အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Tuesday, December 1, 2015

သရက်ပင်က ပေးတဲ့တရားထူး

 လောကမှာရှိသမျှ အရာအာလုံးဟာ အမြဲတည်တံ့နေသော အတ္တမဟုတ်။
ထိုသဘောတရားတို့ကို ကြည့်သောသူသည် မြင်၏။ ရှာသောသူသည် တွေ့လေ၏
တခါက ကာလိင်္ဂတိုင်း ဒန္တရပုရမြို့မှာ ကရဏ္ဍကအမည်ရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။

တနေ့မှာ ကရဏ္ဍကမင်းကြီးဟာ နောက်ပါ အရွေအရံပရိသတ်များစွာနှင့် ဥယျာဉ်တော်သို့သွားရောက်လည်ပတ်တယ်။
အဲဒီဥယျာဉ်ရဲ့ အ၀င်အ၀မှာ အင်မတန်အဆင်း အနံ အရသာနှင့်ပြည့်စုံပြီး အသီးတွေ ပြွတ်သိပ်ပြီးသီးနေတဲ့ သရက်ပင်ကြီး တစ်ပင် လည်းရှိပါတယ်။
ဘုရင်ကြီးဟာ ဥယျာဉ် အပေါက်ဝသို့ ရောက်တယ်ဆိုရင်ပဲ ၄င်းသရက်ပင်ရဲ့ သရက်သီး တစ်ခိုင်ကို ဆင်ပေါ်ကနေပဲ ခူးယူပြီး သုံးဆောင်လိုက်တယ်။
နောက်ပါပရိသတ်တွေကလည်း မင်းကြီး သုံးဆောင်ပြီးပြီး။တို့ခူးစားကြရအောင်ဆိုပြီး ပစ်ခက်စွပ်ခူးကြပါတယ်။
သရက်ပင်ဟာ အကိုင်းအခက်တွေ ကျိုးပဲ့ပြီး မရှူမလှ ဘ၀သို့ရောက်ရတော့တယ်။
ညနေရောက်တော့ ဥယျာဉ်ကထွက်လာတဲ့ မင်းကြီးဟာ သရက်ပင်ရဲ့ မရှူမလှအဖြစ်ကို မြင်ပြီး ဟိုမှ ဒီမှ လှမ်းကြည့်၍-
အသီးမရှိသော အပင်တို့မှာ စည်ပင်တင့်တယ်၍ နှိပ်စက်သူမရှိ။ အသီးများသော သရက်ပင်မှာ ပျက်စီးရ၏။ လူဘ၀သည် အသီးများသော သရက်ပင်နှင့်တူ၏။ ရဟန်းဘ၀သည် အသီးမရှိသော သရက်ပင်နှင့်တူ၏။ ဥစ္စာမရှိသူက ဘေးရန်ကင်း၏။ ငါသည် အသီးမရှိသော သရက်ပင်ကဲ့သို့ဖြစ်ရာ၏။ ဤသို့တွေးကြံ၍ အသီးရှိသော သရက်ပင်ကို အာရုံပြုကာ ၀ိပဿနာပွားလေလျှင် ပစ္စေကဗောဓိဉာဏ်ကို ရ၍ ပစ္စေကဗုဒ္ဓဖြစ်လေ၏။
ထိုကြောင့် ဘ၀သည် မမြဲ ။ဒီမမြဲတရားကို မြင်အောင်ကြည့်သော သူသည် မာနကင်း၍ဒုက္ခမှ လွတ်ရလေသည်။ မမြင်သောသူတို့သည် မာနကြီး၍ သံသရာ၌ ဒုက္ခရောက်ကြကုန်၏။
အရှင်တေဇိန္ဒ ဒိုက်ဦး

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.