အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 16, 2016

ပဋ္ဌာန်း မပူဇော်မှီ နှင့် ပူဇော်ပြီး ရွတ်ဆိုရသောဂါထာတော်များ

ပဋ္ဌာန်း မပူဇော်မှီ နှင့် ပူဇော်ပြီး ဆောင်ရွက် ရမည့်

နတ်ပင့်
¤¤¤¤¤
သမန္တာ စက္က၀ါဠေသု ၊ အတြာဂစ္ဆန္တု ဒေ၀တာ ။
သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ ။
ဓမ္မဿဝနကာလော အယံ ဘဒန္တာ ။
》》》》》မြန်မာပြန် 《《《《《
သမန္တာ-ရှေ့နောက်ဝဲယာ ဒိသာရပ်ခွင် ဤစကြာဝဠာ ပတ်ဝန်းကျင်၌။
စက္က၀ါဠေသု-စကြာဝဠာပေါင်း တိုက်တသောင်းတို့၌။
ဝသန္တာ-ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော။
ဒေ၀တာ-တန်ခိုးကြီးမား နတ်ဗြဟ္မာအများ တို့သည်။
အတြ-ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသသို့။ အာဂစ္ဆန္တု-ညီညာဖြဖြ လာရောက်ြ
ကပါ ကုန်လော။ မုနိရာဇဿ-မုနိထွတ်တင် ဘုရားရှင်၏။
သဂ္ဂမောက္ခဒံ-နတ်ပြည်နိဗ္ဗာန် ကျိုးနှစ်တန်ကို ဧကန်ပိုင်ပိုင် ပေးစွမ်းနိုင်သော။
သဒ္ဓမ္မံ-ဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်ကို ကာကွယ်ပေးတတ် ပရိတ်တရားတော်မြတ်ကို

သုဏန္တု-အာရုံတပါး စိတ်မသွားဘဲ လေးစားကြည်ဖြူ နာယူလှည့်ကြပါကုန်လော။
ဘဒန္တာ-အို နတ်အများတို့။
အယံ-ဤအခါသည်ကား။
ဓမ္မဿဝနကာလော-မြတ်ဘုရား၏ တရားဒေသနာ နာယူရမည့်အခါပေတည်း။
¤¤¤¤

ရောင်ခြည်တော်ဖွင့် ဘုရားပင့်

                     ရောင်ခြည်တော်ဖွင့် ဘုရားပင့်
           နီလာ နီလာ နိစ္ဆရန္တိ   ပီတာ ပီတာ စ  ရံသိယော ။
           လောဟိတာ လောဟိတာ စာဘာ     သြဒါတော ဒါတရံသိယော ။
ပဌာနံ နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို
သမ္မသန္တဿ အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏
နီလာ ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော
အရပ်ဌာနမှ နီလာ ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို
မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော် တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
ပီတာ စ  သိ င်္ဂီရွှေလှော် အရေတော်မှလည်း
ပီတာ မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်းပပဝင်းကုန်သော
ရံသိယော ဝါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
လောဟိတာ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါးတော် လက်ဖဝါးတော်စသောကိုယ်တော်အစိတ်စိတ်မှ
လောဟိတာ ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော အာဘာ နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ  နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
သြဒါတာ စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော် ဓါတ်မှ
သြဒါတ ရံသိယော   စံပယ်ကြက်ရုံး ဇွန်ပန်းကုန်းနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်း အသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
               တမှာ တမှာ စ  မဉ္ဇိဋ္ဌာ ပဘာသန္တိ   ပဘဿရာ
               ဧဝံ ဆဗ္ဗဏ္ဏရံသိယော ဌာတု မေ ဘဂဝါ သိရေ
တမှာ တမှာ အထက်ဆံဖျားတော် တစ်လျှောက်မှ အောက်ခြေဖဝါးတော်
တခို ထိုထိုကိုယ်တော်အစိတ်မှ မဉ္ဇိဋ္ဌာ စ ခရမ်းသွေးအရောင်မရမ်းသွေးအရောင် တဝေဝေ တပြောင်ပြောင်သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်လည်းကောင်း ပဘဿရာ စ နတ်မီးရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက်
ကြက်လျှာပျံ စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တို့သည်လည်းကောင်းပဘာသန္ထိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်အံ့သြဖွယ်လျှင်အဆန်းတကြယ်ကွန့်မြူးတော်မူကြလေကုန်၏
ဧဝံ ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဂုဏ်တော်အထူးကို
ချီးကျူးဖွဲ့ဆိုခဲ့သည့်အတိုင်း ဆဗ္ဗဏ္ဏရံသိယော အညိုတစ်ဖြာ အဝါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမောင်းတစ်ချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော
ဘဂဝါ ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွှတ်ရုံး
အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော
သော ထို သုံးလောကညွန့်ဖူး နိဗ္ဗာန်မှူး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်
မေ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓါတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏ သိရေ ဦးခေါင်းပေါ်၌
ဌာတု ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီး ဘုရား။

