၊ နိဗ္ဗာန်ထိသည်
သူ၏စိတ်ဓာတ် ကြည်သောကြောင့်။
(ချမ်းမြေ့ဆရာတော်)
(၁၀)
ကိလေညစ်မဲ၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။
ကိလေညစ်မဲ၊ စိတ်မစွဲ
ရုပ်ဆင်း ကြည်လင်သည်။
စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်
စိတ်ကို သိရမည်။
စိတ်ကိုသိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။
နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေးပစ်ရမည်။
(ချမ်းမြေ့ဆရာတော်)
ပထမရွှေကျင်ဆရာတော်ဘုရားကြီး”သြ၀ါဒ
စာမတတ်မူ၊ အခေါက်ထူ၊   လူထဲရှင်ထဲအသုံးမကျ။
စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊    လူမြင်တိုင်းကအော့ချင်ကြ။
စာတတ်အောင်သင်၊ တတ်ပြန်လျှင်၊ စိတ်ကြီးမ၀င်ရ။
“မလားအပါယ်၊ တရားကယ်မည်”
ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊
နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊
အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ အရိယာ၏၊ ဆိုင်ရာဂုဏ်တော်၊
ဥာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမူ၊
မလားအပါယ်၊ တရားကယ်မည်၊
ရှုဖွယ်ထောက်မှန်အစစ်တည်း။  ။
မဟာဂန္ဓာရုံဆရာတော
မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ။
အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ။
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။
သြ၀ါဒထူးပျို့ ဆုံးမစာများ
မှတ်နားစိပ်လော့၊ မအိပ်ရာချေ၊ မနေရာအပ်၊ မရပ်ရာငြား၊ မသွားရာမှတ်၊ မဝတ်ရာကျင်၊ မဆင်ရာများ၊ မစားရာမြောက်၊ မသောက်ရာမှု၊ အစုစုကို၊ ယခုရှေ့ဖျား၊ ပြန်လျှောက်ကြားပိမ့်။
                                                            ( မအိပ်ရာချေ )
သုံးပါးရတနာ၊ ဆရာသမား၊ ဘိုးဘွားမိဘ၊ စိုးရသခင်၊ ဂုဏ်အင်ကြီးထူ၊ ကိုယ်တူရင်းရှည့်၊ဖြစ်သည့်သူအား၊
ခြေရင်းထား၍၊ ပေါ့စားလွယ်ကာ၊ မအိပ်ပါနှင့်၊ ဆည်းဆာနေဝင်၊ ဆဲဆဲတွင်၌၊ အိပ်ချင်သော်လည်း၊ စိတ်ကိုတည်း၍၊ နည်းစေအိပ်မှောင်၊ နေထွက်အောင်လျှင်၊ ရှောင်လေလျဥ့်လျဥ့်၊ တစ်ညဥ့်သုံးခါ၊နိုးကြား
ရာ၏၊လက်ယာလက်ဝဲ၊ အိပ်နေမြဲလော့၊ ကွဲလွဲငုံ့တုံ၊ မှောက်ခုံပက်လက်၊ မအိပ်စက်နှင့်၊ ကိုယ့်ထက်မူယူ၊
မြတ်သည့်သူကို၊ အတူနွှဲယှက်၊ အိပ်ဖက်မပေါင်း၊ တောင်စောင်းအနောက်၊မြောက်သို့တူရှူ၊ ခေါင်းမမူရာ၊
ရှေ့မျက်နှာနှင့်၊ တောင်ညာစင်းစင်း၊ ခြေရင်းမပြု၊ ခုလုထစ်ခွင့်၊ နိမ့်မြင့်စောင်းထောင်၊ မာခေါင်ကျောလွန်း၊
ကြမ်းစွန်းဖျားနား၊ မိုးတားရံကာ၊ လွတ်ရာမှာလည်း၊ ရှောင်ပါအိပ်ခင်း၊ လွတ်ရှင်းရှင်း။....
                                                             ( မနေရာအပ် )
အသက်အရွယ်၊ အနွယ်အမျိုး၊ အရိုးအရာ၊ ကိုယ့်ထက်သာသား၊ ဂုဏ်ဝါစံမြောက်၊ သူတို့မှောက်ဝယ်၊
ရှေ့နောက်စူးစူး၊ မြင့်ဖြူးလေညာ၊ နီးစွာဝေးလွန်း၊ မစွန်းခြောက်ပြစ်၊ ချပုဆစ်နှင့်၊ ကျစ်လစ်လှစေ၊ တင်ပျဉ်ခွေ၍၊လက်ခြေကားယား၊နံပါးရှည်နွဲ့၊စောင်းလှည့်နောက်ဖီ၊အုံးမှီလက်ထောက်၊
မတ်စောက်ဆောင့်ကြောင်၊ဒူးထောင်လက်ဖွဲ့၊ မထီမဲ့လျှင်၊ မနွဲ့မကိုင်း၊ ခိုင်းတိုင်းကျားတား၊
မပြားမဝပ်၊မနေအပ်ရှင့်။......
                                                              ( မရပ်ရာငြား )
မရပ်သင့်ရာ၊ ရှောင်ခွင့်မှာမူ၊ လောကာဓိပ္ပ၊ ပြည်မသခင်၊ ရှင်မိဖုရား၊ သားတော်သမီး၊ ဝန်ကြီးဝန်ငယ်၊ မင်းနွယ်စိုးဆွေ၊ ယှဉ်နေနီးစပ်၊ ဆက်ကပ်ပွဲလမ်း၊ မင်းခမ်းဆောင်ရွက်၊ စားခွက်စားယောက်၊ အပါးရောက်က၊
မလျှောက်မပတ်၊ မတ်လတ်ရိုင်းစိုင်း၊ မကိုင်းမပျပ်၊ မတွားဝပ်ပဲ၊ မရပ်သင့်ချေ၊ ရပ်မိလေက၊ မင်းဒဏ်ကျ၏၊
မိဘဆရာ၊ ပညာဂုဏ်ဖြီး၊ သက်ကြီးရွယ်လွန်၊ ကျင့်မွန်မဖောက်၊ ရဟန်းမှောက်ဝယ်၊ ချစ်ကြောက်ကြည်ညို၊
အရိုအသေ၊ အချေအငံ၊ ညွတ်ကျိုးနွံမှ၊ အာသံမှတ်ကြိုး၊ ဆုပြည့်ဖြိုးအံ့၊ မိုးတိုးမားတား၊ မပြားမပျပ်၊ မဝပ်မကိုင်း၊ ခိုင်းတိုင်းကြမ်းတမ်း၊ အမှန်းမသိ၊ဒိဋ္ဌိမူကျင့်၊ မရပ်သင့်သည်၊ပြစ်လွင့်လွတ်ကင်း၊ကြဉ်ရှောင်ကွင်း။.
                                                              ( မသွားရာအပ် )
စိုးမင်းသခင်၊ အရှင်မိဘ၊ ရှေ့သိုကျသော်၊ ကုန်းကွတုပ်ပျပ်၊ နှိပ်ဝပ်ညွတ်ထိုင်၊ နောက်ယိုင်ရှောင်ရှား၊
သွားမှုလာမှု၊ ယဉ်နုလှစေ၊ အခြေကြမ်းတမ်း၊ ရှေ့မသန်းနှင့်၊ စိုးနန်းမင်းအိမ်၊ ဆိပ်ငြိမ်စက်တော်၊
ခေါ်သည့်အခိုက်၊ တိုက်ရိုက်သူ့နား၊ မကြားစေလို၊ ထိမ်ဝှက်သို၍၊ ပြောဆိုသည့်ခိုက်၊ ထိုက်လိုက်ချီးမြှောက်၊
စားသောက်ဖွယ်ရေး၊ တည်ကျွေးသည့်ခိုက်၊ မှားမိုက်ကျေးကျွန်၊အပြစ်ဝန်နှင့်၊ဒဏ်ရှိသူအား၊ထားသည့်
ရပ်မြေ၊ဖုတ်တစ္ဆေနှင့်၊ ကင်းမြွေထူထဲ၊ ကျားရဲသစ်ရူး၊ ဘီလူးရှိရပ်၊ ပေါ်လျှပ်ကောက်ကျစ်၊ မူညစ်သွမ်းဆိုး၊
သူခိုးဖမ်းရာ၊ ကန္တာရတော၊ မြစ်ကြောနစ်ကျယ်၊ ပင်လယ်သမုဒ်၊ သတ်ပုတ်တွန်းလှန်၊ ခိုက်ရန်တွေ့ပွဲ၊
ငြင်းခုံဆဲနှင့်၊ သောင်းသဲစည်ပင်၊ ပွဲသဘင်သို့၊ သွားချင်မှုသာ၊ မသွားရာတည့်၊ ကြမ်းမှာခြေနင်း၊
မပြင်းညံသက်၊ လွန်ဖြည်းညက်စေ၊ ညဥ့်နက်မှောင်မည်း၊ တယောက်ထည်းလည်း၊
တင့်ရည်းပေါ့သွပ်၊ မသွားအပ်သည်၊ ကြပ်ကြပ်ဝမ်းတွင်း၊ မှတ်သွတ်သွင်း။........
                                                             ( မဝတ်ရာကျင် )
ရှောင်ပါစေချင်၊ အ၀တ်တွင်လည်း၊ မစင်မကြယ်၊ ရွံဖွယ်စက်ဆုပ်၊ မည်းပုပ်မွဲပြာ၊ စာမချေသေး၊
ဖွပ်ဆေးမလျှော်၊ညှီစော်မြှေးသမ်း၊ ဟောင်းနွမ်းစုတ်ပြတ်၊ ညှိုးညစ်ပတ်က၊ မဝတ်လေရာ၊ ဥစ္စာရွှေငွေ၊
ဆန်ရေစပါး၊ ကျွဲနွားယာလယ်၊ လိုမယ်မတ၊ စိတ်တိုင်းကျလျက်၊ ကြွယ်ဝပြည့်စုံ၊ ကုံလင်းကစား၊စိုးမင်း
လားသို့၊သောက်စားသမှု၊ ဝတ်တုမမူ၊ ရှေ့ရှုနောက်ချင့်၊ ကိုယ်နှင့်အင်တန်၊ သင်အောင်ဖန်၍၊ ခန့်ရန်တော်
ရာ၊ကောင်းမြတ်ပါလည်း၊ စိတ်မှာချင်ချင်၊ မရှိလျှင်မူ၊ မဆင်ဝတ်သင့်၊ မိုးမြင့်ကဲကျူး၊ ဝတ်ထူးစားဆန်း၊
မွင့်လန်းရောင်ဝါ၊ ယဉ်ကျေးစွာကို၊ ချိန်ခါမဲ့ပဲ၊ မဝတ်လဲနှင့်၊ တွဲလွဲများလျား၊ ဖားရားမြေထိ၊ ရှေ့ငြိနောက်ကျ၊
ခြေချဖဝါး၊ နင်းသွားမသာ၊ ဝါဝါကားကား၊ ကြွားကြွားဝင့်ဝင့်၊ ဝတ်သဖြင့်လည်း၊ မတင့်တယ်ရာ၊ ဓမ္မတာလျှင်၊
လှမ်းသာကြွလွယ်၊ ညာဘယ်နောက်ရှေ့၊ ညီစေ့လျဥ့်လျဥ့်၊ မယဥ့်မတောင်း၊ ဆင်ဝတ်ကောင်းသည့်၊
ကျိုးကြောင်းပြစ်ကင်း၊ မြှော်ရှုတင်း။......
                                                            ( မဆင်ရာများ )
တန်ဆာပလာ၊ ဆင်ဖွယ်မှာလည်း၊ ရတနာရွှေငွေ၊ လွန်မြတ်စေလော့၊ အနေဆုတ်ယုတ်၊ ခါမဟုတ်က၊
ဖော်ထုတ်ပြုပြင်၊ မဆင်ယင်နှင့်၊ ဆံကျင်ဆံထိုး၊ ခါးကြိုးဥိးစောက်၊ လယ်ကောက်လက်ကြပ်၊ လက်စွပ်နားပန်၊ ပန်းမာလ်ခြေကျင်း၊ ရှောင်ကွင်းလည်မှာ၊ ဆင်တန်ဆာလည်း၊ ကာလာဒေသ၊ နေ့ညမှတ်ကြိုး၊ အမျိုးအနွယ်၊ အရွယ်အသက်၊ ချင့်တွက်ယုတ်မြတ်၊ ဆင်ယင်တတ်မှ၊ ဆင်ဝတ်သ၍၊ သူ့စိတ်တွေ့၏။.....
                                                       ( မစားရာမြောက် )
ညဥ့်နေ့မခြား၊ မစားရာမြောက်၊ စားခင်းမှာတုံ၊ ရသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကြူးရာ၊ပူဆာစပ်ငန်၊
ချဉ်ဖန်ချိုခါး၊ထွေထွေစားလည်း၊သုံးပါးဥတု၊မြှော်ရမ်းရှုလော့၊မှီခုတစောင်း၊အိပ်လျောင်းဝပ်စင်း၊
ခြေဆင်းပေါင်ထောင်၊ ဆောင့်ကြောင်မတ်စောက်၊ တောင်မြောက်ကြည့်ကွက်၊ ရပ်လျက်သွားလျက်၊
နှစ်ဘက်ပါးနား၊ အံစောင်ဝါး၍၊ မစားလေသင့်၊ ကော်လွှင့်ဝှေ့ဟန်၊ ကျောက်ကန်ပုတ်ခတ်၊ ကိုက်ခဲတတ်သည့်၊ သတ္တဝါသား၊ မထွားမဆူ၊ သိုးအူပုပ်လှောင်၊ ညှီဟောင်သမျှ၊ မစားရသည်၊ နေ့ညမကင်း၊ ကြည်ရှောင်မင်း။..
                                                        ( မသောက်ရာမှု )
မသောက်အပ်ထွေ၊ ရှောင်ပါလေလော့၊ မေရယငါး၊ သူရာငါးနှင့်၊ ပိုးမွှားလောက်ကျိ၊ မြူတိနောက်ထင်၊ သန့်စင်မကြည်၊ ရေကိုသည်လည်း၊ ချုပ်ဆည်းအာသာ၊ မသောက်ရာတည့်၊ ဘယ်ညာလွှဲလက်၊ရေခွက်
ဖလား၊လက်ဝါးပြောင်းပြန်၊ ကိုင်ဟန်လှန်မှောက်၊မသောက်ပြန်ရာ၊ဟင်းမှာရေထုတ်၊ဟင်းရှုတ်ရေကို၊
မမျိုလေထိုက်၊မကျိုက်လေအပ်၊ သတိကြပ်လော့၊ ရှစ်ရပ်ဖျော်ရည်၊ ဆီကြည်ထောပတ်၊ မြိန်မွန်မြတ်လည်း၊
ကြိုက်တတ်သောအား၊ လျှာကိုတား၍၊ မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊ စာနာခန့်ချိ၊
မျက်စိအကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာနှင့်၊ သူရာသောက်ဝယ်၊ ပြစ်ခြောက်သွယ်ကား၊
လိုမယ်မရ၊ ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊ ပွါးတတ်ဘိ၏၊ မျက်စိသီဝေ၊
လက်ခြေတုန်ယင်၊ မဝင်ဝမ်းတွင်း၊ ထမင်းမစား၊ ရောဂါများ၏၊ ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊
ရှက်ဖွဲ့အရာ၊ ကျောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး၊ မဖုံးလွှမ်းနိုင်၊ စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊
သတိပညာ၊ လျော့ညံ့ရာသည်၊ မကြာလက်ငင်း၊ မျက်မှောက်တွင်း။..
