အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, January 16, 2016

အောင်ဂါထာတော်

ယော မာရသေန မာသန္န
မာသန္န ဝိဇယုဿဝေါ
တိဏာယပိ နမညိတ္ထ
သော နော ဒေတု ဇယံ ဇိနော။
အာသန္နဝိဇယုဿဝေါ ငါးပါးမာန်ဟုန် ရန်သူပုန်ကို
ဘုန်းဂုဏ်ခြောက်ဆင့် အောင်ချွန်းဝင့်၍
လွယ်လင့်တကူ အောင်ပွဲယူခါနီးဖြစ်တော်မူပါပေ
ထသော ယောဇိနော အောင်ဇေယျာဘိ အောင်သိဒ္ဓိနှင့်
ဗောဓိညွန့်ရှင် အောင်ပလ္လင်ဝယ် ငါးအင်မာန်ယုတ်
ရန်ခလုတ်ကို တမုဟုတ်ရှောင်တခင် ဘုန်းတော်ညွန့်
အောင်လံတင်၍ အောင်ပလ္လင် ကနက္ကဒဏ်ရိပ်မှာ
အောင်ဘိသိက်သွန်းတော်မူခါနီးဖြစ်တော်မူသော
အကြင်မြတ်စွာဘုရားသည် အာသန္နံ ဗုဒ္ဓဟေနန်း
ပလ္လင်ခန်းကို အရမ်းနယ်ချဲ့လုမယ်ဟဲ့ဟု
အတုမဲ့ပရမေအရှင်၏ ပတ်ဝန်းကျင်
အထံတော်အနီးသို့ တဟုန်တည်းချီတက်၍လာသော
မာရသေနံ ကမ္ဘာမြေပြင် ကောင်းကင်တဝိုက်
ပဲ့တင်ရိုက်အောင် တိုက်ဖို့ ရွယ်ရည် စစ်သည်အပေါင်း
သိန်းသောင်းဗိုလ်ခြေ မာရ်နတ်မင်း၏ ရဲမက်တွေကို
တိဏာယာပိ ကြောက်စိတ်လန့်စိတ် အရိပ်မသီ
ဆံချည်တမျှင် မြက်တပင်ကလေးလောက်မျှသော်လည်း
နမညိတ္ထ ပါရမီစက် ဘုန်းလက်နက်ကြောင့်
စစ်မက်များစွာ ချီတက်လာလည်း အရာမရောက်
မလောက် မလေးအရေးမယူ ရန်ငြိုးသူ မာရ်နတ်
သင်းတို့ကို  ခွင်းလုံးပိုင်အခေါင်နင်းလို့မို့ 
အောင်ခြင်းကြီးအောင်မြင်တော်မူခဲ့လေပြီ။
သောဇိနော အောင်စေရာဘိ အောင်သိဒ္ဓိနှင့် ဗောဓိညွှန့််ရှင်
အောင်ပလ္လင်ဝယ် ငါးအင်မာရ်ယုတ် ရန်ခလုတ်ကို
တမုဟုတ်ရှောင်တခင် ဘုန်းတော်ညွန့်အောင်လံတင်၍
အောင်ပလ္လင် ကနက္ကဒဏ်ရိပ်မှာ အောင်ဘိသိက်
သွန်းတော်မူပြီးဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်
နောအမှာကံ မအောင်သေးခင် အောင်ကြွေးတင်၍
အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့အား
ဇယံ ဒေတု အောင်ရန်အသင့် အောင်လံလွှင့်ဖို့
အောင်ခွင့်မင်္ဂလာ အောင်ပါစေမှု ဇေယျတုဖြင့်
အောင်ဆုမသွေ ပေးဝေတော်မူပါ့ အရှင်မြတ်ကြီးဘုရား။                
ဇယံ ဘေးအတန်တန်  ဒဏ်အသွယ်သွယ် အန္တရာယ်အမှောင့်
ရန်ဆူးရန်ငြှောင့် ဟူသမျှကို မကြောင့်မကြ အောင်နိုင်ရ၍
ဣဋ္ဌမင်္ဂလာ အဖြာဖြာနှင့် အောင်ရာအောင်ကြောင်း
အောင်ဆုမြတ် အပေါင်းကို ဒေတု ပေးတော်မူပါ့မြတ်စွာဘုရား။
ဒေတု ယနေ့ကစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်
ဟိုးနောက်နောင်ဝယ် ဂုဏ်ရောင်ထွန်းတောက်
တမိုးအောက်၌ တစ်ယောက်ထင်ပေါ်သောင်းလုံး
ကျော်၍ ဘုန်းတေဇော်ထောင်ရောင်မီးကဲ့သို့
မြတ်စည်းစိမ် ပြောင်ပြောင်ငြီးတဲ့အောင်
အောင်ဆုကြီးပေးတော်မူပါ့ မြတ်စွာဘုရား။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.