အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, December 3, 2015

သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး ပါဠိ+အနက်


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာအန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

အနက်
အဋ္ဌ၀ီသံ
– သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊
သမ္ဗုဒ္ဓေ စ
– တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊
ဒွါဒသဉ္စ သဟဿကေ
– နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊
သမ္ဗုဒ္ဓေစ
– လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊
ပဉ္စသတ သဟဿာနိ
– သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေစ
– နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊
အဟံ
– အကျွန်ုပ်သည်၊
သိ၇သာ
– ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊
နမာမိ
– ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။
ဂင်္ဂါ-ဂင်္ဂါယ
– ဂင်္ဂါမြစ်အတွင်း၌၊
ဝါဠုကာ
– ရှိကြကုန်သော သဲတို့သည်၊
အပ္ပကာ
– နည်းကြကုန်သေး၏၊
နိဗ္ဗုတာ
– ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊
ဇိနာ
– နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့ကား၊
အနန္တာ
– သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။
တေ ဇိနေ စ
– ထိုဘုရားရှင်တို့ကိုလည်းကောင်း
တေသံ
– ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏၊
ဓမ္မဉ္စ
– တရားတော်မြတ်တို့ကိုလည်းကောင်း၊
သံဃဉ္စ
– တပည့်သား သံဃာတော်မြတ်တို့ကို လည်းကောင်း၊
အဟံ
– အကျွန်ုပ်သည်၊
အာဒရေန- အာဒရံ
– ရိုသေစွာ၊
နမာမိ
– ရှိခိုးပါ၏။
နမက္ကာရာ နုဘာဝေန
– ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်၊
သဗ္ဗေ
– ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ
– ဘေးရန်တို့ကို၊
ဟိတွာ
– ပယ်ဖျောက်၍၊
အနေကာအန္တရာယာပိ
– တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊
အသေသတော
– အကြွင်းအကျန် မရှိသောအားဖြင့်၊
ဝိနဿန္တု
– ပျောက်ပျက်ပါစေကုန်သတည်း။    ။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.