အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, December 3, 2015

သူတို့ကို ကျေးဇူးတင်ပါ

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

ပြီးတော့ ခေါင်းငုံထားပါ။ ခေါင်ငုံ့ခြင်းသည်အရှုံးပေးခြင်းမဟုတ်ဘဲ မထင်မှတ်ဘဲ ဘ၀ကို ပိုပြီးတောက်ပြောင်စေပါတယ်

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"ဒီနယ်မှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

ထို့ကြောင့် ------------

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။

ပြီးတော့ သင် ခေါင်းငုံ့ထားလိုက်ပါ။ ဒီလောကကြီးက သင့်အတွက်ဖြစ်လာမှာပါ။

Credit- ၀င်းသု

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.