ဒေါသဖြစ်သောသူသည် အကောင်းအဆိုး အကြောင်းအကျိုးကို မခွဲခြားနိုင်ပဲ မိမိစိတ်ကို ပူလောင်စေလျက် မိမိကို ရှေ့ဦးစွာဖျက်စီး၏။သူတစ်ပါးကိုလည်း ပုတ်ခက်ခြင်း သတ်ဖြတ်ခြင်းစသည်ဖြင့် ပျက်စီးစေ၏။
နောင်တကြီးစွာဖြစ်ရ၍ ဒေါသစိတ်ဖြင့် သေလျှင် ငရဲသို့ရောက်ရ၏။ထိုကြောင့် ဒေါသသည် ရှောင်ကြဉ်သင့် ရှောင့်ကြဉ်ထိုက်၏။ ရှောင့်ကြဉ်ဖို့ရန်လည်း ဘုရားဆုံးမတော်မူ၏။
တစ်ခုသော ၀ါဆိုကာလ၌ အရှင်မဟာကဿပထေရ်သည် ရာဇဂြိုလ်ပြည်ရှိ တောကျောင်းလေးတစ်ခု၌ သီတင်းသုံးနေ၏။
ရဟန်းငယ်နှစ်ပါးသည်လည်း မထေရ်မြတ်ကြီး၏ကိစ္စကြီးငယ်ကို ဆောင်ရွတ်ပေး၍ အတူသီတင်သုံး၏။
တစ်ပါးသော ရဟန်းငယ်သည် တကယ့်စေတနာနှင့် ပြုစု လုပ်ကျွေး၏။တစ်ပါးသော ရဟန်းသည်က သူတစ်ပါးလုပ်သမျှကို သူလုပ်သလို ဟန်ဆောင်၍ နာမည်ကောင်းယူတတ်သူဖြစ်၏။
တကယ်လုပ်ကသော ရဟန်ငယ်သည် ကြာတော့ မခံမရပ်နိုင်ဖြစ်လာ၏။မထေရ်ကြီး၏ ဝေယျာဝစ္စအ၀၀ကို လုပ်တော့ ငါကတကယ်လုပ်ကတာ။လုပ်လိုပြီးပြီးဆိုရင် သူ့ကပဲလုပ်သလို မျက်နှာလို မျက်နှာရ ငါထက်အရင် သွားသွားလျောက်ပြီး မျက်နှာယူတဲ့ကောင် တွေ့ကြသေးတာပေါ့ ဒီကောင်ကို ပညာတစ်ခုတစ်ခုတော့ ပေးမှရတော့မယ်လို့ တွေးပြီး တနေ့တွင် စောစောထကာ မီးတင်းကုပ်၌ ချိုးဖို့ရေနွေးကြို၏။ထိုရေနွေးကို ချိုးအိမ်အပြင်၌ ထားကာ တစ်မှုက်စာမျှသော ရေနွေးကို ချန်၍ မီးဖိုပေါ်၌ ထား၏။
နာမည်ကောင်းဝင်ယူလေ့ရှိသော ရဟန်းသည်လည်း အိပ်ယာမှ နိုးလေရာ မီးဖိုပေါ်၌ အငွေ့တစ်ထောင်းထောင်းထသော ရေနွေးအိုးကို မြင်၏။ ထိုကြောင့် မထေရ်မြတ်ထံသို့ လျင်မြန်စွာသွားကာ အရှင်မြတ်ဘုရား ရေချိုးလို့ ရပါပြီဟု လျောက်၏။မထေရ်မြတ်လည်း ထိုရဟန်းနှင့်အတူ လိုက်လာလေ၏။
ရေချိုးအိမ်သို့ရောက်လေလျင် နာမည်ကောင်းဝင်ယူလေ့ရှိသော ရဟန်းသည် ရေနွေးအိုထဲ ရေနွေးရှိသည်ဟု ထင်၍ ခပ်လေရာ အိုးထဲ၌ ရေနွေးမရှိ။ထိုကြောင့် အိုခင်း နှင့် မှုတ်တို့ ရိုက်ခက်မိ၍ တခေါက်ခေါက်နှင့် မြည်လေ၏။
ထိုအခါ၌ ရေနွေးတကယ် ကျိုသော ရဟန်းငယ်သည် ရေနွေးအိုးကို ယူလာ၍ မထေရ်အား ရေချိုးရန်ကပ်၏။မထေရ်သည် အကြောင်းစုံကိုသိရ၍ နာမည်ကောင်းယူတတ်သော ရဟန်း၏ လိမ်ညာမှုတို့သည် ဘူးပေါ်သလိုပေါ်လေ၏။