မဟာဂန္ဓာရုံဆရာတော်၏ပဌာန်းရှိခိုးဂါထာတော်

         နာနပ္ပကာရဌာနာနိ ဗောဓိတာနေတ္ထမုနိနာ
         အနန္တနယပဌာနံ   ဝန္ဒေအနန္တဂေါစရံ
      ဧတ္ထ   ဤအနန္တနယ သမန္တပဌာန်းကျမ်းတော်ကြီး၌
      မုနိနာ မုနိထွတ်တင်ဘုရားရှင်သည်
      နာနပ္ပကာရဌာနာနိ ဟေတု အာရမ္မဏစသည်များစွာအကြောင်း
      အရာတို့ကို ဗောဓိတာနိ သဗ္ဗညုတာ ဉာဏ်တော်သာဖြင့်
      ဦးစွာကျနသိပြီးမှလျှင် များလှဝေနေ သိစေတော်မူခဲ့လေပြီ။
      အနန္တဂေါစရံ အဆုံးမရှိကုန်အောင်သိသည့်      ဉာဏ်တော်၏သာကျက်စားရာဖြစ်တော်မူသော
တံ အနန္တနယပဌာနံ မြားမြောင်ပေါယယ် နည်းစုံ
ကြွယ်သားကြီးကျယ်မြင့်မော် ထိုပဌာန်းကျမ်းတော်ကြီးကို ဝန္ဒေ တစ်သက်တစ်ခါကြုံခဲစွာမို့ ကြုံလာသည့်ခိုက်ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာရှိခိုးကန်တော့ပါ၏ဘုရား။


လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး၏ ပဌာန်းအမွှန်း(ပဋ္ဌာန်းရွတ်ရန် တိုက်တွန်းနိုးဆော်လွှာ)

                     လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး ရေးသားအပ်သောပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ                                                                                                                                                                                             ( ပဋ္ဌာန်းအမွှန်း )
   ဘဂဝန်ဘုန်းလှိုင်နှုန်းပြိုင်တုကင်း အဖက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသောတိဘဝပါရဂူသယမ္ဘူရှင်တော်မြတ်ဘုရားသည် ငါးပါးမာန်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ်ရွှေဝတ်လွှာမှုန် ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှန်းမှီဆွတ်ခြွေ၍ ကရွတ်ခွေ ဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ နဝတာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟဝယ် ဓမ္မနက်ကျယ် သမုဒ်နှယ်သို့ ဆန်ကျယ်နက်ဝှမ်း နည်းစုံပြွမ်းသည့် ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဥာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပာယ်လို့ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်တဝေဝေ ညိုရွှေနီဖြူ အဆူဆူထွေးယှက်လျက်နီမောင်းရောင်အထွက် လျှပ်စီးတွေလက်သလို ပြိုးပြိုးပြက်တငွားငွားရောင်ခြောက်
ဆိုင်ကစားလျက်လောကဓာတ်တိုက်
အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြလေကုန်သတည်း။ ရောင်ခြည်တော်ဖူးညွန့်ထွေးယှက်လိမ်လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်းသမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသောဥာဏ်ကသိုဏ်းသမာဓိဖလ်တံတိုင်းဖြင့်ဌာန်ကရိုဏ်းပီသစွာစေတနာထွတ်အမြတ်ဖြင့်ရွတ်ဖတ်သရဇ္ဈယ်တော်မူကြပါကုန်လော့။
သံဃာတော်အရှင်မြတ်အပေါင်းတို့။
ပဋ္ဌာန်းရွတ်ပြီးနောက် 