အနေကောင်း အသေကောင်းနည်း
ကိစ္စမများ၊ စကားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျှော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်လေ။
အနေကောင်း အကြောင်းဂုဏ်ခြောက်ထွေ၊
အသေကောင်း အကြောင်ဂုဏ်ခြောက်ထွေ။
(လူနှစ်ယောက်)
ဒါနကိုလဲ အမြဲလှူ ၊
သီလကိုလည်း သူခံယူ။
ဘာဝနာတရားပွားတဲ့သူ
ဥပုသ်နေ့ကို မမေ့တဲ့သူ။
အဲ့ဒါ ဗုဒ္ဓလူ...။
အလှူခံကိုလည်း ငြူစူသူ၊
ပစ္စည်းကိုလည်း နှမျှောသူ
သီလကိုလည်း မခံယူ၊
ဘာဝနာတရား မပွားတဲ့သူ
ဥပုသ်နေ့ကို မေ့တဲ့သူ ၊
အဲ့ဒါ မိုက်တဲ့သူ။
စာနာခြင်းအလှ
သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။
သူ့ကိုယ်ဂုဏ်နိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။
စည်းစိမ်းအရာ၊ သူ့ချမ်းသာ၌၊
ဣဿာမပြု၊ ဝမ်းမြောက်ရှုလော့။
သူ့ကိုစောင့်မှ၊ သူကကိုယ်ကို၊
ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။
မဃဒေဝလင်္ကာ
ဗြောသံ
ပလုပ် ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့
သာသနာ ဝါဝါလန်း ရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။
အလို... နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲမက
အဝေးက မှန်း၊ ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ၊
“တလတာ သည်အရေးကိုလှ
မဟဝါ ကြည်ကြည် ပေးပါ” တဲ့
ရတုချို စိတ်ကို သွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက် မတည်။
မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောခါ
ကညာလုံ ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင် လွတ်တဲ့ပြင်
“မတွယ်တာ ဆယ်ခါ လွှတ်မယ်” တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။
-ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊
“လှောင်ချက်ကယ် နာ
မောင်မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီ ခိုရပါ့
တလဆို ရက်ကိုချဉ်းပါဖျ”
ဘွာခတ်ကာ ခမျာ ငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။
(မင်းသုဝဏ်)
ရာဂ ၊ ဒေါသ မောဟ တစ်ဖြာ
ဖြစ်အို ၊ သေရေး ပူဆွေးငိုကာ
ကိုယ်စိတ် ဒုက္ခ ပူရပြင်းစွာ
ဆယ့်တစ်သီး ဤမီးလောင်တော့တာ။
မီးတွေငြိမ်းကြောင်း နည်းကောင်းအမှန်
ဟောဒီမှာကြည့် သတိပဋ္ဌာန်
ဝန်ခံချက်နှင့် မိန့်မြွက်လေပြန်
ကျင့်ကြံသုံး လမ်းဆုံး ပြည်နိဗ္ဗာန်။
ဗုဒ္ဓဝင်
၁။ဒို့ဘုရား ဒို့ဘုရား|လူကဖြစ်တဲ့ဒို့ဘုရား
ဒို့ဘုရားရဲ့ မယ်တော်မှာ|မာယာဒေဝီ ပါ
ခမည်းတော် သုဒ္ဓေါဒန|ငယ်မည်သိဒ္ဓတ္ထ ။
သိဒ္ဓတ္ထရဲ့  ဖွားဖက်ရံ|အာ-ဗော-ကာ-ယ-
ဆန်-ရွှေ-ကဏ်|သံသရာစဉ်အဆက်
ဆက်|ကူညီဖြည့်တဲ့ ပါရမီဘက်။
၃။သိဒ္ဓတ္ထလေး ငယ်စဉ်ခါ|ရွှေနန်းသုံး
ဆောင်မှာ|လှည့်လည်ကာ|သူခံစား|
ယသော်ဓရာ မိဖုရား။
၎။ရွှေနန်းတော်ရဲ့  အမည်မှာ|ရမ္မ-သုဘ-
သုရမ္မာ|ခိုင်းစေဖို့ရာ ခြွေရံများ|မောင်းမ
လေးသောင်းထား။
၅။ရွှေနန်းမှာ ပျော်သောခါ|သားတစ်
ယောက် ဖွားမြင်လာ|ရာဟုလာ အမည်
ပေး|သိဒ္ဓတ် ရွှေရင်သွေး။
၆။သားတော်ကလေး|သံယောဇဉ်|
မကြီးခင်မှာ စိတ်ကူးဝင်|သိကြား နတ်ပင်
နိမိတပြ|အို-နာ-သူသေ-ရဟန်း ပ။
၇။တောထွက်ကြစို့|မောင်ဆန်ခေါ်|
ကဏ္ဍက က မြင်းစီးကျော်|သန်းခေါင်ယံ
တောထွက်ကြ|ဝါဆိုလပြည့်ည။
၈။တောထွက်လို့ နော်မာခေါ်|ငွေသောင်
ယံကို ရောက်ခဲ့သော်|ရွှေဆံတော်|
ပယ်ရိတ်ဖြတ်|ဃဋိကာရ သင်္ကန်းကပ်။
၉။ဥရုဝေဠ တောမြိုင်မှာ|ဘုရားဖြစ်ဖို့
ခဲယဉ်းရှာ|ခြောက်နှစ်ကြာ|မြတ်ဗုဒ္ဓ|
ကဆုန်လပြည့် ပ။
၁၀။ဘုရားဖြစ်လို့ တော်မှာပျော်|ဝါဆို
လပြည့်ကျော်|မိဂဒါခေါ် တောကိုကြွ|
ဓမ္မစကြာ တရားပြ။
၁၁။တရားဦးကို နာရရှာ|ကောဏ္ဍဉ်-ဝပ္ပ
ဘဒ္ဒိယ-မဟာနာမ်-ရှင်အဿဇိ|
ပဉ္စဝဂ္ဂီ ငါးဦးတည့်။
၁၂။တရားပြလို့ အသိဝင်|အညာသိ--
ကောဏ္ဍဉ်|သာသနာတွင် ပထမ|
တရားရတဲ့ သာဝက။
၁၃။သာရိပုတ္တရာ မထေရ်မွန်|
ပုဂ္ဂိုလ်လက်ျာရံ|ရှင်မောဂ္ဂလာန် လက်ဝဲ
က|နှစ်ပါး အဂ္ဂသာဝက။
၁၄။ဒို့ဘုရားရဲ့  ဘွဲ့ မည်တော်|ဂေါတမလို့
ခေါ်|သက်တော်{ ၈၀ }ကြာလို့သား|
ဝါတော်{၄၅}
၁၅။ဝါလေးဆယ့်ငါး နှစ်များစွာ|တရား
ဟောဖို့ လှည့်လည်ရှာ|များသတ္တဝါ
ကယ်တင်ထား|နိဗ္ဗာန်ကြွလို့သွား။ ။
ဒို့ဘုရား …| ဒို့ဘုရား … |ဒို့ဘုရား
ကုသိုလ်အမြဲလုပ်
အိုသူတွေ့ တော့ အိုတာကြည့်
အိုတာအမှန် ရှိ
ဧကန် အိုမည့်သူတွေပါ
ကိုယ်လည်းအိုရမှာ။
မအိုမည်မှာ ဘာလုပ်တယ်
သေချာစစ်စမ်းကွယ်။
ခုမရှုပ် နောင် မရှုပ်
ကုသိုလ် အမြဲလုပ်
နာသူတွေ့ တော့ နာတာကြည့်
နာတာအမှန် ရှိ
ဧကန်နာမည့် လူတွေပါ
ကိုယ်လဲနာရမှာ
မနာမီမှာ ဘာလုပ်တယ်
သေချာစစ်စမ်းကွယ်
နောင် မရှုပ် ခုမရှုပ်
ကုသိုလ်အမြဲလုပ်။
သေသူတွေ့ တော့ သေတာကြည့်
သေတာအမှန် ရှိ
ဧကန်သေမည့်လူတွေပါ
ကိုယ်လည်းသေရမှာ
မ သေမီမှာ ဘာလုပ်တယ်
သေချာစစ်စမ်းကွယ်
နောင် မရှုပ် ခုမရှုပ်
ကုသိုလ်အမြဲလုပ်။ ။
ဝက်လက် ခါမေဦး
သတိရှိကြဤလုံးဝ
ခွင့်ရေးရလို၊ လောဘအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
ဖျက်စီရန်လို၊ ဒေါသအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
မသိကဲပို၊ မောဟအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
လောဘနှင့်သေ၊ ငရဲပြေ(ပြည်)၊ ရောက်လေ ဧကန်မှတ်
သို့မဖြစ်အောင်၊ သတိဆောင်၊ မောာင်မေရွှေဥာဏ်ကပ်။
မနေရလို့၊ သေရသောခါ၊  ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။
ပစ္စည်းအစုစု၊ တစ်ခု မပါ၊  ကိုယ်ပြုထား၊ ကံများ သူတို့ပါ။
                                                  (တန့်ကြည်တောင်ဆရာတော်
ဘဒ္ဒန္တသောမဗုဒ္ဓိ)
လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊
    လမ်းတွက် မဟုတ်ပေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
    သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။
                                                                            (မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)
ပိဋကတ် အစွယ်ထောင်လျှင် ...
တစ်ပိုင်းကြောင် ကျက်စားရုံနှင့် ခက်ပါလှသဘောဉာဏ်၊
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မခန်ကို တတ်လေဟန်ယောင်ဝါး။
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ။
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်။
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။
(လယ်တီဆရာတော်ဘုရားကြီး)
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား။
ပြော,ပြု,တွေးလျှင်၊ သတိယှဉ်
ဆင်ခြင် ဉာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။
လုံးလနှင့်ဇွဲ၊ မလျော့ဘဲ
အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်
အောင်မြင်ကြောင်းတရား။
(ချမ်းမြေ့ဆရာတော်)
မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ (မီးဖြင့်) ကမ္ဘာပျက်ပုံ တည်ပုံ လင်္ကာ
ရှေးဦးစွာပျက်
ကုဋေဖက်သည့်
သိန်းစက္ကဝါ
မိုးကြီးရွာသော်
ညီညာ႐ႊင္ပ်
စိုက္ပ်ိဳးၾကသား
ဂေါဏစားလောက်
ပင်ငယ်ရောက်လျှင်
တစ်ပေါက်မကျ
တစ်သိန်းမျှက
လောကဗျူဟာ
နတ်ကာမာတို့
မေတ္တာပွားကြ
ကြီးမိဘကို
တုပ်ကွမြတ်လေး
လုပ်ကျွေးကြပါ
ကြွေးကြော်လာ၏။
သတ္တဝါအများ
ဈာန်ကိုပွားလျက်
စံလားဗြဟ္မာ
ကာလကြာ၍
ဒုတိယာနေ
ပေါ်လာလေသော်
မြစ်ငယ်ရေခြောက်
ညဥ့်လည်းပျောက်၏။
သုံးမြောက် လေးစင်း
ငါးစင်း ဆဋ္ဌ
သတ္တမ နေ
ပေါ်ထွက်ချေသော်
ခြောက်လေ မြစ်ကြီး
အိုင်ကြီးသမုဒ္ဒရာ
စက္ကဝါခိုးထ
မီးလျှံကြွ၍
သင်္ခါရခပင်း
ပြာမကြွင်းခဲ့
ဟင်းလင်းထက်အောက်
မိုက်မှောင်ရောက်သည်
ကွယ်ပျောက်လုံးစုံ မမြဲတည်း။
ထို့နောက် ကမ္ဘာ
ပြုမိုးရွာသော်
လောင်ရာတစ်လျှောက်
လေခံထောက်သား
ခန်းခြောက်စဉ်သင့်
ရှေ့တိုင်းဖြစ်လျှင်
တည်လင့်ထက်ဘုံ
မြေရောက်တုံသော်
ဝါယုံဆို့နေ
ရေစစ်ရေသို့
တည်နေမယို
ခန်းတိုင်းမိုလျက်
ရေချိုအထက်
မြေချိုတက်သား
ထို့ထက်ဗြဟ္မာ
စုတေလာ၍
ရသာပထဝီ
မြေအဆီကို
လုပ်ချီသုံးဆောင်
တဏှာလောင်လျက်
ကိုယ်ရောင်ကွယ်ပျောက်
မိုက်မှောင်ရောက်၍
အကြောက်ရကာ
ရဲကြရာဖို့
လျော်စွာဆန္ဒ
နေနှင့်လတို့
ပေါ်ကြထင်ရှား
နက္ခတ်များလည်း
လှည့်သွားဖြစ်ကြ
တပေါင်းလဟု
ပုဏ္ဏရက်တွင်း
ဆပ်ထမင်းသို့
ကုန်းကျင်းစုံစွာ
ဖြစ်ကြလာသည်
ကမ္ဘာတည်ခင်း စုံသတည်း။
ရသာမြေကို
စားလေတုံမျှို့
တဏှာဖို့၍
တချို့ မလှ
တချို့ လှတည်း
ဆင်းမလှသူ
လှသသူက
မာန်မူသည့်တွက်
မြေချိုညက်လည်း
ကွယ်ဝှက်ပြန်ဘိ
ဘူမိပပ္ပဋက
မြေလွှာမြနှင့်
ပဒါလတာ
ထို့တူလာ၏
ရသာလိုပေး
ထွန်နှင့်ဝေးသည့်
သလေးဆန်စင်
စားလေလျှင်မူ
မစင်ငယ်ကြီး
ဖြစ်ကြပြီး၍
ယိုစီးဖို့ရာ
ထွက်ဖို့ငှာဟု
အမာဝပေါက်
ဘောလည်း ရောက်၏
တစ်ယောက်တစ်ယောက်
မေထုန်မြောက်အောင်
သွေဖောက်ယုတ်မာ
ကျင့်သည့်တာကြောင့်
ပညာရှိများ
မြစ်တားမောင်းမဲ
ညှဉ်းဆဲပုတ်ခတ်
ပြုလေအပ်၍
ခိုကပ်ဖို့ရာ
အိမ်ရာတည်ဆောက်။
လူပျင်းနောက်သို့
နည်းလျှောက်သိမ်းဆည်း
ထိုကတည်းက
ဖွဲလည်းမြှေးယှက်
ရိတ်ရာကွက်မှ
မထွက်လာထ
ညည်းတွားကြ၏
ထားရရေးသား
သူ့ပိုင်းခြားကို
ခိုးငြားမနိုင်
သုံးကြိမ်တိုင်သော်
စွဲကိုင်ခဲတုတ်
သတ်ပုတ်ယှက်မြှေး
နိုင်မဟေးလို့
စုဝေးတိုင်ပင်
များထက်တင်သား
ဗုဒ္ဓင်္ကုမြတ်
ဗောဓိသတ်ကို
ချဉ်းလတ်ပန်ထွာ
သမုတ်ပါ၍
မဟာသမ္မတ
ခတ္တိယနှင့်
ရာဇအပြား
မည်သုံးပါးဖြင့်
ထင်ရှားလူ့ဘောင်
စတည်ထောင်ခဲ့
ထို့နောင် ဗြဟ္မဏ
အမျိုးစသည့်
ဝဏ္ဏလေးပါး
ဤသို့အားဖြင့်
တရားသွေကွက်
ယွင်းချော်ပျက်၍
အသက္တိုလ်
ပါပကသည်
ဓမ္မလူတွင် ထွန်းသတည်း။
ချစ်ဖွယ်ပီယဆေး
ချစ်စေလျှင်၊ ဒါနယှဉ်၊ မြဲပင်ချစ်ဆေးပဲ
နှမြေားခြင်ဟာ၊ မုန်းဆေးပါ၊ ရှောင်ခွါနေကြကွဲ့
ဒါနအလှူ၊ များဗိုလ်လူ၊ ကြည်ဖြူချင်ဆေးပဲ
နှမြေားနေတာ၊ မလှူဒါ၊ အဲဒါအထိကျန်အပဲ
အချစဆေးကား၊ သောက်လိုငြား၊ ပြုထားကွယ့်
အမုန်ဆေးကို၊ သွန်ပိုက်လို၊ ဝန်တိုမပြုနဲ့
ချမ်းသာတရား (၁၂) ပါး
ကိစ္စကြုံလျှင်၊ မိတ်ကောင်းယုဉ် ကြည်ရွှင်ချမ်သာသည်။
ရှိသမျှနှင့်ပင်၊ ကျေနပ်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
သေချိန်နီလျှင်၊ ကောင်းမှုယှဉ်၊ ကြည်ရွှင်ချမ်းသာသည်။
ဒုက္ခကင်းစင်၊ စွန့်ပယ်လျှင်၊ ကြည်ရွှင်ချမ်သာသည်။
မွေးမေမိခင်၊ လုပ်ကျေးလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
မွေးဖေဖခင်၊ လုပ်ကျေးလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
