ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်မှ နဂ္ဂဇိမင်း။ နန်းပြသာဒ်မှ ရပ်၍ ကြည့်နေလေသည်။ နံသာသွေးနေသော မိန်းကလေးတစ်ယောက်။သူရဲ့ လက်တစ်ဖက် တစ်ချက်စီမှာလည်း လက်ကောက်တစ်ခုစီဝတ်ထားပြီး မြင်သူငေးရတဲ့ အလှပိုင်ရှင်လေး။ ထိုကြောင့် မင်းကြီးလည်း ငေးကြည့်နေမိခြင်းဖြစ်လေသည်။
ထိုသို့ကြည့်နေစဉ် မိန်းခလေး ဘာစိတ်ကူးပေါက်သည် မသိ မိမိရဲ့လက်ယာလက်၌ရှိသော လက်ကောက်ကို ချွတ်ကာ လက်ဝဲလက်သို့ ပြောင်းလဲဝတ်ဆင်လေသည်။ ထိုနောက် နံ့သာဆက်သွေးလေ၏။
ထိုအခါ လက်ကောက်နှစ်ခု ဖြစ်လာ၍ ထိခိုက်ကြလေသည်။ အချင်းချင်း ထိခိုက်ကြ၍ အသံတို့သည်မြည်ကြလေ၏။ ဤအသံကို ကြားရသော မင်းကြီးသည် ကြီးစွာသော သံဝေဂကို ဖြစ်ကာ ဤသို့တွေး၏။
လက်ကောက်တို့သည် တစ်ခုစီရှိတုန်းက ထိခိုက်မှုမရှိ၍ အသံမမည်ကုန်။နှစ်ခုပေါင်းလိုက်သောအခါ အချင်းချင်းထိခိုက်၍ အသံမည်ကုန်၏။ထိုအတူ သတ္တ၀ါတို့သည် တစ်ယောက်တည်းနေလျှင် မထိ။နှစ်ယောက်သုံးယောက်နေလျှင် ထိကြ၏။ရန်ဖြစ်ကြ၏။
ငါသည် ဂန္ဓာရတိုင်းမှ နှစ်ပြည်ထောင်ကို စီရင်ရသည်။တကယ်တော့ သူ့တစ်ပါးကို မစီရင်သင့် ကိုယ့်ကိုယ်သာ စီရင်သင့်သည်ဟု ဆင်ခြင်တွေးမိကာ နံသာသွေးသော လက်ကောက်သံကို အာရုံပြု၍ လက္ခဏာရေး သုံးပါးတင်ကာ ၀ိပဿနာပွားရင်း ပစ္စေကဗုဒ္ဓအဖြစ်သို့ရောက်လေသည်။
တကယ်တော့ အပေါင်းအသင်း မိတ်ဆွေဆိုတာ ဘ၀အဆင်ပြေတုန်း သာယာမှုလေးနဲ့အဖော်ပြုပေးကြတာများပါတယ်။ ဘယ်လောက်ပဲချစ်တယ်လို ဆိုဆို ကိုယ့်သေရင်လိုက်သေမယ့်သူတော့မရှိပါဘူး။ ဘယ်လိုပဲပြောပြောပါ မိတ်ဆွေမရှိပဲနဲ့လည်း လောကကြီးမှာ အသက်မွေးဝမ်းကြောင်းပြုဖို့ မလွယ်ကူပါဘူး။ဒါကြောင့် မိတ်ဆွေဆိုသာရှိသင့်ပါတယ်။
ဒါပေမယ့် ခဏတာအားကိုးရမယ့် မိတ်ဆွေနှင့် ထာဝရအားကိုးရမယ့် မိတ်ဆွေကို ခွဲခြားတတ်ဖို လိုပါလိမ့်မယ်။ခဏတာအာကိုးရတဲ့မိတ်ဆွေဆိုတာ ပစ္စည်းဥစ္စာဆွေးမျိုးမိဘ ရာထူးဂုဏ်သိရ်တွေပါ။မသေခင်သာအသုံးဝင်ပြီး သေရင်တော့ယူသွားလို့မရတဲ့အရာတွေ။ဒါကြောင့်လည်း ခဏတာ မိတ်ဆွေလို့ဆိုရခြင်းဖြစ်ပါတယ်။
ထာဝရမိတ်ဆွေဆိုတာကတော့ မိမိတို့ပွားများအားထုတ်ထားတဲ့ဒါန သီလ ဘာဝနာတရားတွေပဲ ဖြစ်ပါတယ်။မသေခင်လည်း အသုံးဝင်သလို သေသွားတော့လည်း အရိပ်လိုလိုက်ကာ ကောင်းကျိုးပေးနိုင်တဲ့တရားတွေဖြစ်ပါတယ်။ ထိုကြောင့် ဓမ္မကို အဖော်ပြုပါ ထာဝရငြိမ်းချမ်းမှုကို ရပါလိမ့်မယ်။
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။