အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 16, 2016

သံဝေဂလင်္ကာများ

အပ္ပမာဒလင်္ကာ

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့
ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ၊သူတစ်နည်းဖြင့်
ဖောက်လွှဲတတ်စွာ၊ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍--

ယခုပင်လျှင်၊ မအိုခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊ မနာခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင်၊မသေခင်က
ကြိုတင်ကောင်းမှု၊ကြိုးစားပြုလော့။

ရတုချိန်ထောက်၊ ဤခါရောက်မှ
ချုပ်ပျက်ခန္ဓာ၊ သေပိမ့်ငှာဟု
သတ္တ၀ါ ခပင်း၊ ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက်၊ အချိန်းအချက်
တစ်စက္ကန့်မှ၊ မရှိကြဘူး။

အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ၊
ဘုရားစကား၊ လိုက်နာပွားကာ
တရား လက်မလွှတ်ကြစေနှင့်။
 
 

မွေးနေ့ဆိုတာ အိုပွဲပါ

တစ်နေ့တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ၊ ရုပ် နာမ်ပါ ၊ ခန္ဓာမမြဲသိ။
ရုပ်နာမ် ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏
သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏
မွေးနေ့ဆိုတာ သေပွဲပါ သေချာဥာဏ်ဖြင့်ကြည့်။
အသက် သိက္ခာ ကြီးစရာ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏
အကျင့်သိက္ခာကြီးမှသာ မှန်စွာစိတ်အေး၏
ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏
အသိမှန်ကန် ကိုယ့်ဖို့ကျန် ဧကန်စိတ်အေး၏။
( ယောဆရာတော် ဘုရားကြီး ) 
 
 ခရီးသည်
 
*အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့
လာလမ်းကိုတဲ့ မျှော်ကြည့်ကွယ်…( ပြန်ကြည့်မယ်)။
*နေမဝင်ခင်
ညောင်ညို ရိပ်မှာ ချွေးသိပ် စို့ကွယ်..။
*ကြည့်စမ်းဟယ်…
ဟိုအနောက်တောင်စွယ်မှာ ဖြင့်….နေကွယ် လုပါပကော။
*အခွင့်ကောင်းတွေ…တစ်ရှောင်ရှောင်လွဲခဲ့ပြီမို့
ဝင်္ကပါ အထဲ မှောင်ထဲမှာလ…..
တစ်ယောက် ထဲယောင်လည်လည် နဲ့
ခရီးသည်..အို ဘဲ့ သံသရာခရီးသည်…
ခရီးသည် သင့်နောင်ရေးကို..(ကွယ်..)တွေးရစိတ်မော..။
-ပညာရှိသူတော်ကောင်းတွေက တော့ တွေးဆစိတ်မော။
-မင်းတို့ ငါတို့တွေကတော့ ကန္တာရ ခရီးမှာ
အာရုံငါးပါးတည်း ဟူသော…..
အဆိပ်သီးတွေကို…အဝစား-- စားပြီးတော့ ငေးကျအိပ်မော..။
 
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂကဗျာ

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနနှင့်
ငါကရာဇာ ငါဟာသူဌေး ငါပဂေး ဟု
ငါသွေးတက်ကြွ လူ့ဗာလတို့ များလှဖြာဖြာ
အ၀ိဇ္ဇာနှင့် တဏှာဘီလူး အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက်
မော်မော်မောက်မောက် ငါတစ်ယောက်သာ
မိုးအောက်တစ်လွှား ရွှေကိုယ်လားဟု
ထင်မှားမလွဲ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြည့်ဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ မြုတ်ရရှာသည်
ဘယ်မှာ ငါ ဟုရှိအံ့နည်း.......

တစ်ဘ၀သာသနာကျမ်းပြု မိုးကုတ်ဆရာတော်ဘုရားကြီး
ရေးသားတော်မူခဲ့သော သံဝေဂကဗျာဖြစ်ပါသည်။ ။
 

လယ်တီဆရာတော်ကြီး၏ သံဝေဂကဗျာ ......

* လယ်တီဆရာတော်ကြီး၏ သံဝေဂကဗျာ .......

လေးဆယ်ကျော် အရွယ်နှောင်းကာမှ
သူကြွယ်လောင်း လုပ်ချင်
မိုးကုန်ပြီ ထွန်မချနှင့်
ရွံ့ စရာ မှားဖို့ဖြစ်အင်
နွားအိုကြီး အမော့သင်သလို
မလျှော့လျှင် ဘ၀ဆုံးရှာတော့
အစတုံးနှင့် အဆင်လွဲဖို့သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက် နင်ကြုံတွေ့ ဖို့လေး ....
 
 
 
 

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.