ရဟန်းတော်ရှင်၊ စောင့်ရှောက်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
အရိယာရှင်၊ စောင့်ရှောက်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
အိုသညထိပင်၊ င်္သီလစင်၊ ကြည်ရွှင်ချမ်းသာသည်။
သဒ္ဒါကြည်လင်၊ စွဲမှိလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
ပညာစုံလင်၊ ရရှိလျှင်၊ ကြည်ရွှင်ချမ်သာသည်။
မကောင်းမှုကြဉ်၊ မပြုလျှင်၊ ကြည်ရွှင်ချမ်းသာသည။
ချမ်သာတရာ၊ ၁၂ ပါး၊ မှတ်သားလိုက်နာသည်။
လိုက်နာကျင့်လျှင်၊ ဆင်းရဲစင်၊ ကြည်ရွှင်ချမ်သာသည်။
ပူဇော်ထိုက်သူများ
ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ များလူသိ၍ထား
မိဘဥာတကာ၊ သားချင်းမှာ၊ သက်ဝါကြီးသူများ
ကျေးဇူသခင်၊ ဆရာရှင်၊  တွင်တွင် ပူဇော်ထား
ရတနာသုံးပါး၊ အထွတ်ထား၊ ညွတ်ထွားပူဇော်သွား
ရှိခိုးပူဇော်၊ အထူးနော်၊ ပူဇော်ရှိညွတ်တွား
ပန်းမာလ်ဆီမီး၊ အသီးသီး၊ ကြီးငယ်ပူဇော်ပွါး
စွမ်းအားသမျှ၊ သဒ္ဓါကြွ၊ ဒါနပြုကပ်ထား
အာမိသပူဇာ၊ ဖြူသဒ္ဓါ၊ မကွာမြဲမှတ်သား
သရဏဂုံသီလ၊ ကျင့်ဓမ္မ၊ မြဲထစိတ်မှာထား
ပူဇော်ထိုက်သူ ပူဇော်သူ၊ ကြီးသူဂုဏ်ဆပွါး။
အသိအမြင်များပါစေ
အကြာအမြင်များလေလျှင်၊ လူခွင်ကျိုးများစွာ
အပြစ်မလွမ်း လောကီကျမ်း၊ ကြိုးပမ်းသင်ယူရာ
ဆိုးကောင်းမြင်သိ၊ တရားရှိ၊ သိအောင်ကြိုးစာရာ
ကဝိတဆူ ဖြစ်လိုမှု၊ ဗဟုသိပ္ပ ရှာမှီးရ
ပညာရှိသူ၊ ထိုသသူ၊ နတ်လူဌာနကျော်လေစွ
သိပ္ပ ပညာ၊ မတတ်စွာ၊ မဟာဒုက္ခကြီးစွာရ။
ပညာမဲ့သူ၏ သဘောလက္ခဏာ
မရှိပညာ၊ ဤလုရွာ၌၊ ကျမ်းစာနီတိ တတ်မသိက၊
မျက်စိကန်း လူဖြစ်ဆန်းမျှ၊
ပေါက်ပန်းပမာ မှတ်တို့ရ၏၊
မနာတရား မောဟအားဖြင့်၊
မများသုတ မိုက်ဝါဒနှင့်၊
မရသတိ လူဒိဋ္ဌိတို့၊
ရမိရရာ ဝဋ်ချမ်းသာကို၊
လွန်စွာခင်မင် အမြဲတင်ရာ၊
ဆင်ခြင်မညှာ ပြုတတ်စွာ၏
အများအကျိုး ၊ ရွက်သယ်ပိုးက ၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း ၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ်
ရှေးရှုနှင်လော
မိဘ
မိဘသခင်၊ ကျေးဇူရှင်၊ စာသင်ခွင့်ပြုရှာ။
ဆယ်ပြန်အသက်၊ ကျေးဇူးမြွက်၊ ပေးဆက်မကျေပါ။
သည်မိဘမျိုး၊ လွန်မြတ်နိုး၊ ရှိခိုးဖန်ခါခါ။
အသီးတစ်ရာ၊ အညှာတစ်ခု
ပမာပြု၍၊ စိတ်ဟုမည်ငြား
ဤတစ်ပါးမျှ၊ တရားကိုကျ
စောင့်စည်းကွပ်ကာ၊ လူ့ရပ်နတ်ရွာ
ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။
(မဃဒေဝ)
မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုက်ဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွတ်မထိန်း၊ ညွှတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူပြာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။
(ချမ်းမြေ့ဆရာတော်)
ကိလေညစ်မဲ၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။
ကိလေညစ်မဲ၊ စိတ်မစွဲ
ရုပ်ဆင်း ကြည်လင်သည်။
စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်
စိတ်ကို သိရမည်။
စိတ်ကိုသိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။
နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေးပစ်ရမည်။
(ချမ်းမြေ့ဆရာတော်)
အဓိဋ္ဌာန်
၁။ဘုရားကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၂။တရားကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၃။သံဃာ့ကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၎။မိဘကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၅။ဆရာ့ကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၆။တိုင်ပြည်ကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင်ဆပ်ပါမည်။
၇။ကျေးဇူးမကျေ လူမိုက်တွေ မသွေဖြစ်မှာစိုးရသည်။
၈။ကျေးဇူးဆပ်ကာ လူလိမ္မာ မှန်စွာဖြစ်အောင် ကြိုးစားမည်။
၉။တိုင်ပြည်လူမျိုး များကောင်းကျိုး သယ်ပိုးဆောင်ရွတ်ပြုပါမည်။
ဆရာတော်ဦပညာသာမိ(မာဂဓီသာစည်)
စိတ်ကိုရှာဖွေခြင်း
ကိလေညစ်မဲ၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။
ကိလေညစ်မဲ၊ စိတ်မစွဲ
ရုပ်ဆင်း ကြည်လင်သည်။
စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်
စိတ်ကို သိရမည်။
စိတ်ကိုသိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။
နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေးပစ်ရမည်။
(ချမ်းမြေ့ဆရာတော်)
အေးမြကြည်လင်၊ ကန်ရေပြင်၏
အောက်တွင်ရှိငြား၊ ငါး,လိပ်,ဖားနှင့်
ယောက်သွား,ခရု၊ အစုစုကို
ကြည့်ရှုလိုက်လျှင်၊ ထင်ထင်မြင်သို့
ကြည်လင်စိတ်ဖြူ၊ ထိုသည့်သူက
ကိုယ်သူအကျိုး၊ နှစ်ဦးအကျိုးနှင့်
မဂ်ကျိုးဖိုလ်သည့်၊ နိဗ္ဗာန်ထိသည်
သူ၏စိတ်ဓာတ် ကြည်သောကြောင့်။
(ချမ်းမြေ့ဆရာတော်)
ပညာမဲ့သူ၏ သဘောလက္ခဏာ
မရှိပညာ၊ ဤလုရွာ၌၊ ကျမ်းစာနီတိ တတ်မသိက၊
မျက်စိကန်း လူဖြစ်ဆန်းမျှ၊
ပေါက်ပန်းပမာ မှတ်တို့ရ၏၊
မနာတရား မောဟအားဖြင့်၊
မများသုတ မိုက်ဝါဒနှင့်၊
မရသတိ လူဒိဋ္ဌိတို့၊
ရမိရရာ ဝဋ်ချမ်းသာကို၊
လွန်စွာခင်မင် အမြဲတင်ရာ၊
ဆင်ခြင်မညှာ ပြုတတ်စွာ၏။
စိတ်ကောင်းထားကြစို့
*********************
ကံကောင်းချင်သလား ကလေးတို့ရယ်
စိတ်ကောင်းထားပါကွယ်။
စိတ်ကောင်းထားရင် နှုတ်လည်းကောင်း
ကိုယ်ဟန်မူယာ ကြည့်လို့ကောင်း
ကိုယ်ကောင်း နှုတ်ကောင်း စိတ်ကောင်းရင်
ဖြစ်လာသမျှ ကောင်းမည်ပင်။
ဖြစ်လာသမျှကောင်းစေဖို့
စိတ်ကောင်းထားကြစို့။
ဘုရားရှိခိုးအိပ်ပါ
သားငယ်ငယ်          သမီးငယ်ငယ်
ဘုရားရှိခိုး               အိပ်ပါကွယ်
ဘုရားမှာ                ဘာတွေရှိ
ဂုဏ်တော်              ကိုးပါးရှိ
ဂုဏ်တွေရှိဖို့           တို့ဘုန်းကြွယ်
ဘာတွေ                 ဖြည့်ကျင့်တယ်
စွန့်ခြင်းငါးသွယ်       ကျင့်သုံးပါး
ပါရမီတွေ                ဖြည့်ကျင့်ပွား။
လောကသားတို့      အကျိုးငှာ
ဗုဒ္ဓလမ်းစဉ်             အတုခိုးပါ
ဂုဏ်ရှိတာကို          အတုခိုးတော့
ရှိခိုးတယ်လို့           ခေါ်တာပေါ့။
(မအားလို ကဗျာတွေတောင် ရေးမတင်ဖြစ်တာကြာပြီ။အာလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။)
လေးစားကွယ်
လူ့ဘ၀ဆိုတာ              ရခဲတယ်
ကိုယ့်ဘ၀လည်း           ရခဲတယ်
သူ့ဘ၀လည်း               ရခဲတယ်
ကိုယ့်ဘ၀လည်း           တန်ဖိုးရှိတယ်
သူ့ဘ၀လည်း               တန်ဖိုးရှိတယ်
ကိုယ်ချင်းစာတရား       ထားလို့ရယ်
ကိုယ့်ကိုယ်ကိုလည်း     လေးစားကွယ်။
သူတစ်ပါးကိုလည်း        လေးစားကွယ်။
လေးစားကွယ်-------လေးစားကွယ်-----။
လပြည့်အကြိုအဖြစ်တစ်ခါတင်ပေး
လပြည့်လျှင်ထပ်မံတင်ပေးပါဦးမည်
“ “"လပြည့်ည"""
လပြည့်တန်ဆောင်
အရောင်လင်းလက်
ဖိုးလမင်းကွန်ယက်က ကမ္ဘာမြေအဆုံး
မြောက်လေအေးနုနုတွေတိုက်ခတ်ထုံးဖွဲ့
ငွေနှင်းမြူတွေကိုဖိတ်ခေါ်လျက်
ဆောင်းဥတုအငွေ့အသက်ဆီသဲ့သဲ့နဲ့ဝင်ရောက်တော့မှာပေါ့
သာမညဖလ
ရဟန်းပြုအကျိုးထူး
ဂုဏ်မြူးအလီလီဟောရာည
မဟာကထိန်အလှုမြတ်
ကုန်ဆုံးရာနေ့မြတ်မို့
အရုဏ်မတက်ခင်သင်္ကန်းယက်လုပ်
မသိုးသင်္ကန်းသမုတ်ကာအလှဆင်
ကုသိုလ်ထူးတွေထွင်တဲ့ည
သာယာမှုအပေါင်းခတဲ့ညပေါ့
ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး
ညစ်မျိုးငါးဖြာ
ကင်းပဖြူစင်စွာဖြင့်
အဇဋာပြင်အနှံ့
အကန့်မထား
ဝင်းပအေးမြမှုတွေပေးထား
ဖိုးရွှေလမင်းအလှကားကား
နက္ခတ်ကြယ်တာရာအပွားတွေကဝန်းရံထား
ကြည်နူးပွားတဲ့ည
လမင်းအရောင်ကိုစောင့်
ပွင့်အာဖို့စိုင်းပြင်းနေတဲ့ကုမုဒြာကြာပန်းအငုံမောက်မောက်
အလင်းရောင်ရတာနဲ့တောက်လျောက်ပွင့်ကြ
လရောင်နဲ့ပဏာရမှပွင့်ကြတဲ့ည
သူတို့နဲ့အပြိုင်
ဆီမီးမြိုင်မြိုင်နဲ့ဗုဒ္ဓမြတ်ဘုရားကိုပူဇော်ကြတဲ့ည
အလင်းခိုင်ကာထည်ဝါခတဲ့ညပေါ့
ဝိဇ္ဇာဇော်ဂျီတပသီများက
မယ်ဇလီပင်မှာဆေးပေါင်းချ
ဆေးကြိတ်ကြတဲ့ည
ဆေးဖက်ဝင်အပင်အပေါင်း
မယ်ဇလီပင်ဆီဝပ်ဆင်းခညောင်း
အဆီသြဇာထည့်ဝင်ဆောင်းကြ
ဆေးပေါင်းခတဲ့ည
ပျော်မြူးကြတဲ့ညပေါ့
ဗေဒင်ဆရာများကတော့
လနက္ခတ်ကြယ်တာရာစုံတဲ့ညမို့
စောင့်ခဲ့ရတစ်နှစ်တာ
တစ်ညတည်းမှာအဝထိုင်ကာကြည့်
ဟောစာတမ်းညှိကာအဖြေရှာ
လောကီသဘာဝတွေလည်းဖွာတဲ့ညပေါ့
ရာသီခဝဲပန်းများ
အဝါရောင်သန်းကာအလှပြင်
လောကကိုအလှဆင်ပြ
ကြည်နူးရပါပေါ့
မိုးကုန်တော့မြေသားခြောက်သွေ့
မိုးရေအဝသောက်ထားတဲ့မြေသားဓလေ့ပေါ်က
သစ်ပင်ပန်းမန်
စိမ်းစိုလန်းဆန်းအလှဖန်ပြ
သဘာဝအလံထူကာလောကကိုအချောအလှဆန်စေခဲ့ပါပေါ့
သြော်--- တန်ဆောင်မုန်းလပြည့်
နေ့ထူးတွေအစီအရီပြည့်နှက်
လောကုတ်လောကီနှစ်ဖြာလင်းလက်
ကောင်းကျိုးစုံတဲ့ညအညက်ကတော့
အသက်ဝင်လှပ
ပျော်စရာကြွမှာပေါ့
ခုနေများတော့ကွယ်
တောင်ကြီးကအစ
မေမြို့အလယ်
ကျန်မြို့များအဆုံး
မီးပုံးတွေနဲ့အလှပြင်
ရတနာမြတ်သုံးပါးနဲ့မိဘဆရာများကိုဦးထိပ်ပန်ဆင်
ဆီမီးမြိုင်မြိုင်နဲ့မြတ်ဗုဒ္ဓကိုပူဇော်ကြ
အနန္တငါးဖြာကိုကန်တော့ဝပ်ဆင်းကြ
ကထိန်သင်္ကန်းအမြတ်ပန်းကိုဆင်ယင်ကြ
မီးပုံးအလင်းဓာတ်ဆီကအလင်းကူးကာအလှပြင်ကြတဲ့လ
လတန်ဆောင်အမွကတော့
ကြည်နူးရ
ပျော်ရွှင်ရ
ဝမ်းသာရ
သာယာကြ
ပျော်စရာကြွခဲ့ပါပေါ့၊၊
လှူပါ သုံးပါ ဤဥစ္စာ
******
လူ့ရွာလာစဉ်
သင်၏လက်မှာ
ဘာမျှမပါ။
လူ့ရွာရောက်ကာ
သင်ကြီးခါမှ
ဖွေရှာစုစည်း
စည်းစိမ်ဥစ္စာ
သင် ရလာ။
ပေါများဥစ္စာ
လှူပါ သုံးပါ
သေခါလုံးလုံး
လာစဉ်တုန်းလို
အရှုံးလက်ချည်း မပြန်နှင့်။
အလှစစ်
-------------------------------
အလှဟူသည်
ကာယဝတ်ဆင်      ရှုသူယဉ်၍
မြင်သူအေးမြ         ငြိမ်းချမ်းမှ...။
အလှဟူသည်       
တွေ့မြင်သူငေး       ဘဝင်အေး၍
တလေးတစား       တန်ဘိုးထားမှ...။
အလှဟူသည် 
ရိုးရှင်းပုံသွင်          ဆန်းလျက်ယဉ်၍
ခုံမင်အားကျ         ယဉ်ကျေးမှတည့်။
အလှဟူသည်
ဣနြေ္ဒသိက္ခာ         စံထားရာမို့
မြန်မာ အလှ          ရိုး သမျှကို
ခိုးချဖော်လှန်         သရုပ်ဟန်ဖြင့်
ယှဉ်ရန် တုပ          မပြုကြနှင့်...။
ကမ္ဘာ့ ရေမြေ         ဆုံးရှာဖွေလည်း
ဒီပြေ အသွင်         ရိုး လှ ယဉ်ကို
စိတ်ဘဝင်နှလုံး     ယှဉ်သူ ရှုံး......။
                  သုခိန်(ဗုဒ္ဓတက္ကသိုလ်)
ယဉ်ကျေးလိမ္မာ ရတနာပန်းခင်း
                 ဗုဒ္ဓဝင် အ မေး အ ဖြေ
                        အခန်း (၁)
၁။ (မေး) ကိုးကွယ်ရာကို,ဘုရားဆို,ဘယ်လိုဖြစ်မှ ဘုရားနည်း။
     (ဖြေ) လူ နတ် ဗြဟ္မာ, အားလုံးသာအောင်, ပါရမီဟုန်,ညာညီစုံ,သိန်ဂုဏ်ပြည့်မှ ဘုရားတည်း။
