တခါက ဟိမ၀န္တာတောကြီးထဲ၌ ရသေ့ငါးရာ နေထိုင်ကြပြီး ဘုရားလောင်းဟာ သူတို့အား လုံးရဲ့ ခေါင်းဆောင်ဆရာဖြစ်ပါတယ်။
တနေ့ အားအင် ချိနှဲ့ ဖျောတော့သောရောဂါရှိတဲ့ ရသေ့တစ်ပါး ထင်းခွဲနေရာ အနားသို့ အင်မတန် လျှာရှည် အရစ်တက်တတ်သော ရသေ့တစ်ပါးရောက်လာပြီး ဟိုနေရာလေးပေါက်လိုက် ဒီနေရာပေါက်လိုက် စသည်ဖြင့် နားမခံနိုင်အောင် တတွက်တွက် လာပြီးဆရာလာလုပ်လေသည်။
ထင်းခွဲနေတဲ့ရသေ့လည်း ကျမ္မာရေးမကောင်းလို အားကလည်းမရှိ ထင်းကလည်း မကွဲနိုင် မောကလည်းမော ဒီကြားထဲ ဒီရသေ့စုတ်က လျှာလာရှည်သေး။ဒီကောင်တော့ သေပြီသာမှတ်ဆိုပြီး လျှာရှည်တဲ့ ရသေ့ရဲ့ ဦးခေါင်းကို ပုစိန်နှင့် ခုတ်လိုက်လေရာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေလေ၏။
ဘုရားလောင်းရသေ့လည်း ထိုရသေ့၏အလောင်းကို သင်္ဂြိုလ်စေ၏။
ထိုအခါ ဘုရားလောင်းရသေ့သည် ထိုအဖြစ်နှစ်ခုကို ပေါင်းစပ်၍
ပါးစပ်ကို စောင့်ရှောက်ကုန်လော့ဟု ဆုံးမလေး၏။
တနေ့တော့ ပျက်စီးရမည့် အနတ္တတရားတွေသာ ဖြစ်ချေ၏။
မကြာမီပင် ကျောင်းအနီးတောင်ပို့ ခြေရင်း၌ နေသော ခါတစ်ကောင်သည် နံနက်တိုင်း တောင်ပို့ထိပ်၌ ရပ်လျက် ကျယ်လောင်စွာတွန်၏။ထိုအသံကို ကြား၍ မုဆိုးတစ်ယောက်သည် အသံကြားရာသို့ လာကာ ခါကို သတ်၍ ယူဆောင်သွားလေ၏။
ဘုရားလောင်းရသေ့လည်း ခါတွန်သံကို မကြားရ၍ ခါအဘယ်သို့ ပျံသွားသနည်းဟု မေးလေ၏။
ရသေ့တို့ကလည်း ခါတွန်သံကို မုဆိုးကြား၍ လာရောက်သတ်သွားကြောင်းပြောပြ၏။
ရသေ့တို့ ခါသည် တွန်သင့်သည်ထက် ပို၍တွန်သောကြောင့် အသတ်ခံရ၏။ဤရသေ့သည်လည်း ပြောသင့်သည်ထက် ပို၍ပြောခြင်းကြောင့် အသတ်ခံရ၏။
ထိုအတူ ပါးစပ်ကို မဆင်ခြင်ပဲ ပရမ်းပတာပြောသောသူတို့သည် ဤမုဆိုးနှင့် ခါ သေသလို သေကြလိမ့်မည်။ ဒါကြောင့် ပါးစပ်ကို စောင့်ထိန်းကြ။ပါးစပ်ကို စောင့်ရှောက်သော သူသည် ကောင်းကျိုးချမ်းသာကို ရ၍ မစောင့်ရှောက်သောသူတို့သည် ဤသို့အသေဆိုးဖြင့် သေခြင်းမျိုးနှင့် ကြုံရ လိမ့်မည်။
ထိုဇာတ်လမ်းနှင့် ဥပမာအတိုင်း ပါးစပ်ကို မစောင့်ရှောက်သောသူတို့သည် အတိတ်တုန်းကလည်း သေခဲ့ကြ၏။ယခုလည်း သေနေကြ၏။အနာဂါတ်လည်း သေကြအုံးမည်းဖြစ်၏။ ထိုကြောင့်လည်း ပါးစမ်မှာဓါး သတိထား စသည်ဖြင့် ရှေပညာရှိတို့က စကားပုံအမြောက်အများထားခဲ့ခြင်းဖြစ်လေ၏။
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။