 

ပဌာန်းအနုမောဒနာဂါထာတော်

                            
       အဟော ပူဇံ ပရမပူဇံ သာသနေ သုပ္ပတိဋ္ဌိတံ။
       တသ္မာ ကလျာဏသင်္ကပ္ပာ အနုမောဒန္တု သာဓဝေါ။
ဘောန္တော  အသံမစဲ ပဋ္ဌာန်းပွဲသို့ အားခဲရောက်လာ များစွာစုပေါင်း
အို သူတော်ကောင်းတို့။ပူဇံ ခက်ခဲမှုများ လွန်ကျော်လွှား၍  ထင်ရှားပေါ်လာ ဤပူဇော်ပွဲမင်္ဂလာကြီးသည်။
အဟော များလှစုံလင် မြင်ကြားသူ သူတော်စင်တို့ ကြည်ရွှင်စွာ
စိတ်မြတ်ဇောဖြင့် အံ့သြချီးမွမ်းထိုက်လှပါပေစွတကား။
ပရမပူဇံ အာမိသပူဇာ မင်္ဂလာထက် မှန်စွာခေါ်ထုံး အမြတ်ဆုံးသော
ဓမ္မပူဇာကြီးပါတကား။သာသနေ သမ္မာသမ္ဗုဒ္ဓ အတုလထွတ်ခေါင် တမွတ်ရှောင်ဥက္ကဌ်စောနေနတ်မြတ်ဘုရား၏ တောက်ကြွားလျှံဖြာ သာသနာတော်မြတ်ကြီး၌ သုပ္ပတိဋ္ဌိတံ (      ) မြို့/ရွာ ရဟန်းရှင်လူ အများပြည်သူတို့က ပဋ္ဌာန်းပူဇော်ပွဲပြုလုပ်ခြင်းတည်းဟူသော ကုသိုလ်မျိုးကို စိုက်ပျိုးတည်ထောင်အပ်လေပြီတကား။
တသ္မာ ထိုသို့ စိုက်ပျိုးတည်ထောင်အပ်ပြီးသည်၏ အဖြစ်ကြောင့်
ကလျာဏသင်္ကပ္ပါ တင့်တယ်လျောက်ပတ် လွန်ကောင်းမြတ်သည့် တလျှပ်လျှပ်ထိန်လျှံ စိတ်အကြံအစည် အလီလီ အဝဝ ကိုယ်စီကိုယ်င
ရှိကြစေကုန်သော သာဓဝေါ ပဋ္ဌာန်းပွဲသို့ အားခဲရောက်လာများစွာစုပေါင်း သူတော်ကောင်းတို့သည် ပူဇံ အလှူတွင်ထိပ်ခေါင်တူမယှဉ် နိမိတ်ဆောင်သည့် အရိပ်အရောင်ထူးကဲ ဤပဋ္ဌာန်းပူဇော်ပွဲကြီးကို
အနုမောဒန္တု အဖန်ဖန် ဝမ်းမြောက်ကြပါစေကုန်သတည်း။
အနုမောဒန္တု သဘောကျကြည်လင် သောမနမှီယှဉ် ဇောဟဒယ မနသီအစဉ်ဖြင့် တရွှင်ရွှင် တဖိမ့်ဖိမ့် နှစ်သိမ့်လျှံစွာ သာဓုသံ သုံးကြိမ်ဖြာလျက်ဤကမ္ဘာမြေတုန်ဟည်းလောက်အောင် ညီညာစွာ သံစုံတီး၍မို့ဝမ်းအမြောက်ကြီး ဝမ်းမြောက်ကြပါစေကုန်သတည်း။