     (ရှင်းလင်းချက်) လောက၌ များစွာသောလူတို့သည် ဆင်းရဲဒုက္ခကို ပယ်ဖျောက်၍ ချမ်းသာသုခ ရောက်အောင် စောင့်ရှောက်နိုင် မည့် ပုဂ္ဂိုလ်ထူးကို "ဘုရား၊ဘုရား"ဟုခေါ်ဆိုကြ၏။ ထိုဘုရားကို အားကိုးကြ၏။ ဘေးရန်ပေါ်လာလျှင် (က လေး၏ကွယ်စရာ မိဘကဲ့သို့)တွယ်တာစရာ ဟုလည်းသ ဘောထားကြ၏။
     ထိုသို့ ကိုးကွယ်စရာဖြစ်၍"ကိုး+ကွယ်ရာ"ဟု အသိအမှတ်ပြုအပ်သော ဘုရားဟူသည် ဘဝများစွာ သံသရာ၌ ပါရမီကောင်းမှုများစွာပြု၍ နောက်ဆုံးဘဝ၌ လောကီဂုဏ်သိန် အားဖြင့်ဖြစ်စေ၊ ကရုဏာတော် မေတ္တာတော် ဉာဏ်တော်တန်ခိုးတော် ဂုဏ်သိန်အားဖြင့်ဖြစ်စေ လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့ထက် သာလွန်မှသာ "ဘုရားအစစ်" ဖြစ်နိုင်ပေသည်။
၂။ (မေး) ဘယ်လိုမှန်းကာ, ပြုမှသာ,ပါရမီဟု ခေါ်သနည်း။
     (ဖြေ) မြတ်သူ့လုပ်ငန်း,သူကျိုးမှန်း၍,ကျွတ်တမ်း ရွယ်ကာ,ပြုမှသာ,ပါရမီဟု ခေါ်သတည်း။
     (ရှင်းလင်းချက်) ဘုရားဖြစ်ကြောင်း "ကောင်းမှုပါရမီ" ဆိုသည်မှာလည်း ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတပါး၏ ကောင်းကျိုးကိုလည်းကောင်း သံသရာမှလွတ်ဖို့ကိုလည်းကောင်း ရည်မှန်း၍ ပြုလေ့ရှိသော သူမြတ်တို့၏ လုပ်ငန်းပင်ဖြစ်၏။ (ပရမာနံ-မြင့်မြတ်သူတို့၏။ ကမ္မံ-အလုပ်တည်း၊ပါရမီ-မြင့်မြတ်သူတို့၏အလုပ်၊ ဝါ-ကောင်းမှု။)
(လူငယ်လူရွယ်လေးများအတွက် ရည်ရွယ်ပါ၍ ဆက်လက်ဖော်ပြပါမည်)
ဗုဒ္ဓဝင် အ မေးအ ဖြေ
                       ဒုတိယအခန်း
        [ဘုရားအ လောင်းတော် သုမေဓာ ဗျာဒိတ်ခံပုံ။]
၁။ (မေး) အကျဉ်းဆယ်ပါး,အပြားသုံးဆယ်, များကျယ်အညီ,ပါရမီ,သာကီ ဘယ်က,စသနည်း။
      (ဖြေ) အကျဉ်းဆယ်ပါး,အပြားသုံးဆယ်, များကျယ်လှစွာ,ပါရမီမှာ,သုမေဓာက စသတည်း။
     (ရှင်းလင်းချက်) သာကီဝင် မျိုးမှာ ဖြစ်သောကြောင့် မြတ်စွာဘုရားကို `သာကီ´ဟုခေါ်ပါသည်။ သာကီဝင် မင်းသား ငါတို့မြတ်စွာဘုရားသည် သုမေဓာဘဝမှစ၍ ပါရမီများကို ဖြည့်ခဲ့ပါသည်။
၂။ (မေး) ဘယ်ချိန်ဘယ်ခါ,ဘယ်မြို့မှာ,လောင်းလျာဘယ်သို့ ဖြစ်သနည်း။
     (ဖြေ)လေးအသ င်္ချေပေါ်,ကပ်သိန်းကျော်ဝယ်,မြို့တော်အမရာ,သုမေဓာ, လောင်းလျာထိုသို့် ဖြစ်သတည်း။
     (ရှင်းလင်းချက်) မင်းဖြစ်မည့်သူကို "မင်းလောင်း=မင်းလျာ"ဟု ခေါ်သကဲ့သို့ ဘုရားဖြစ်မည့်သူကိုလည်း"ဘုရားအ လောင်း = အလျာ"ဟု ခေါ်သည်။ ငါတို့၏ ဘုရားအ လောင်းတော်သည် ယခုကမ္ဘာမှပြန်၍ ရေတွက်လျှင် လေးအသ င်္ချေနှင့် ကမ္ဘာတသိန်းအထက်၌ "အမရဝတီ"မင်းနေပြည်တော်ဝယ်"သုမေဓာ" ဟုထင် ရှားသော သတို့သားဖြစ်ခဲ့လေသည်။
၃။ (မေး) အမျိုးအရိုး,ဘယ်လိုစိုး,ဟိုးဟိုးကျော်ခဲ့ ပါသနည်း။
     (ဖြေ) မိဘ ဘေးဘိုး,သူဌေးမျိုး,ဟိုးဟိုးကျော်ခဲ့ ပါသတည်း။
     (ရှင်းလင်းချက်) ထိုသုမေဓာ၏ အမျိုးကား အမိဘက် ကိုင်(ဆွေ၇ဆက်,မျိုး ၇ဆက်) ဆင်းသက်လာခဲ့သော သူဌေးမျိုးဖြစ်၏။ အမိဖြစ်သူမှာ လွန်စွာသီလစင်ကြယ်၏။ အထက်(၇)ဆက်လုံးလည်း အခြားအမျိုးဇာတ်နှင့် မ ရောစပ်ခဲ့ဖူးအောင် အမျိုးသန့်၏။ အမျိုးနှင့် စပ်၍ ဘယ်အခါမျှ အထင်သေးမခံခဲ့ရ၊ အ ပြောအဆို မခံခဲ့ရ။
(ဆက်၍ဖော်ပြပါမည် လူငယ် လူရွယ်များအတွက် ရည်ရွယ်ပါသည်)
ကမ္မဝိဘင်္ဂသုတ် သံပေါက်
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင် ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင် လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။
၉။ မလှူမဒါန်း၊ မ ပေးကမ်း၊ ခြောက်ခန်း ဥစ္စာဆို။
၁၀။ စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကြိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မ မေးက၊ ဖျင်း အ, ပညာဆို။
၁၄။ ကြားမြင် များအောင်၊ မေးလေ့ဆောင်၊ ခုနောင် တတ်သိလို။
(လူငယ်လူရွယ်တို့ အတွက် ရည်ရွယ်ပါသည်)
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူတွေ ဟောညွှန်ပြမှ၊ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့၊ ခဏ ခဏ ရွတ်သင့်သည်။
ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့၊ ကောင်းခြင်းသုခ ရလိမ့်မည်။
အကျိုးနှင့် ကံ ဝေဖန်တတ်မှ၊ ကံကောင်းကံမြတ် ပြုလိမ့်မည်။
လိမ္မာယဉ်ကျေး ဒို့ရင်သွေး
***********************************
                ရင်နှင့်သည်းချာ ပန်းပမာ
            **********************
*ဥယျာဉ်အတွင်းက ပန်းအလှ ဖူးစငုံစ ယုယကြ။
*နေခြည်ပက်ဖြန်း ရေကိုဖြန်းစိုလန်းပါမှ ဖူးပွင့်ကြ။
*မြေကိုလဲထွင် သြဇာတင် ပြုပြင်ပေးမှ
  အားသစ်ကြွ။
*ဖူးပွင့်ဝေဝေ သင်းပျံ့စေ ရှု့လေတိုင်းပေ
  ရွှင်လန်းရ။
*ရင်နှစ်သည်းချာ ပန်းပမာ ဝေဆာဖြိုးကြွ
ပွင်းတိုင်းလှ ။
                   မြတ်ဆန္ဒ
           ****************
ရင်သွေးငယ်တိုင်း ယဉ်ကျေးလိမ္မာရမည်
ရင်သွေးတို့ကမ္ဘာ ငြိမ်းအေးသာယာရမယ်
ရင်သွေးတို့ ခေတ် ဆန်းသစ်ဝေဆာရမည်
စေတနာအသိ ရင်မှာရှိက
ညီ ညီမ တူ တူမ လေးတို့ အား
ဘုရားကျောင်းကန် ဗုဒ္ဓစာပေ သင်ကြားနိုင်ဖို့ 
စွမ်းအားသရွေ့ လုပ်ဆောင်ကြပါစို့ 
အမျိုးချစ် ဘာသာ ချစ်တို့ ရေ  
စေတနာဇောဖြစ်
                  မျိုးချစ် ရင်သွေး
                      တွောင်း
သံဃာ့ဂုဏ်တော်
ဘုရားရှင်တော် သားတော်များဟု
မှတ်သားခေါ်ရ သံဃာမည်
တရားမူမှန် မပျက်စီးဖို့
အသီးသီးဆောင်ရ ကျင့်ရသည်
သံဃာဆိုတာ နှစ်မျိုးရသည့်
ပရမတ္ထ သမုတီ
တရားသိကာ ရိယာမြတ်မှ
ပရမတ္ထ ခေါ်ရသည်
သမ္မုတိဆို ထိုသံဃာ၌
ဆိုးကောင်းနှစ်ဝ ရှိကြသည်
အကောင်းကိုသာ ကိုးကွယ်ကြဖို့
စိတ်က န္စိစထားရမည်
အကောင်းတွေကို အသက်ပေးလို့
သာသနာရေးဆောင်သင့်ပြီ
မဆောင်နိုင်သော် ဘာသာပျက်၍
သာသနာသက် ဆုံးတော့မည်
တစ်နှစ်သုံး တစ်နှစ်သုံး
ဗုဒ္ဓအချစ်ဆုံး
တစ်နှစ်သုံး တစ်နှစ်သုံး
ဗုဒ္ဓအမြတ်ဆုံး
အမြတ်ဆုံးမို့ တို့ကိုးကွယ်
ဂုဏ်တော်ကိုးပါးရယ်
ဂုဏ်တော်ကိုးပါးရင်မှာထား
စေတီတည်စို့လား
သိစေချင်
ကမ္မဿကာ၊ လူဗိုလ်ပါတို့
ငါနဲ့ မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
ဒုံးဒုံးကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏
အမျိုးဘာသာ၊ ကွယ်ပျောက်ရာ၏။ ။
                        ထပ်ဆင့် ကူးယူဖော်ပြပါသည်။
ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။
ရှင်မဟာရဋ္ဌသာရ
အမေ
♬  ♬  ♬  ♬  ♬  ♬
✩  မိုးယံမှာ ကြယ်တစ်ပွင့်
ပြုံးဝင့်လို့ စိန်သဖွယ်
ဝင်းလက်လှတယ်။
မိုးပေါ်ကကြယ်၊ မထယ်လားမောင်မေး။
‘သားတော်မောင်၊ သူ့မျက်လုံးနဲ့
ပြိုင်ဦး’ တဲ့လေး။
✩  လစန္ဒာ ငွေရည်မှုန်းလို့
အပြုံးနဲ့ သူကြိုဆို
နူးညွတ်ဖွယ်ကို။
လ၀န်းပျို၊ မချိုလားမောင်မေး။
‘သားမျက်နှာ ချိုချိုပြုံးနဲ့
ပြိုင်ဦး’ တဲ့လေး။
✩  လရောင်နဲ့ ကြယ်ရောင်။
ငွေနှင်းရည် မြလွှာထက်က
ဝင်းလက်ပုံဆောင်။
နှင်းငွေဥရောင်၊ မပြောင်လားမောင်မေး။
‘သားလူညို သူငိုတုန်းကို
ပြိုင်ဦး’ တဲ့လေး။
(ငွေတာရီ)
"၃၈-ဖြာ မင်္ဂလာတရား"
(၁) ညာဉ်ဆိုးလူမိုက်၊ မပေါင်းထိုက်၊ ရှောင်လိုက်ဦးစွာ၊ မင်္ဂလာ။
(၂) ပညာရှိမြတ်၊ ထံ-နီးကပ်၊ မပြတ်ကြားနာ၊ မင်္ဂလာ။
(၃) ပူဇော်ပြုထိုက်၊ သူ.ပေါ်၌ ၊ ပြုလိုက်ပူဇာ၊ မင်္ဂလာ။
(၄) ပျော်ရာမလိုက်၊ တော်ရာ၌၊ ခြေစိုက်နေတာ၊ မင်္ဂလာ။
(၅) ရှေးကမယုတ်၊ ကုသိုလ်လုပ်၊ ကြိုးကုတ်ခဲ့တာ၊ မင်္ဂလာ။
(၆) ကိုယ့်စိတ်သည်ပင်၊ ပဲ့ကိုင်ရှင်၊ စိတ်လျှင်ထိန်းတာ၊ မင်္ဂလာ။
(၇) ကြားမြင်နှံ.ဖို.၊ စာပေနို.၊ သောက်စို.နေတာ၊ မင်္ဂလာ။
(၈) အသက်မွေးမှု၊ တတ်တစ်ခု၊ စေ့ငုသင်တာ၊ မင်္ဂလာ။
(၉) ဘ၀ထိန်းကျောင်း၊ ကျင့်ဝတ်-ကြောင်း၊ ကောင်းကောင်းသိတာ၊ မင်္ဂလာ။
(၁၀)ပာုတ်လည်းပာုတ်မှန်၊ ကျိုးရှိပြန်၊ ကောင်းမွန်ပြောတာ၊ မင်္ဂလာ။
(၁၁)မိဘကျေးဇူး၊ မတိမ်မြူး၊ အထူးဆပ်တာ၊မင်္ဂလာ။
(၁၂)အိမ်သူသက်ထား၊ သမီးသား၊ မြှောက်စားပြုတာ၊၊မင်္ဂလာ။
(၁၃)ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်တာဝန်၊ ကျေပွန်ရွက်တာ၊၊မင်္ဂလာ။
(၁၄)သဒ္ဓါရွှင်လန်း၊ ရွှေပြည်မှန်း၊ ပေးကမ်းလှူ တာ၊မင်္ဂလာ။
(၁၅)ကိုယ်-နှုတ်-စိတ်၌၊ သုစရိုက်၊ စွဲပိုက်ကျင့်တာ၊ မင်္ဂလာ။
(၁၆)ဆွေမျိုးတို.အား၊ ခေါက်မထား၊ မြှောက်စားပြု တာ၊ မင်္ဂလာ။
(၁၇)သန်.စင်ပြစ်မျိုး ၊ လူထုကျိုး၊ သယ်ပိုးရွက်တာ၊ မင်္ဂလာ။
(၁၈) မကောင်းမှု ဘောင်၊ စိတ်မယောင်၊ ဝေးရှောင်ရှားတာ၊ မင်္ဂလာ။
(၁၉) စိတ်ဖြင့်ကြူးလျှင်၊ ကိုယ်နှုတ်တွင်၊ ထူးကြဉ်လိုက်တာ၊မင်္ဂလာ။
(၂၀) မူးယစ်ဆေးဝါး၊ သေရည်များ၊ သောက်စားရှောင်တာ၊မင်္ဂလာ။
(၂၁) သူမြတ်ဓလေ့၊ ကိုယ့်မှာမွေ.၊မမေ့လျော.တာ၊မင်္ဂလာ။
(၂၂) ကိုယ့်ထက်ကြီးလျှင်၊ ရိုသေပင်၊ ဦးတင်ညွတ်တာ၊ မင်္ဂလာ။
(၂၃) ကိုယ်ကကြီးလျှင်၊ မာန်မ၀င်၊ ကိုယ်ပင်နှိမ့်တာ၊ မင်္ဂလာ။
(၂၄) ရတာနှင့်လည်း၊ တင်းတိမ်မြဲ၊ ရောင့်ရဲလွယ်တာ၊ မင်္ဂလာ။
(၂၅) ကိုယ့်ပေါ်ပြုဖူး၊ သူ.ကျေးဇူး၊ အထူးသိတာ၊ မင်္ဂလာ။
(၂၆) ခွင့်သာခိုက်တွင်၊ တရားခင်၊ နားဆင်ဖြစ်တာ၊ မင်္ဂလာ။
(၂၇) သက်မဲ့မြေကြီး၊ သို.ပုံမှီး၊ သည်းညည်းခံတာ၊ မင်္ဂလာ။
(၂၈) ကြီးငယ်မပာူ၊ ဆုံးမမူ၊ နာယူလွယ်တာ၊ မင်္ဂလာ။
(၂၉) ရပာန်းတွေ.လျှင်၊ ကြာငုံဆင်၊ ဖူးမြင်လိုက်တာ၊ မင်္ဂလာ။
(၃၀) ရတုန်းခွင့်လေး၊ တရားရေး၊ ဆွေးနွေးဖြစ်တာ၊ မင်္ဂလာ။
(၃၁) ကိလေပူပန်၊ ငြိမ်းအေးရန်၊ ခြိုးခြံကျင့်တာ၊ မင်္ဂလာ။
(၃၂) မေထုန်မှုရှောင်၊ ထူးမြတ်အောင်၊ ကျင့်ဆောင်နေတာ၊ မင်္ဂလာ။
(၃၃) သစ္စာဥာဏ်လင်း၊ အသိရှင်း၊ ထိုးထွင်းမြင်တာ၊ မင်္ဂလာ။
(၃၄) ဒုက္ခလွန်မြောက်၊ နိဗ္ဗာန်ရောက်၊ မျက်မှောက်ပြုတာ၊ မင်္ဂလာ။
(၃၅) လောကဓံသင်း၊ တွေ.ကြုံလျဉ်း၊တုန်ခြင်းကင်းတာ၊ မင်္ဂလာ။
(၃၆) အပူခပင်း၊ အကုန်ရှင်း၊ ငိုခြင်းကင်းတာ၊ မင်္ဂလာ။
(၃၇) ရမက်မြူမှေး၊ ညစ်အကြေး၊ ကင်းဝေးနေတာ၊ မင်္ဂလာ။
(၃၈) ယာဂညစ်ထေး၊ ကြောက်ဖွယ်ဘေး၊ ငြိမ်းအေးနေတာ၊ မင်္ဂလာ။
ဦးသီလ (ဆော-ယော)
ခုနှစ်နေ့ ဘုရားရှိခိုး
ကြာသပတေးနေ့ ပဋိသန္ဓေယူ(အမိဝမ်းတိုက်သို့ ၀င်စားခြင်း)
သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့၊ ကိန်းပါကို။
သောကြာနေ့ ဖွားမြင်
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။
တနင်္လာနေ့ တောထွက်
ဖွါးမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။
ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေဥာဏ်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မညီးကြည်ဖြူနေတော်မူလျှက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါ ကို။