ညည့်သို့ရောက်လေလျင် အရှင်မဟာကဿပထေရ်သည် နာမည်ကောင်း ယူတတ်သော ရဟန်းအား ငါ့ရှင် ရဟန်းမည်သည် ကိုယ် တကယ်မလုပ်ဘဲ လုပ်တယ်လို့ မပြောကောင်ဘူး။ဟန်ဆောင်လိမ်ညာ၍ အလုပ်လုပ်ခြင်းသည် ခဏတာမျှ ကောင်းကျိုးရှိမည်။ရေရှည်မခိုင်မြဲနိုင်။ကိုယ့်ရဲ့ လိမ်ညာမှု ပေါ်သွားလျှင် အရှက်ကြီး ရှက်ရပြီ အရှုံးကြီးလည်း ရှုံးရတတ်တယ်။ထိုကြောင့် ကိုယ် မလုပ်ဘဲနှင့် လုပ်တယ်ဟု လိမ်မပြောသင့်။နောက်လည်း ဒီလို မလုပ်နဲ့ ဟု ဆုံးမလေ၏။ နာမည်ကောင်းယူတတ်သော ရဟန်းသည် မထေရ်ကြီးဆုံးမသည်ကို လက်မခံ အင်မတန်လည်း ဒေါသဖြစ်၏။
ဒီရဟန်းအိုကြီးက ကိုယ့်ကိုယ်တိုင်လည်း ဘာမှမလုပ်။သူ့များ လုပ်ပြီးသားဟာကိုလည်း အဆင်သင့် ချိုးသေး။စေတနာနဲ့ လာပြောတဲ့သူကိုလည်း အကောင်းမမြင်။ပြီးတော့ သြ၀ါဒကလည်း ပေးချင်သေး တွေ့ကြသေးတာပေါ့ ကိုယ်တော်ကြီးရာဟု ကြုံးဝါး၍ အငြိုးထားလေ၏။
နဂိုက မထေရ်ကြီးနှင့် ဆွမ်းခံအတူသွားလေ့ရှိ၏။ယခုတော့ မထေရ်ကြီးနှင့် ဆွမ်းခံအတူမလိုက် တစ်ပါးတည်းသာ ဆွမ်းခံဝင်၏။ မထေရ်ကြီး၏ ဒါယကာ ဒါယိကာမတို့က မေးလေလျှင် မထေရ်ကြီး ကျမ္မာရေး မကောင်း၍ ကျောင်း၌ နေရစ်ခဲ့သည်။ မည်သို့သော ဆွမ်းဟင်းကို မထေရ်မြတ်အတွက် အလိုရှိသည်ဟု ပြောကာ အလှူခံပြီး လမ်း၌ စားပစ်လိုက်၏။
နောက်တနေ့ မထေရ်မြတ် ထိုအိမ်သို့ ဆွမ်းခံကြွ၏။ဒါယကာတို့က အရှင်ဘုရား နေမကောင်းဘူးဆို သက်ကောသက်သာရဲ့လား။ အရှင်ဘုရား မှာလိုက်တဲ့ ဓာတ်စာကို မနေ့က ဟိုကိုယ်တော်လေးနဲ့ ထည့်ပေးလိုက်တယ်ဘုရား။အရှင်ဘုရား ခံတွင်းကော တွေ့ရဲ့လား ဘုရား စသည် စသည်ဖြင့် မေးလေ၏။
မထေရ်လည်း ဆိတ်ဆိတ်သာ နေလျက် ဆွမ်းခံပြီး ကျောင်းသို့ ပြန်လာလေ၏။ ကျောင်းသို့ရောက်လျင် ရဟန်းငယ်အား ခေါ်၍ မနေ့ကအကြောင်းကို ပြောပြ၍ နောက် ဤသို့ထပ်မလုပ်ရန်ဆုံးမ၏။
ရဟန်းငယ်လည်း ဆုံးမမှုကို လက်မခံပဲ ရှက်ရမ်း ရမ်းကာ မထေရ်ကို ရန်ငြိုးဖွဲ့၏။ နောက်တစ်နေ့ မထေရ်မြတ် ဆွမ်းခံဝင်လျှင် မထေရ်မြတ်၏ အသုံးအဆောင်းတို့ကို ထုခွဲရိုက်နှက်ကာ ကျောင်းကို မီးတိုက်၍ ထွက်ပြေးနေ၏။
ထိုမကောင်းမှုကြောင့် ရဟန်ငယ်သည် အသက်ရှင်လျက်ပင် ပြိတ္တာဖြစ်၍ ငတ်ငတ်ပျက်ပျက်နှင့် သေရ၏။သေလွန်သော် အဝေစီသို့ ရောက်ရ၏။
ထိုကြောင့် ဒေါသသည် မဖြစ်လေ ကောင်းလေဖြစ်၏။ ဒေါသသည် လိမ္မာယဉ်ကျေး နုတ်ချိုသောသူလား ကြမ်းတမ်းသောစကားကို ပြောစေ၏။ထိုနောက် ကြမ်းတမ်းသော ကိုယ်အမူအရာကို ဖြစ်စေ၍ အေးချမ်းသော ဘ၀ကို အမှောင်ဖုံးစေ၏။ထိုကြောင့် ဒေါသကို မဖြစ်အောင် ရှောင်ကြဉ်သင့် ထိန်းသိမ့်သင့်၏။
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။