နတ်ပို့
¤¤¤¤
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိေဿာကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။
》》》》》မြန်မာပြန် 《《《《《
သဗ္ဗေပိ-ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။
ပါဏိနော-ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည်။
ဒုက္ခပ္ပတ္တာ-မတော်တဆ ဒုက္ခသို့ရောက်နေကြကုန်သည်။
(သမာနာ-ဖြစ်ကုန်သည်ရှိသော်)။
နိဒ္ဒုက္ခာ-ဘုရားတရား သံဃာများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဆင်းရဲဒုက္ခ မရှိကြ
ကုန်သည်။ (၀ါ) ဒုက္ခကင်းကြကုန်သည်။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
ဘယပ္ပတ္တာ-မတော်တဆ ဘေးဘယသို့ ရောက်၍နေကြကုန်သည်ရှိသော်။
နိဗ္ဘယာစ-ဘေးမရှိကြကုန်သည် လည်း။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သောကပ္ပတ္တာ-၀မ်းနည်းခြင်း တည်းဟူသော သောကသို့ ရောက်နေကြကုန်သည်ရှိသော်။
နိေဿာကာစ-သောကမရှိကြကုန်သည်လည်း။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သဗ္ဗေဒေ၀ါ-အလုံးစုံ ဤနေရာသို့ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်။
ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော မကြာခဏ ရောက်၍နေရတဲ့ အတိုင်းအရှည်ဖြင့်။
အမှေဟိ-အသင် နတ်တို့နှင့် တကွ ဖြစ်သော ငါတို့သည်။ သမ္ဘတံ-ကောင်းစွာစုဆောင်း စု
ပေါင်းထားအပ်ပြီးသော။ ပုညသမ္ပဒံ-ကောင်းမှု၏ ပြည့်စုံခြင်းကို။
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ-အလုံးစုံသော လောကီသမ္ပတ္တိ, လောကုတ္တရာသမ္ပတ္တိ၏ ပြီးစီးထမြော
က် အောင်မြင်ခြင်းအကျိုးငှါ
သဗ္ဗေ-အလုံးစုံ အကုန်အစင်သော နတ်ဗြဟ္မာတို့သည်။ အနုမောဒန္တု-၀မ်းမြောက်ကြ ပါကု
န်လော။
အာဂတာ-စောစောက ပင့်ဖိတ်၍ ရောက်လာကြကုန်သော။ ဒေ၀တာ-ပရိတ်တရားကို နာ
ဖို့ရန် ရည်သန်၍ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည်။
ဒါနံ-အလှူဒါနကို။
ဒဒန္တု-ပေးလှူကြပါကုန်လော။
သဗ္ဗဒါ-အခါခပ်သိမ်း။
သီလံ-မိမိတို့ဆိုင်ရာ ငါးပါးသီလစသည်ကို။
ရက္ခန္တု-စောင့်ရှောက်ကြပါကုန်လော။
ဘာဝနာဘိရတာ-အနိစ္စဒုက္ခ အနတ္တစသော ဘာဝနာပွားခြင်း၌ မွေ့လျော်ကြကုန်သည်။
ဟောန္တု-ဖြစ်ကြပါကုန်လော။
ဒေ၀တာ-စောစောက ဖိတ်မန်၍ ရောက်လာကြကုန်သော နတ်တို့သည်။
ဂစ္ဆန္တု-ကိုယ်စီကိုယ်င ကိုယ့်ဒေသသို့ ပြန်နိုင်ကြပါစေကုန်သတည်း။ ။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.