စနေနေ့ ဓမ္မစကြာတရားဟော
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြ်ာရွှေဖွါး၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီစုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွှန်းတယ်ကို။
အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
တရားနတ်စည်၊ စော်ရွှန်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သည့်သူ၊ နတ်လူဗြဟ္မာ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံတိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗုစံတော်မူသည်၊ ၀ှန်းဆူသောင်းလုံးကျော်တယ်ကို။
တနင်္ဂနွေနေ့ တေဇောဓါတ်လောင်(မီးသင်္ဂြီုလ်)
နိဗ္ဗုစံပြီး၊ ရှုမအီသာ၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုလျော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓါတ်တေဇောလျှင်၊ ရှင်စောဥာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိပ် ကြွင်းတယ်ကို။
ဆုတောင်း
ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျှက်၊ သုံးလူတို့ထက်၊ မြတ်ထက်မြတ်သား၊ ကိုယ် တော်ဘုရားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဒါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသော်။
ကျောင်းသို့သွားမယ်
ယဉ်ကျေးလိမ္မာ သင်ယူဖို့တွက်
တို့တွေနောက်ကျ ကျန်မည်နော်။
ယဉ်ကျေးစေရာ ဆိုကာပြတဲ့
ဘုန်းတော်ကျောင်းက ဖိတ်လို့ခေါ်။
မယဉ်ကျေးလျှင် လူ့ဗာလမို့
တို့တွေရှေ့ရေး ကောင်းဖို့မျှော်။
အလိမ္မာသိ စာမှာရှိ ယဉ်ကျေးစေဖို့မျှော်။
တို့များ ကြိုးစား တို့အမျိုးသား အဆင့်တန်းမြင့်မည်နော်။
အဲဒါကြောင့် လာကြ ရွှင်ပျ
ကျောင်းသို့သွားမယ်နော်-----။
၂၇။ သက်မဲ့မြေကြီး၊ သို.ပုံမှီး၊ သည်းညည်းခံတာ၊ မင်္ဂလာ။
၂၈။ ကြီးငယ်မပာူ၊ ဆုံးမမူ၊ နာယူလွယ်တာ၊  မင်္ဂလာ။
၂၉။ ရပာန်းတွေ.လျှင်၊ ကြာငုံဆင်၊ ဖူးမြင်လိုက်တာ၊  မင်္ဂလာ။
၃၀၊ ရတုန်းခွင့်လေး၊ တရားရေး၊ ဆွေးနွေးဖြစ်တာ၊ မင်္ဂလာ။
ဦးသီလ (ဆော-ယော)
ဗုဒ္ဓ******
ဗုဒ္စ---ဗုဒ္ဓ --မြတ်စွာ ဗုဒ္ဓ--။
မြတ်စွာဗုဒ္ဓ ---ဆိုသည်မှာ
သတ္တဝါများ အကျိုးတွက်ပါ
ဆယ်ဖြာပါရမီ ဖြည့်ဆည်းပူး
လမ်းကောင်းညွန်တဲ့ ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်ထူးမို့ ဦး ညွတ် ကာ
ဘုရားဂုဏ်များ ရည်စူးကာ
လေးမြတ်လှစွာ ရှိ ခိုးသည်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မ*****
ဓမ္မ---- မြတ်ဓမ္မ
ဗုဒွဟောပြ မြတ်ဓမ္မ
ဓမ္မ တရား ဆိုသည်မှာ
ဒုက္ခ ပင်လယ်ကြီးထဲ
နစ်မြုပ်မျောရှာ သတ္တဝါများ
ကယ်တင် တတ်လို့မြတ်တရား
မြတ်တရားမို့ စိတ်ညွတ်ကာ
တရားဂုဏ်များ
ရည်စူး၍
လေး မြတ်စွာရှိခိုး၏။
ဓမ္မံသရဏံဂစ္ဆာမိ။
သံဃ*****
ဗုဒ္ဓသာဝက မြတ်သံဃ
သံဃရဟန်းဆိုတာ
ဗုဒ္ဓဓမ္မ အဖြာဖြာ
သင်ယူကျင့်ကာ
တာဝန်ထမ်း
သာသနာပြုလို့
မြတ် ရဟန်းမို့
ဦးညွတ်ကာ
သံဃာ ဂုဏ်များရည်၍
လေးမြတ်လှစွာ
ရှိခိုးပါ၏-----
သံဃံ သရဏံ ဂစ္ဆာမိ။
ယဉ်ကျေးလိမ္မာ နေထိုင်ကြ
ရုပ်လှချင်သလား ကလေးတို့ရယ်
စိတ်ကလေးလှပါကွယ်။
စိက်ကလေးလှတော့ စိတ်ဆိုးမဖြစ်
အာလုံးဝိုင်းလို့ ချစ်။
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘုန်းတွေကြီးလို တန်းခိုးကြွယ်
တန်းခိုးကြွယ်တော့ လိုတရ
ယဉ်ကျေးလိမ္မာ နေထိုင်ကြ။
တိုင်းပြည်လှကြောင်း ဆုံးမစာကဗျာများ
၁။  စည်းကမ်းရှိတဲ့လူမျိုးမှာ - တာဝန်ယူတတ်ပါ။
     အမှိုက်တွေ့ရင်ရှောင်မသွား -  ကောက်ပြီးထည့်ပါလား။
၂။  စားပြီးအိပ်ခွံ   ဟိုဒီမပစ်   -   အမှိုက်ပုံးမှာပစ်။
     လမ်းလယ်ကောင်မှာဆူးခက်များ  -  ဖယ်ပစ်ခဲ့ရဲ့လား။
၃။  အများတည်းတဲ့ဇရပ်သစ်ပင်  -  ရှုပ်တွေးအမှိုက်များမြင်။
     သန့်ရှင်းဖို့ပင်   ၀န်မလေး  -  နတ်ပြည်ရောက်တဲ့ဆေး။
၎။  ခရီးလမ်းကရေချမ်းစင်  -  ရေသောက်မလို့ဝင်။
     မသန့်ရှင်းလျှင်   ပြုပြင်ထား  -  သာဓုခေါ်လို့မေတ္တာပွား။
၅။  အများသုံးတဲ့ရေတွင်းရေကန်  -  တုတ်ခဲမချရန်။
     အမှိုက်ချရန်  ရှောင်ကာရှား  -  ထွေးနဲ့တံတွေးများ။
၆။  တန်ဆောင်းပြာသာဒ်ဇရပ်ရေကန်  -  ဘုရားကျောင်းမကျန်။
     ညစ်ကြေးပေရန်   မင်ခဲများ  -  မဆွဲပါနဲ့လား။
၇။  ကျောင်းမှာထိုင်တဲ့တန်းလျားခုံ  -  စားပွဲစသည်စုံ။
     ကမြင်းဆော့ခုန်နှဲ့ကစား  -  မလုပ်အပ်လေငြား။
၈။  မြို့ရောနယ်ရောရွာမကျန်  -  သန့်ရှင်းစည်းကမ်းကျစေရန်။
      ( ရွှေသုဝဏ် )
တာဝန်ကိုယ့်စီကျေကြစို့
နေလုံးကြီးက ထွက်လာပြီ..၊ ခေါင်းလောင်းသံ စီစီ..။
လက်အုပ်တင်ချီ ရိုသေထား..၊ ဘုန်းတော်ကျောင်းသို့ သွားစို့လား..။
ဘုန်းတော်ကျောင်းက ဘုန်းဘုန်းဆရာ..၊ ဘုရားစာပေ သင်ပေးရှာ..။
ကျောင်းသားများစွာ ကျောင်းသူများ..၊ ယဉ်ကျေးဖွယ်ရာ သင်ပေးကြား..။
ချောင်ဇရပ်က ဆရာကြီးမေ..၊ ဆရာလေးတွေလည်း မကျန်ပေ..။
အမျိုးသမီးတွေ လာလာသမျှ..၊ ယဉ်ကျေးဖွယ်ရာ သင်ပေးကြ..။
ဆရာ-ဆရာမ အများတို့ရေ..၊ ဘဂ၀ါဘုရားက မိန့်မှာချွေ..။
ယဉ်ကျေးဖွယ်တွေ လိမ္မာရေး..၊ တပည့်တွေကို သင်ကြလေး..။
ရွာတိုင်းရပ်တိုင်း မြို့တိုင်းမှာ..၊ ရပ်ကွက်တိုင်းလည်း မကျန်ပါ..။
ယဉ်ကျေးလိမ္မာ သာယာရေး..၊ ကြီးသူတွေက သင်ကာပေး..။
သမီး-သားတို့ လိမ္မာချင်..၊ မိဘများက ဆုံးမသင်..။
ဘိုးဘွားကပင် မြေးချစ်က..၊ ပုံကလေးတွေ ပြောကာပြ..။
ကျောင်းကျိုးကြည့်ကြ မိဘဆရာ..၊ အပြောပျင်းလို့ မဖြစ်ပါ..။
သီလငါးဖြာ လုံခြုံသေး..၊ ပြည်လုံးမြန်မာ ချမ်းသာအေး…။
ကမ္ဘာလုံးလည်း ငြိမ်းချမ်းမလေး……။ ….။ ….။
(ရွှေသုဝဏ်)
"ဗုဒ္ဓဘာသာ ခေါ်ပုံ"
မောင်လေးရေ မောင်လေးရေ
ဗုဒ္ဓဘာသာ သိသလားလေ…။
ဗုဒ္ဓဘာသာ သိသလားလေ…။
ဗုဒ္ဓဟောကြား မိန့်စကား
တရား ဓမ္မေ အကုန်လုံးလေ
ဗုဒ္ဓဘာသာ ခေါ်ပါပေ။
ဗုဒ္ဓဘာသာ ခေါ်ပါပေ။
မလေးရေ မလေးရေ
ဗုဒ္ဓဘာသာ သိပါသလေ…။
ဗုဒ္ဓဘာသာ သိပါသလေ…။
ဗုဒ္ဓဟောကြား မိန့်စကား
ယူထားသူတွေ ကျင့်သူတွေ
ဗုဒ္ဓဘာသာ ခေါ်ပါပေ။
ဗုဒ္ဓဘာသာ ခေါ်ပါပေ။
(ရွှေသုဝဏ်)
ပျော်ရာမလိုက်၊ တော်ရာ၌၊ ခြေစိုက်နေတာ၊ မင်္ဂလာ။
ရှေးကမယုတ်၊ ကုသိုလ်လုပ်၊ ကြိုးကုတ်ခဲ့တာ၊ မင်္ဂလာ။
ကိုယ့်စိတ်သည်ပင်၊ ပဲ့ကိုင်ရှင်၊ စိတ်လျှင်ထိန်းတာ၊ မင်္ဂလာ။
ဦးသီလ (ဆော-ယော)
(၇)ကြားမြင်နှံ.ဖို.၊ စာပေနို.၊ သောက်စို.နေတာ၊ မင်္ဂလာ။
(၈)အသက်မွေးမှု၊ တတ်တစ်ခု၊ စေ့ငုသင်တာ၊  မင်္ဂလာ။
(၉)ဘ၀ထိန်းကျောင်း၊ ကျင့်ဝတ်-ကြောင်း၊ ကောင်းကောင်းသိတာ၊   မင်္ဂလာ။ 
(၁၀)ပာုတ်လည်းပာုတ်မှန်၊ ကျိုးရှိပြန်၊ ကောင်းမွန်ပြောတာ၊  မင်္ဂလာ။
ဦးသီလ (ဆော-ယော)
(၁၁)မိဘကျေးဇူး၊ မတိမ်မြူး၊ အထူးဆပ်တာ၊မင်္ဂလာ။
(၁၂)အိမ်သူသက်ထား၊ သမီးသား၊ မြှောက်စားပြုတာ၊၊မင်္ဂလာ။
(၁၃)ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်တာဝန်၊ ကျေပွန်ရွက်တာ၊၊မင်္ဂလာ။
ဦးသီလ (ဆော-ယော)
(၁၄)သဒ္ဓါရွှင်လန်း၊ ရွှေပြည်မှန်း၊ ပေးကမ်းလှူ တာ၊မင်္ဂလာ။
(၁၅)ကိုယ်-နှုတ်-စိတ်၌၊ သုစရိုက်၊ စွဲပိုက်ကျင့်တာ၊ မင်္ဂလာ။
(၁၆)ဆွေမျိုးတို.အား၊ ခေါက်မထား၊ မြှောက်စားပြု တာ၊ မင်္ဂလာ။
(၁၇)သန်.စင်ပြစ်မျိုး ၊ လူထုကျိုး၊ သယ်ပိုးရွက်တာ၊ မင်္ဂလာ။
ဦးသီလ (ဆော-ယော)
(၁၈) မကောင်းမှု ဘောင်၊ စိတ်မယောင်၊ ဝေးရှောင်ရှားတာ၊ မင်္ဂလာ။
(၁၉) စိတ်ဖြင့်ကြူးလျှင်၊ ကိုယ်နှုတ်တွင်၊ ထူးကြဉ်လိုက်တာ၊မင်္ဂလာ။
(၂၀) မူးယစ်ဆေးဝါး၊ သေရည်များ၊ သောက်စားရှောင်တာ၊မင်္ဂလာ။
(၂၁) သူမြတ်ဓလေ့၊ ကိုယ့်မှာမွေ.၊မမေ့လျော.တာ၊မင်္ဂလာ။
ဦးသီလ (ဆော-ယော)
(၂၂) ကိုယ့်ထက်ကြီးလျှင်၊ ရိုသေပင်၊ ဦးတင်ညွတ်တာ၊ မင်္ဂလာ။
(၂၃) ကိုယ်ကကြီးလျှင်၊ မာန်မ၀င်၊ ကိုယ်ပင်နှိမ့်တာ၊ မင်္ဂလာ။
(၂၄) ရတာနှင့်လည်း၊ တင်းတိမ်မြဲ၊ ရောင့်ရဲလွယ်တာ၊  မင်္ဂလာ။
(၂၅) ကိုယ့်ပေါ်ပြုဖူး၊ သူ.ကျေးဇူး၊ အထူးသိတာ၊  မင်္ဂလာ။
(၂၆) ခွင့်သာခိုက်တွင်၊ တရားခင်၊ နားဆင်ဖြစ်တာ၊  မင်္ဂလာ။
ဦးသီလ (ဆော-ယော)
ကကြီးခခွေး ယဉ်ကျေးမှုကဗျာများ
================
က- ကလေးငယ် ချစ်စဖွယ် ယဉ်ကျေးမှုသင်တန်း တက်စို့ကွယ်။
ခ - ခရေကုံး မလေးပြုံး ပန်းတော်ကပ်ဖို့ အကောင်းဆုံး။
ဂ - ဂဏာန်းသင် ပြုံးရွှင်ရွှင် ကိုးခြောက်ကိုးဂုဏ် ဦးတော်တင်။
င - ငချိတ်ပေါင်း စားလို့ကောင်း ဘုရားတရား မမေ့ကောင်း။
စ - စခန်းသာ တောင်တန်းပြာ သဘာဝကို ထိန်းသိမ်းပါ။
ဆ- ဆရာမ ရိုသေကြ ဂါရဝေါ စ မြတ်ပေစွ။
ဇ - ဇလပ်ဖြူ သင်းကြူကြူ ဘုရားကပ်လို့ ကုသိုလ်ယူ။
ည- ညနေခင်း ရေခပ်ဆင်း မေတ္တာပို့သ ပြုံးပျော်ရင်း။
တ- တမာပင် ရွာအဝင် ကျေးလက်အညာ အလှဆင်။
ထ- ထမင်းပွဲ လက်စုံတွဲ မိသားစုတွေ စည်းလုံးနွှဲ။
ဒ - ဒရယ်ယုန် သားမျိုးစုံ မျိုးမသုဉ်းဖို့ ပြုကြကုန်။
ဓ - ဓနိတန်း ပင်လယ်ကမ်း အလှထိမ်းသိမ်း တာဝန်ထမ်း။
န - နဖူးပြင် နံ့သာတင် သမ္ဗုဒ္ဓေရွတ် အလှဆင်။
ပ - ပလွေမှုတ် ကိုဖိုးတုတ် ခေတ်မီအောင်လုပ် ဆိုင်းဝိုင်းထုတ်။
ဖ - ဖရုံယို အလွန်ချို စကားပြောတိုင်း ယဉ်ကျေးဆို။
ဗ - ဗလကြီး ဆင်ပြောင်စီး မေတ္တာထွေးပွေ့ ရင်းရင်းနှီး။
ဘ-ဘဘိုးအို ဆီးလို့ကြို ကတညုတ ကျေးဇူးပို။
မ - မမလေး ဝလုံးရေး မြန်မာစာပေ ထိမ်းသိမ်းပေး။
ယ-ယမင်ခင် ကကြိုဆင် စုံလင်ပြကွက် ဗုဒ္ဓဝင်။
ရ - ရထားကြီး ပျော်ပျော်စီး သံသရာတွေးဆ ထိုခရီး။
လ-လဝါဝါ ထိန်ထိန်သာ ဆွေးနွေးမေးမြန်း တရားရှာ။
ဝ - ဝတုတ်တုတ် ဖိုးဝရုပ် ပန်းဆယ်မျိုးဂုဏ် စောင့်ထိန်းလုပ်။
သ- သပြေညို အောင်ပွဲကြို ကုသိုလ်တိုးဖို့ နေ့စဉ်လို။
ဟ- ဟဟ ရယ်လိုက်ရ တိုးတိုးတိတ်တိတ် ယဉ်ကျေးမှ။
အ- အမေ ဒို့တိုင်းပြေ (၁၃၅)တို့အတူနေ ငါတို့ချစ်တဲ့မြေ။
ဘိုးဘွားဖေမေ အမွေများ ဘာသာ၊သာသနာ တန်ဘိုးထား။
ယဉ်ကျေးမှုတွေ ထိန်းစို့လား ငါတို့ မြန်ပြည်ဖွား ...........။
သုခိန်(ဗုဒ္ဓတက္ကသိုလ်)
23-4-2014 တနင်္ဂနွေနေ့
ရွေးချယ်ပေါင်းပါ မိတ်သဟာ
သားသားမီးမီး ကြီးသောခါ မိတ်ကောင်းဆွေကောင်း ရွေးပေါင်းပါ။
မိတ်ဆွေကောင်းသာ ထာဝရ ကိုယ့်ကိုကောင်းအောင် လမ်းညွှန်ပြ။
မိတ်ဆွေတုက ကြောက်စရာ ကိုယ်ကထွက်သည့် အရိပ်ပမာ။
အလင်းဖြာချိန် ဝန်းရံခ ရောင်ဆင်းမဲ့လျှင် ထွက်ပြေးကြ။
မိတ်ကောင်းဆွေကောင်း ဆိုသည်မှာ ကူညီအားပေး ဝိုင်းဝန်ရှာ။
အလင်းရောင်ဝါ သူမကြည့် အမြဲကောင်းစေ လမ်းညွှန်၏။
ပေါင်းသင်းမိက အကျိုးဖြာ နိဗ္ဗာန်မဂ်ဖိုလ် ရောက်နိုင်တာ။
ထို့ကြောင့် ထာဝစဉ် သမီးသား မိတ်ဆွေကောင်းတွေ ရွေးချယ်ထား.....။
သုခိန်(ဗုဒ္ဓတက္ကသိုလ်) —
သူတော်ကောင်း
*သူတော်မှသာ ကိုယ်ကောင်းတာ
သူတော်ကောင်း မပာုတ်ပါ...။
*သူ မတော်တော် မကောင်းကောင်း
ကိုယ်က သူ.အပေါ် အစဉ်ကောင်း...။
*မပြောင်းမလဲ ဖြူမေတ္တာ
လူတိုင်းအပေါ် ထားရှိပါ...။
*ကိုယ်ချင်းစာကာ ခွင့်လွှတ်ခြင်း
ထားရှိရမည့် စိတ်ပင်ရင်း ...။
* လူအချင်းချင်း ဖေးမကူ
သေရမှာချင်း အတူတူ ...။
* သူမတော်လည်း ကိုယ်ကကောင်း
အဲဒါ သူတော်ကောင်း...။
-မင်းမြတ်ဘုန်း(ညောင်လေးပင်)။
စိတ်ဆိုးစရာ၊ တွေ.ကြုံလာ၊ လျင်စွာ မဆိုးရာ။
လျင်စွာစိတ်ဆိုး၊ ထိုလူမျိုး၊ အကျိုးယုတ်တတ်ပါ။
စဉ်းစဉ်းစားစား၊ ပြုသူကား၊ အမှားနည်းသည်သာ။
သတိရှေ.သွား၊ ပြုသူကား၊ ကြီးပွားတိုးတက်ရာ ။
သတိကင်းမဲ့၊ ပြုတုံခဲ့ ၊ ကဲ့ရဲ့ဖွယ်ရာသာ ။
ရွှေပာသာင်္တောရ ဆရာတော်ကြီး ။
ရေလှူအကျိုးဆယ်ပါး
ရေအကျိုး-၁၀ပါး
သန့်ရှင်းကျော်စော၊ ခြွေရံပေါ၊
လျင်ဆောမွတ်သိပ်ကွာ။
သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊
ဗလဥာဏ်ပညာ။
ရေကိုလှူက၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။
“မလားအပါယ်၊ တရားကယ်မည်”
ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊
နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊
အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ အရိယာ၏၊ ဆိုင်ရာဂုဏ်တော်၊
ဥာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမူ၊
မလားအပါယ်၊ တရားကယ်မည်၊
ရှုဖွယ်ထောက်မှန်အစစ်တည်း။ 
(မဟာဂန္ဓာရုံဆရာတော်ကြီး)
တို့သံသရာ
မိုးဦးမှာ တို့ ကောက်စိုက်
ရိတ်တော့ သွင်းတော့ သူ့ ကျီတိုက်။
မြေရိုင်းဆီ တို့ယက်ထွန်
သူက မြေရှင် တို့ မြေကျွန်။
စပါးတွေ ဈေးက ကောင်း
သူက ထုတ်ရောင်း တို့ ဟောင်းလောင်း။
တို့ ကလေးတွေ ပုစွန်လုံး ရှာ
သူ့ကလေးတွေ ကျောင်းတက်ခါ။
အလုပ်လုပ်သူ တို့ တတွေမွဲ
ခေါင်းပုံ ဖြတ်သူ ကောင်းစား မြဲ
ငါတို့ သံသရာဝဲ။
ဆရာတင်မိုး
မင်းကွန်းဆရာတော်ကြီး၏သြ၀ါဒကဗျာ
မြတ်စွာဘုရား ဟောဖော်ကြားသည့်
တရားတော်ယာဉ် ဒေသနာစဉ်ဟု
ဘောဇဉ်မြိုင်ခဲ  ဓမ္မပွဲလျှင်
လက်ထဲပုံသေ ဆိုက်ရောက်နေလျက်
ရှောင်သွေနှလုံး ကိုယ်မသုံးသော်
အရှူံးကိုယ့်ပြင် ရှိချိမ့်လော။
တို့ရဲ့အိမ်ကလေး
တို့ရဲ့ အိမ်ကလေးကို
သဲပေါ်မှာဆောက်အခါ
လေတွေ လေတွေ လာလို
မိုးတွေ မိုးတွေက ရွာ
ရေတွေ ရေတွေ ကြီးလာတဲ့အခါ
တို့ရဲ့အိမ်ကလေးဟာ
ပြိုလှဲပျက်စီးရှာ---။
တို့ရဲ့အိမ်ကလေးကို
ကျောက်ပေါ်မှာ ဆောက်တဲ့အခါ
လေတွေ လေတွေ လာလို
မိုးတွေ မိုးတွေက ရွာ
ရေတွေ ရေတွေ ကြီးလာတဲ့အခါ
တို့ရဲ့အိမ်ကလေးဟာ
မပြိုလှဲမပျက်စီးရှာ---။
အလှကိုယ်စီ
ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အဆွယ်နှင့်
စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်
မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းတွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့် သူ့မှာကိုယ့်မှာ အလှသာတည့်။
သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏
အလှပန်းတို့ မငြင်ငြိုနှင့် ၀န်တိုမှုသာ မလှရာ၏
သူ့ဂုဏ် သူ့သိန် သူ့အရှိန်နှင့် အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည် စွမ်းနိုင်လောက်သူ
ချည်းပါတကား။
ဆရာတင်မိုး(အလှကိုယ်စီ)
တို့ပြည်ထောင်စု
အောက်မြို့ အောက်ရွာ၊
မြစ်ချောင်းဖြာ၍
စိမ်းဝါလယ်ကွင်း၊
မိုးနံ့သင်းသည် ရှုခင်းလှပါပေသည်တကား..။
အထက်အညာ၊ နေခြည်ဖြာ၍
တောင်ယာခင်းပြန့်၊
ထနောင်းနံ့နှင့် သင်းပျံ့ပါပေသည်တကား..။
ရှမ်း၊ ချင်း၊ ကချင်
တောင်တန်းတွင်လည်း
နှင်းရွှင်ပက်ဖျန်း၊
ထင်းရှူးတန်းနှင့် တင့်ဆန်းပါပေသည်တကား..။
ကယား၊ ကရင်၊
စမ်းရေလျဉ်နှင့် မြသွင်သစ်တော၊
အလှနှောသည် သာမောဖွယ်ပါတကား..။
မွန်၊ တနင်္သာရီ၊ ရခိုင်ဆီတွင်
ပင်လယ်လှိုင်းတေး၊
လေချိုသွေးသည် ငြိမ်းအေးပါပေသည်တကား..။
တို့ပြည်တို့ရွာ၊
အနှံ့သာပင် နေရာတကာ၊
အလှဖြာတည့် ညီညာပေါင်းစု၊
ပြည်ထောင်စုတည့် အထုခိုင်မာ၊ တည်နေပါ၏
တို့မှာချစ်ရ၊ မြတ်နိုးရ၍ အလှတင့်ဆန်း၊
ငြိမ်းချမ်းပန်းလျှင် ကြိုင်လန်း မွှေးကြူ ပါစေသတည်း..။
(မင်းယုဝေ)
နိဗ္ဗိန္ဒတေးထပ်များ
အဝိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဘို့ဖန်နဲ။
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်းခြေ ပြည် သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ။
သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ဟိုက်မောရှာကြလေး။
တဏှာပူတ၊ဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး။
ကိုယ်ခန္ဓာ ကောင်ရုပ်က၊ ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊ ရွံစလီပါပဲ၊
ဤကာယ ရုပ်အရှင်ကို၊ အဟုတ်ပင် မှတ်ကြမစဲ။
သုသာန်နှင့် တစပြင်မှာ၊ သူသေသွင် မလွဲ၊
ချွေး မျက်ရေ နှပ် ချွဲက၊ ပြတ်မစဲ စီးယို၊
အိုင်းအနာ နူ အရွှဲငယ်နှင့်၊ တူတူပဲ မှတ်ကြ ကိုယ့်ကိုယ်။
များတစု လူဗိုလ်မှာ၊ အဟုတ်လို ထင်စွဲလို့၊
စက်ဝဲ သံသရာ၊ မွန်းနစ်ကြရှာ၊
ကမ်းတစ်ဖက် ခေမာကို၊ ရောက်နိုင်ပါပြီ ဘူးကွဲ့လေး။
(လယ်တီဆရာတော်ကြီး)
ဤလယ်ကွင်း
လူတို့စားဖို့
စပါးစိုက်ခင်း ဤလယ်ကွင်းကား
ဝင်းဝင်းလှည့်ဝါ မြတ်သြဇာကို
ကမ္ဘာသို့ပေး သူလုပ်ကျွေးလည်း
ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။
လူတို့သွားဖို့
အလျားမှောက်ခင်း လမ်းကောက်စင်းကား
ဆင်မြင်းယာဉ်သာ စီးနင်းရာကို
ကမ္ဘာသို့ပေး သူလုပ်ကျွေးလည်း
ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။
ကျေးဇူးမဆို ဂုဏ်မလိုသည်
ကြည်ညိုဖွယ်ခင်း ဤလယ်ကွင်း။
ကျေးဇူးမမျှော် ဂုဏ်မဖော်သည်
တော်ပါဘိခြင်း ဤလယ်ကွင်း။ ။
မင်းသုဝဏ
လှိုင်းကလေးသင်
------------------
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာခြင်းပေလား
ဘော အိုအချင်း လှိုင်းကလေးသင်။
ကမ်းရောက်ပြန်တော့
တဖြောက်မြည်သံကျူပြီး
နဂိုမူ စွန့်ကာပစ်ပါလို့ 
မူသစ်တစ်ဆင်ခြယ်ပြီး
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင်။
ဘယ်ဒေသဆီက
သင်ကြွကာ ဒီကိုလာပြီး
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့  သင်ဟန်ပြင်
ကြုံချင်ဘူး သည်အရေး။
သို့ ကတဲ
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသောကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်သယ်ယူပြီး
ဖောင်သဖွယ် သင်ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နှင့်
ဝမ်းမြောက်တယ်လေး ။
(ဆရာဇော်ဂျီ)
" ကျန်စစ်သား၏ ပုပ္ပါးကတိ "
"မေတ္တာ စ ကား ၊ ပုပ္ပါး က တိ
မှန်း ကြည့် သည် မှာ
အ သ ဝတ် ဓမ္မ ငယ် ၊ လာ လော့ ငါ့ ထံ
ရန် မ ပြု လို ၊ ငါ ကြို ဆို အံ့
မင်း ပျို ကို ငါ ၊ ခမည်း ခမက် အ ရာ ၌
လျာ ထား သည် ပါ့ ၊ မောင် စိတ် ချ လော့
သား လှ မောင် မှာ ၊ နာ ဂ သ မန်း
မြင်း က ပါ ပန်း ကို
ငါ့ နန်း မှာ ကြီး ၊ ရှု မ ငြီး သည့်
သ မီး ရွှေ အိမ် သည် ၊ လှ နှင်း ဆီ နှင့်
ချိန် မှီ သတ် မှတ် ၊ ရက် မြတ် မင်္ဂ လာ
ရ သည့် ခါ တွင်
ရစ် ကာ စု လျား ၊ ပေး ထိမ်း မြား မည်
နှစ် ပါး စုံ မှ ၊ တို့ မြေး လှ ။
အ ချိန် တန် က ၊ နန်း စံ ပါ ။
ညီ ကြား သည် မှ ၊ တွေး စ ရ ၍
ညီ လှ ဝမ်း သာ ၊ ဆို ခြင်း ပါ တည့်
မွန် မြန်မာ မင်း အ စ ၊ လောင်း စည် သူ က
ပေါက္ကာ ရာ မ ၊ အ တွေ့ အ ကြုံ ပါ့ ။
သ ထုံ ရန် စ ၊ စဲ ခဲ့ ရ ။
(ဆရာဇော်ဂျီ)
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ရန်
၁။ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ လှူပြီးကာမှ
ငါ့မှာကောင်းကျိုး အလွန်တိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့်။
၂။မစဲည,နေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးစီးပွား ကြီးလှပြီဟု
ယုံကြည်အားရ စိတ်မချနှင့်။
၃။ဓာရဏနှင့် ဓမ္မကြာ
မေတ္တာ ပဋ္ဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့်။
၎။ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဓါယုံကြည် စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့်။
၅။ရေကြည်သစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိပ်ပုတီးကို
မငြီးဆင့်ကဲ စိပ်မြဲစိပ်ပါ မဖြတ်ပါနှင့်။
၆။ဆက်ခါတမျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ရိုးမှန်က
ရုပ် နာမ် ခွဲခြား ကျင့်တရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု ညွန့်ပျောင်းစိတ်ထဲ
ယုံကြည်စွဲလျက် အမြဲနေ့ည
ဝိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ။
(ပသုံးလုံးဆရာတော်ဦးကုသလ)
မန္တလေးနန်းတော်
မန္တလေးဘုရင့်နန်းတော်မှာ
ဘာမှမရှိတော့ပါ
မိဘုရားနဲ့မင်းသမီတွေလည်းမရှိ
ချစ်စရာရောင်စုံ ၀တ်စုံတွေလည်းမရှိ
ကတ္တီပါဖိနပ်တွေလည်းမရှိ
အဆိုးဆုံးကတော့
အထက်ဗမာပြည် အသင်းလည်းမရှိ
လိုက်ရှာကြည်ရင်တော့
လင်းနို့နှင့်ဇီးကွက်တွေပဲရှိ
အသားမဲ ချပရာစီတွေ
ချိနဲ့နဲ့ လျှောက်သွားနေမယ်
ဝမ်းပန်းတနည်းလျှောက်ကြည့်နေရင်း
မျက်ရည်တစ်ပေါက် နှစ်ပေါက်ကျဖို့
မမေ့နဲ့။
လွပ်လပ်အိမ်(မြန်မာပြန်)
သတ္တဋ္ဌာန ဘုရားရှိခိုး
ပလ္လင်္က သတ္တာဟ စံတော်မူပုံ
ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေ လျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။ ဘုန်းကြွယ်လက်ဦး ဘွယ်ပေကိုး။
အနိမိသ သတ္တာဟ စံတော်မူပုံ
နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်း စက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။ ။ကြည်လင် ညွတ်နူး ဘွယ်ပေကိုး။
စင်္ကမ သတ္တာဟ စံတော်မူနေပုံ
သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မ၊ှ မြောက်ခွင် ဥတ္တရာ၊ စင်္ကြသာ၌၊ လူးလာ တုံ့ခေါက်၊ ကြွချီ လျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။တရားဆင်ခြင် လျက်ပေကို။
ရတနာဃရ သတ္တာဟ စံတော်မူနေပုံ
လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင်၊့ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက် ဘွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်ညည်။ ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
အဇပါလ သတ္တာဟ စံတော်မူပုံ
ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ် ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင် ပရမေ၊ စမ္ပာယ်နေသည်။ ။ ရိုသေမြတ်နိုး ဘွယ်ပေကိုး။
မုစလိန္ဒ သတ္တာဟ စံတော်မူနေပုံ
ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း ၊ ကြာပန်း ညွတ်ရုံ။ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပာယ်နေ သော်၊ မိုး လေ ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုး သည်။ ။ ရှေးရိုးသမ္ဘာတော်ကြောင့်ကိုး။
ရာဇာယတန သတ္တာဟ စံတော်မူနေပုံ
ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်း ပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ။ ကြီးမား ဥာဏ်တော် ဘွင့်လို့ကို။
ထိုခုနှစ်ပါး၊ အရပ်မျုားကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုး ခပ်သိမ်း၊ ပြည့်စေ့သောဝ်။
သတ္တဋ္ဌာန ဘုရားရှိခိုး ပြီး၏
(လယ်တီဆရာတော်ကြီး)
ရှေ့ခေတ်ပုဂံ
မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းမ၍ ကြည်ညိုပါ။ ။
… ဪ ပြည်မြန်မာခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ်ခြံအရံ၊ မြန်မာနယ့်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြည်ပုဂံ၊ ရဲစစ်တပ် ပြန်မှာ။ ။
အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာတချီချီနဲ့
အောင်ရွှေစည် အောင်သံညင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။ ။
… လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်၊
အမယ် မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့်၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုံး တဲ့…။ ။
ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ပုဂံမှာ
မြန်မာတို့ခေတ်ဟောင်း။ ။
… စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်းပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်လို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ်က ပြန်ပါရော့။ ။
တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြည်ပုဂံ နော်ရထာဘုန်းငဲ့ပြင်
ပြည်လုံး ညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ဝင်းခဲ့သ
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညင်းဆိုခဲ့ကြောင်း။
(ဇော်ဂျီ)
အဘယ်ကြောင့်ပါနည်း (ငွေတာရီ)
တောရွာမှီးလျက်
အသီးဖွံ့ထွား၊ ရွှေစပါးကို
ကြီးမားလုံ့လ၊ စိုက်ပြီးကြ၍
ရောင်းချပြီးနောက်၊ ချွေစားသောက်လည်း
မလောက်ဝမ်းခါး၊ ကြွေးသာများသည်
တောသားတောသူ၊ နေ့ညဥ့်ပူ၏။ ။
မြို့ကိုမှီး၍
ရွှေသီးမစိုက်၊ အိုးအိမ်တိုက်နှင့်
ပျော်ပိုက်ပြုံးရွှင်၊ သူတို့တွင်မူ
ဆင်ယင်ဝတ်စား၊ ရွှေပန်းပွားနှင့်
ရွှေသွားရွှေလာ၊ ရွှေချည်းသာတည့်။ ။
မြေကြီးထွန်သင်
တောကိုခင်၍၊ မြပင်စိုက်ပြီး
ရွှေသီးသီးလည်း၊ မြို့ကြီးဖက်သာ
ရွှေပေါပါသည်၊ ပဇာဘယ်သို့ကြောင့်ပါနည်း။ ။
ရုန်းရင်း ကန်ရင်း
လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရမည် တကား။ ။
(ငွေတာရီ)
ပရဟိတ မွန်မြတ်လှ (မင်းယုဝေ)
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
မင်းယုဝေ
သင့်လက်များဖြင့်
စွမ်းအားကုန်ကာ ၊ရေငတ်လာသော
မောရှာသူများ ၊ခရီးသွားကို
ကြီးမားမေတ္တာ ၊စေတနာဖြင့်
လှမ်းကာ ကမ်းကာ ၊ရေတိုက်ပါသော်
အဟော်တ၀ ကောင်းလေစွ။
သင့်လက်များဖြင့်
အစားအစာ ၊မွတ်သိပ်ရှာသော
ခမျာနွမ်းပါး ၊ဆင်းရဲသားကို
သနားကြင်နာ ၊ကျွေးမွေးပါသော်
အဟော်တ၀ ကောင်းလေစွ။
သင့်လက်များဖြင့်
သနားဖွယ်ရာ ၊ကံဆိုးရှာသော
ရောဂါခံစား ၊ သူနာများကို
ထောက်ထားစာနာ ၊ပြုစုပါသော်
အဟော်တ၀ ကောင်းလေစွ။ ။
(မင်းယုဝေ)
သရပါတံခါးမှ ပဲ့တင်သံ
**********************
ကျန်စစ်သားမင်း ၊ မြင်းမှဆင်း၍
နှင်းဆက်ထီးဖြူ ၊ ခံယူမည်ထား
လက်ကာတား၏ ။
မတ်များသခင် ၊ ငါ့အရှင်သည်
ကယ်ပင်ရှိမရှိ ၊ အတည်သိအောင်
ငါလှည့်စုံစမ်း ၊ ကြိုးပမ်းဦးမည်
ရှာဦးမည်တည့် ၊ ရှိသည်သိလျင်
ငါ့အရှင်ကို ၊ နန်းတင်ရမည်
ဦးညွှတ်မည်ဟု ၊ ဤသို့မိန့်ကြား
ကျန်စစ်သား၏ ၊ စကားသစ္စာ
သရပါ၌ ၊ ညင်သာပဲ့တင်
ခတ်ခဲ့ထင်၏ ၊ ညီခင်စိတ်မှာ
ကြားခဲ့ပါသည် ၊ လွမ်းစရာပါ့
တံခါးဝ ။ ။
(ဆရာဇော်ဂျီ)
သဘာဝအလှ ပုဂံမှ
~~~~~~~~~~~~
" ထိုညနေချမ်း
တစ်ဖက်ကမ်းက ၊ တောင်တန်းခံ့ခံ့
တန့်ကြည်ပေါ်တွင် ၊ နေမေးတင်သည့်
နေဝင်သာယာ ၊ နီရွှေဝါနှင့်
ညီလာခံကြိုက် ၊ စံပျော်ခိုက်တွင်
သုတ်လိုက်သုတ် ၊ အုပ်လိုက်စီရီ
တုရင်ဆီသို့ ၊ ညီညာပျံသန်း
အိပ်တန်းပြန်ကြ ၊ တောကျီးအတို့
တစ်မ မက ၊ လေးငါးမကို
မြင်ရသည်တွင် ၊
ငေးချင်စရာ ၊ ညီဆိုပါသည်
သဘာဝအလှ ၊ ပုဂံမှ ။
ရှေးခေတ်ကလည်း ၊ ထိုသဘာဝ ။
ယခုခေတ်လည်း ၊ ထိုသဘာဝ ။
ဖြစ်နိုင်သည့်ပါ့ ၊ ဖြစ်မည်ပါ့ ။ "
(ဇော်ဂျီ)
သေခြင်းတရားဟူသည်
ကာယဟူဘိ၊ နားမျက်စိနှင့်၊ ဣတ္ထိ ပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့် တဖုတ်ဖုတ်၊ ကင်း ဖြုတ်ဖြုတ်ဖြင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘဝပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန် မလွတ်သည်။    ။မချွတ်သေအံ့ အပြီးတည်း။
(မဃဒေ၀)
မိဘနှစ်ဖြာ
ရှိနေပါလည်း
ကျေးဇူးမသိ
မဆပ်ဘိက
တသက်လုံးလုံး
လူဖြစ်ရှုံး၏။
မဃဒေ၀(ပိုဒ် ၂၆၁)
လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။
(ပြာသိုလပြည့်နေ့အမေနေ့ကိုဂုဏ်ပြုပါတယ်)
အနှိုင်းမဲ့ မေမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အမေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်းကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာ အမေပဲလေ။ .......။
သံဝေဂတေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတန်း၊
နှစ်အရည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင်၊ ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ၊ မရုံးချင်လျှင်၊ အရှုံးနင့်ပြင်၊ ရှိသေးလေလိမ့်လား။
(လယ်တီဆရာတော်ကြီး)
ကျန်စစ်သားမင်း၏ငွေမျက်ရည်
ဇရာဖိစီး အနာသည်း၍
ခိုင်ဖီးခန္ဓာ ငါကိုယ်မှာလျှင်
မကြာပျက်ယွင်းတော့မည်တကား။
ငါ့တိုင်းဌာနီ ပုဂံပြည်နှင့်
ချစ်သည်ဆွေသား ပြည်သူများကို
ငါကာချစ်ခင် မခွဲချင်လည်း
ငါလျှင်ခွဲရတော့မည်တကာ။
ချစ်သည့်ဆွေသား ပြည်သူများလည်း
ငါ့အားကြင်နာ ချစ်မေတ္တာဖြင့်
ဝန်းကာဝိုင်းကာ ပြုစုရှာ၏။
အချို့ကလည်း
ယုယကြင်နာ ဆေးမဟာဖြင့်
ညှင်သာတိုက်ကျွေး ကုသပေး၏။
အချို့ကာလည်း
ငါအတွက်လျောက်ပန် မြတ်ရှင်ထံ၌
ဘေးရန်ကင်းကြောင်း ဆုမွန်တောင်၏
အချို့ကလည်း
ဖြဖြလုလူ အားမာန်ထူ၍
သူတို့နှင့်ငါ ညီညွတ်စွာဖြင့်
ပြည်ရွာသာကြောင်း ဆောင်ခဲ့ကြောင်းကို
ပြန်ပြောင်းတသ ငိုကျွေးကြ၏
သူတို့ထဲမှာ
ထူးကဲလှစွာ သားကုမ္မာမူ
ငါ့တွက်မှန်ရည် ဘုရားတည်၍
ယင်းသည်ကောင်းမှု အစုစုကို
သာဓုခေါ်စေ ငါ့အားဝေ၏
အကယ်ဆိုသော်
သားတော်ရာဇာ မင်းကုမ္မာ၏
ကြီးစွာတက်လမ်း ဘ၀ပန်းကို
ညှိုးနွမ်းစေရာ ချွေဖျက်ပါသို့
သည်ငါပြုမူခဲ့ပါ၏
မွန်နှင့်မြန်မာ ရုံးစည်းပါမှ
ပေါက္ကာရွှေပြည် သာယာမည်ဟု
မြော်ရည်မြော်တ ငါချင့်ဆ၍
သားလှကိုပင် နန်းပေးချင်လည်း
ငါလျှင်မပေး မြေးကိုပေးသည်
မြေးသည် မွန်သွေးပါသောကြောင့်
သို့သော်တမူ သားသည်းအူကာ
ပြည်သူအတွက် ငါဆောင်ချက်ကို
နှစ်သက်ကြည်သာ သူလိုက်နာခဲ့
အာဏာမရ နန်းမရလည်း
လောဘမ၀င် မငြိုငြင်ခဲ့
ငါလျှင်ညှိုးမှိန် အားမဲ့ချိန်၌
မထိမ်မမြူး ငါ့ကျေးဇူးကို
ဖော်ကျူးဖွေရှာ ပေးဆပ်လာသည်
ဇာနည်သားကောင်း ယောကျာ်းကောင်း
ပူလောင်ရင်တွင်း အနာပြင်းစဉ်
ယင်းသို့တွေးရှူ သားကောင်းမှုကို
သာဓုသံသာ ငါခေါ်ရာမှ
ဆင်းဝါရုပ်သွင် သားရွှေစင်ကို
ငါလျှင် ရှူကြည့် ရွှန်းပီတိဖြင့်
လျှမ်းးပြည့်မျက်ရည်ဖြာသည်တကား။
             မင်းယုဝေ
ဆရာ
ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့။
(မဃဒေ၀)
သေခြင်းသည်သာ
မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊
လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။
ချစ်လျံဝေေ၀၊ ချစ်ဆွေတွေနဲ့၊
ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊
ကွဲရသည်မှာ၊ မလွဲသာတည့်။
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊
ပုခက်နဲ့ ပေ ဝေးလေလေ၍၊
နီးလျှင်ပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊
အကြောင်းမလျှော်၊ သုံးရက်ကျော်က၊
ပုပ်စော် ညှီနံ၊ ရန်တွေ့ပြန်သို့၊
အမှန်ချစ်သူ၊ မကပ် မူပဲ။၊
လစ်လျူရှုသုံး၊ တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊
ဆွေညာအများ၊ စွန့်ပယ်ရှား၍၊
သွားရအပြီး၊ လူမနီးတည့်၊
တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊
(ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊
စင်းစင်း အိပ်ကာ၊ မလှည့်သာပဲ၊
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့၊
သင်္ခါရချုံ၊ လောကီဘုံ၌၊ ခိုလှုံဝင်ခံ၊ ပုထုဇဉ်ကို၊
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊
လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အ၀၀ကို၊
နေ့ညမကွာ၊ ကြိုးစားရာသည်၊
ခေမာရောက်မှ၊ အေးမည်တည်း။
(မဃဒေ၀)
သံဝေဂလင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
၆။ ခဏမစဲ အိုစမြဲ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။ ဒါန သီလာ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော်ကြီး)
ကိုယ်တည်းတစ်ယောက်၊  ဆင်းရဲရောက်လို့၊   ကိုယ့်နောက်  အများ၊   ချမ်းသာပွားမူ၊  တစ်ပါးဖြစ်ထွေ   ဆင်းရဲစေတော့၊ စိတ်နေခုလို၊   ဝမ်းဝယ်သို၍၊  ထိုထိုအလုပ်၊  လွန်ကြိုးကုတ်သော်၊   မဟုတ်သတင်း   လုပ်ဇာတ်ခင်းလျက်၊  ချင်းချင်းရွဲ့သံ၊   ကဲ့ရဲ့သံတို့၊   နာခံမညီး၊  ပြည်လုံးဟီးမျှ၊   ဝေးနီးအနှံ့၊  ပြန့်အောင်ဖြန့်လည်း၊  မခံ့တရံ့၊  ခံ့တရံ့နဲ့၊  ကြံ့ကြံ့ပုံသေ၊   ခံခဲ့ပေ၏ ၊ မသေမပျောက်၊  ခုချိန်ရောက်သော်၊  နောက်က  ဒကာ၊  ဒါယိကာနဲ့၊  ဆရာသမား၊  တပည့်များတို့၊ အားထားကူညီ၊  ဝိုင်းအုံပြီမို့၊   ကိုယ်သည်၎င်း၊ ကိုယ့်အပေါင်းနဲ့၊  ကိုယ်နှောင်းငယ်သား၊   တိုင်းကျိုးများဘို့၊  ဘုရားသာသနာတော် ၊  မူရင်းပေါ်အောင်၊   ဖွင့်ဖော်သင့်ကြောင်း၊   အခွင့်တောင်းသည်၊  …   အပေါင်း  ဆရာတော်ဘုရား။
(မဟာဂန္ဓာရုံဆရာတော်ကြီး)
တာဝန်
ရပ်ရွာကျေးဇူး စိတ်ကြည်နူး အထူးကျေအောင်ဆပ်ပါမည်။ကျေးဇူးမကျေ လူမိုက်တွေ မသွေဖြစ်မှာစိုးရသည်။
ကျေးဇူးဆပ်ကာ လူလိမ္မာ မှန်စွာဖြစ်အောင်ကြိုးစားမည်။
သာသနာ,လူမျိုး များကောင်းကျိုး သည်ပိုးဆောင်ရွတ်ပြုပါမည်။
အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ
၁။သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။
၂။
ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊
တစ်သက်လျာတည်း။
၃။
ကြင်နာသနား၊
ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကျည်၊
အတည် မမြဲ၊
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ၊
သတ္တဝါတည်း။
၎။
ရှိခိုး ကော်ရော်၊
ပူဇော်အကျွန်၊
ပန်းခဲ့တုံ၏၊
ခိုက်ကြုံ ဝိပါက်၊
သံသာစက်၌၊
ကြိုက်လတ်တုံမူ၊
တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊
ခွင့်လျှင်ပေး၏၊
သွေးသည် အနိစ္စာ၊
ငါ့ခန္ဓာတည်း။
မိမိသာလျှင်အားကိုးရာ
ပျင်သူမှန်က ဆင်းရဲရ ဘယ်မှမချမ်းသာ
လူပျင်းနတ်,မ မရှိကြ မှတ်ပယုံကြည်စွာ။
နတ်မ၍မူ ချမ်းသာသူ တလူမရှိပါ။
လူကကျွေးမှ မုန့်စားရ  နတ်ကမ,မသာ။
သူများအားကိုး ကိုးအားညှိုး အကျိုးယုတ်တတ်ပါ။
မယုံမရှိ ထုံးတွေရှိ အထိများလှပါ။
ကိုယ့်ကိုယ်သာ အားထားပါ လိုရာပြီးမည်သာ။
အချိန်ကို ဖြုန်း ငွေကိုသုံးလျက်
လုံးလစာပေ မသင်ချေက
မိဘ,ဆရာ ဥာတကာအား
ညှာရာမရောက် ညာရာရောက်၏။
ရာနှုန်းပြည့် ကုသိုလ်ရစေသောရှိခိုးနည်း
မျက်စိမှိတ်ကာ နဖူးပြင်ထက်မှာ
လက်အုပ်ကြာငုံ တင်ထားကွယ်
စိတ်ကဂုဏ်တော် ပေါ်ထင်ရှားအောင်
ထပ်ပြန်မနားတွေးလို့ရယ်
ဒူးတံတောင်မှာ နှစ်ဖြာဖွဲ့လို့
နဖူးပါထည့် ငါးမျိုးချယ်
ကြမ်းမှာ,ဖျာမှာ သေချာထိအောင်
သမာဓိနဲ့ရှိခိုးကွယ်
မကောင်းပျောက်ကွယ် နိဗ္ဗာန်ရအောင်
ကောင်းတာမှန်သမျှ ပြည်စုံမယ်
အဲဒါကြောင့် သူတော်ကောင်းအာလုံး နည်းမှန်သုံး
ရွှင်ပြုံးကြစေကွယ်။
အဲဒါကြောင့် သူတော်ကောင်းအားလုံး နည်းမှန်သုံး ရွှင်ပြုံးကြစေကွယ်။
ဆင်ခြင်ပါ
ပြုမည်ကြံလည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
ပြုဆဲမှလား သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
ပြုပြီးပြန်လည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
ပြောမည်ကြံလည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
ပြောဆဲမှာလည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
ပြောပြီပြန်လည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
တွေးမည်ကြံလည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
တွေးဆဲမှာလည်း သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
တွေးပြီးပြန်လည်း  သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ထားပါ။
(ချမ်းမြေ့ဆရာတော်)
ပါရဂူ
ပျင်းတဲ့သူ မတူဘူးလူချင်း
ဆင်းရဲစွာ နေထိုင်ရမယ်
လောကအတွင်း။
ချမ်းသာလို စာကိုတဲ့အမြဲ
တတ်ပညာ တန်းကုန်ဆိုက်အောင်
အားစိုက်လို့ခဲ။
ဗုဒ္ဓါနုဿတိ မေတ္တာ
အိုဘာသာဝင် သူတော်စင်တို့
နေစဉ်နေ့တိုင်း နံနက်ပိုင်းနှင့်
ညပိုင်းအခါ စောသတ္တာ၏
များစွာဂုဏ်စု အာရုံပြုလော့
လူမှုကိစ္စ ဆောင်ရွတ်ကြလည်း
ဗုဒ္ဓစောမြတ် မနောဓာတ်၌
မပြတ်မှီကာ ရပ်တည်လာသို့
မေတ္တာနှလုံး သစ္စာသုံး၍
ရွှင်ပြုံးအေမြ ပြုလုပ်ကြလော့
သို့မှဘေးဒဏ် တွင်းပြင်ရန်ကို
အမှန်ကိုက အောင်နိုကင်ရလျက်
ဘ၀တစ်လျောက် ကြံတိုင်းပေါက်သည်
ထိုနောက်ဆင့်သို့ မြင့်မည်ကို။
(မဟာဂန္ဓာရုံဆရာတော်ကြီး)
ဖျင်း ဖျင်းမှန်းသိ လူတော်ဖြစ်နိုင်၏
ဖျင်းပါလျက်ပင် တော်တယ်ထင်
ဖျင်းမြဲဖျင်းမည်ပင်။
(ကျေးဇူးတော်ရှင် ရန်ကုန်တိပိဋကဓရဆရာတော်ကြီး)
စာအံပျင်ရင်
စာအံပျင်း နင်းကျက်
နင်းကျက်တော့ ကြေကြေရ
နောက်ထပ်မကျက်ရ
နောက်ထပ်မကျက်ရတော့
အချိန်အား ပျင်းချင်ပျင်းပါလား။
(ကျေးဇူးတော်ရှင် ရန်ကုန်တိပိဋကဓရဆရာတော်ကြီး)
အကျိုးများသောစာတက်ခြင်း
စိတ်ကောင်း ကျန်းမာ ရိုးဖြောင့်စွာနှင့်
သွားလာယဉ်ကျေး နှုတ်ချိုမွှေးမှ
စာတက်က ကျိုးရကောင်းနိုင်မည်။
(ကျေးဇူးတော်ရှင် ရန်ကုန်တိပိဋကဓရဆရာတော်ကြီး)
သူတော်ကောင်းလက္ခဏာ-၅ပါး
ကျေးဇူးသိတက် ကျေးဇူးဆပ်
မိတ်မြတ်မိတ်ကောင်း ရှိပါစေ
မိတ်ကောင်းကိုပဲ အသည်းစွဲ
မှီဝဲဆည်းကပ်နည်းယူလေ
ဒုက္ခရောက်သူ ကြုံတွေမူ
ကြည်ဖြူယုယပြုစုလေ
သူတော်ကောင်းလက္ခဏာ
ဤငါးဖြာ မြတ်စွာဟောမိန့်ခြွေ
သူတော်ကောင်းလက္ခဏာ ဤငါးဖြာ
ကိုယ်မှာပြည့်ဝဖြည့်ကြလေ။
(ကျေးဇူးတော်ရှင် ရန်ကုန်တိပိဋကဆရာတော်ကြီး)
လောက အလှဆင်နေ၏
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။
ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
မင်းယုဝေ
ဘ၀မျက်လှည့်
ဟိုရှေးယခင်၊ ပျိုနုစဉ်၌
သန့်စင်မျက်လုံး၊ ငါ့မျက်ခုံးနှင့်
ကော့ပြုံးမျက်တောင်၊ ငါ့မျက်မှောင်သည်
တောက်ရောင်ဝင်းပ၊ ရှုတိုင်းလှခက်
ငိုကပုလဲ၊ ရွဲသို့ရယ်စဉ်
ပြုံးလျှင်တင့်တယ်၊ လှမျိုးကြွယ်လျှက်
ပွဲလယ်နှိုင်းတု၊ ကင်းသူတည်း။ ။
ယခုအခါ၊ မျက်ခုံးမျက်တောင်
ထိုမျက်မှောင်တို့၊ အရောင်လည်းမွဲ
ညှီနံ့စွဲလျှက်၊ စွဲမက်ဖွယ်ရာ
မရှိပါတည်း၊ ခန္ဒာအလှ
ရှာမရပြီ၊ ဘဝမျက်လှည့်ပါတကား။ ။
(ငွေတာရီ)
သင်သေသွာသော်
ဪ…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျ
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
ဇော်ဂျ
အလှရှိရာ
အလှရှိရာ၊ သွားချင်ပါဟု
ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍
စိတ်ဝမ်းမသာ၊ ရှိသည်တကား။
သူ့ရွှာသူ့ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ဝပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို့
သွားပါလိုမိ၊ နေမထိခဲ့။
ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင်၊ ထပ်လိမ့်တည်း။
သူ့ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း
ငါကားမတုန်လှုပ်ပြီတကား။
ငွေတာရ
“သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏ “
သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊
ယွင်းဖောက်အလို ၀န်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊
စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊
ဣဿာ မပြု ၀မ်းမြောက် ရှုလော့ ၊
သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊
ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ..
( မာဃဒေ၀ - ၁၈၅ )
"ဘ၀ အားမာန်"
* တိမ်တိုက်မိုးပြင်၊
ထက်ကောင်းကင်က၊
ငှက်တွင်ကြီးခြင်း၊
ခွန်အားပြင်းသား၊
ငှက်မင်းမြတ်စွာ၊
ဂဠုန်သာလျှင်၊
ပျံရာသလော။
* ငယ်မောစွာလျက်၊
နှံစုတ်ငှက်လည်း
အထက်လေကြောင်း၊
ပျံပါကောင်း၏။
(အရှင်တေဇောသာရ)
သြကာသဘုရားရှိခိုးလာရပ်ပြစ်ရှစ်ပါး
ဘုရားပွင့်ခါ ပါယ်သုံးရွာနှင့်
ဒီဃာယုနတ် ဖြစ်လတ်ပစ္စန်
မိစ္ဆာဥာဏ်ရှိ ဥာဏ်မရှိသား
ဥာဏ်ရှိငြားလည်း ဘုရားမဖြစ်
ကျမ်းဂန်လှစ်သည်
ရပ်ပြစ်ရှစ်ပါးသရုပ်တည်။
မေတ္တာ
နှစ်ရွာတစ်ရွာ ဆက်ဆံရာ မေတ္တာလိုရင်းသုံး၊
မိတ်ဆွေချင်းသာ ပေါင်းသင်းရာ မေတ္တာအမြတ်ဆုံး၊
အေးစေ မြစေ မေတ္တာရေ၊ သုံးလေ ရပ်ရွာသုံး၊
မေတ္တာစိတ်ဓာတ် လွန်မြင့်မြတ် လူနတ်အချစ်ဆုံး၊
မေတ္တာရနံ့ ကြိုင်လှိုင်နှံ့ သင်းပျံ့ နယ်မဆုံး၊
မေတ္တာပန်းခိုင် ကိုယ်စီကိုင် ဖက်ပြိုင်သူတို့ရှုံး၊
တစ်ဦးမေတ္တာတစ်ဦးမှာ ရှည်ကြာရွံမမုန်း၊
တရားပျောက်ကွယ် မေတ္တာပြယ် ကြီးငယ် အများမုန်း၊
မေတ္တာနတ်ပန်း ပန်ဆင်မြန်း ရွှင်လန်း စိတ်နှလုံး။
" တို့ရွာသမိုင်း "(မင်းသုဝဏ်)
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
မင်းသုဝဏ
မြန်မာတို့အတွက်
ငါ သာလျှင် တော်၊ သူ မတော်ဟု
လူတော် ထင်ပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
ကြွားရင်းနှင့် နစ်၊ ၀ါးရင်း နစ်သည့်
နစ်လျှက်နေပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
အကောင်း ဆိုးထင်၊ ဆိုး ကောင်းထင်နှင့်
အထင်လွဲပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
သူ့ ကို ငါညှိုး၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
ညည်း၍ မပြီး၊ ညူ မပြီးဘူး
အပြီးတကာ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြ ထကြ မြန်မာတို့
သားမြေးတို့အတွက် ကြိုးစားစို့။   ။
                                                     မင်းသုဝ
ဘာဝနာ၏ဂုဏ်ကျေးဇူး
စိတ်နေဥာဏ်များ မြင့်မားဖို့ရာ
ဖြစ်ပွားစေလျက် ကြောင်းချက်ညီစွာ
အထက်တန်းကျ ကယ်မသူမှာ
မြတ်ဓမ္မ စိတ်ချကိုးကွယ်ရာ။
(ရွှေတောင်ကုန်းဆရာတော်ကြီး)
ရွှေကျင်ဆရာတော်ဘုရားကြီးဆုံးမစာ
စာမတက်သူ ကန်းနှင့်တူ မှတ်ယူမလွဲရာ။
ကမ္ဘာ့အဆန်း အခန်းခန်း မျက်ကန်းမမြင်ပါ။
ဗဟုသုတ အ၀၀ စာမှထွက်သည်သာ။
စာပေတတ်မှ လိမ္မာကြ  မိန့်ဟရှေးဆရာ။
စာမတတ်က ကြားသမျှ ယုံရတတ်သည်သာ။
ဗဟုသုတ နည်းပြန်က ယုံရပြောတိုင်းသာ။
(အယူစွဲသမား)
ယုတ်မာဆိုးတောင်း ကျင့်မကောင်းကို
မှားကြောင်းတစ်စိ သိလျှင်သိခြင်း
စွန့်ပယ်လျှင်းလော့..
အတင်းယူစွဲ ဖားမြွေခဲသို့
အမြဲမှတ်သို မစွန့်လိုက
ဤကိုယ်သုခ နောင်မရဘူး။
သတိပဋ္ဌာနသုတ်ဝန်ခံချက်မိန့်ခွန်းတော်
သတိပဋ္ဌာန် ဓမ္မစက်ကို ၀န်ခံချက်နှင့် တို့မြတ်စွာ ဟောမိန့်ပုံမှာ ထိုတရားကို ဖြစ်ပွားစေတဲ့ ရှင်လူမှာ အလွန်ကြာရင်ခုနှစ်နှစ်နဲ့ ရဟန္တာစစ်ဖြစ်နိုင်ပါ။
စွဲမှုကျန်တောင် နာဂါမ်လောက်တော့ ဆိုက်ရောက်မယ်တဲ့ဧကန်ပါ။
မြန်သူဆိုလျှင် ခုနှစ်ရက်နဲ့ ထိုမဂ်ဖိုလ်ကို ရနိုင်ပါ။
ရဲရင့်ခိုင်မာ ၀န်ခံချက်နဲ့ ဓမ္မစက်ကို ဟောခဲ့ပါ။
နိဗ္ဗာန်လိုသူ မယုံမှားနဲ့ မြတ်ဘုရားကိုယုံကြည်ကာ
သတိပဋ္ဌာန် ကိုယ့်သန္တာန် အမြန်ပွားစေရာ သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။
(မဟာစည်ဆရာတော်ကြီး)
သတိပဋ္ဌာန်အားထုတ်ရကျိုး၇မျိုး
စိတ်အညစ်ကြေး ကင်းဝေစေရန်
စိုရိမ်ပူဆွှေး ငိုကြွေးလွတ်ပြန်
ကိုယ်စိတ်ဆင်းရဲ ချုပ်မြဲဧကန်
မဂ်ဖိုလ်ရောက် မျက်မှောက်ပြု နိဗ္ဗာန်။
 pdfဖိုင်ကို ဒေါင်းယူရန်လင့်-http://www20.zippyshare.com/v/gJuyCaKM/file.html
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။
အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ
Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.