လောကကို ချစ်ခြင်းကင်းတဲ့ မျက်စိနဲ့ ကြည့်မိတဲ့အခါ စိတ်ပင်ပန်းတာတွေ ကြုံတွေ့ ရတတ်တယ်။ ချစ်သောမျက်စိနဲ့ 
ကြည့်လိုက်တဲ့အခါ အရာတိုင်းဟာ လှနေမှာ ဖြစ်ပါတယ်။ အကျိုးသင့်၊ အကြောင်းသင့်ကို တွက်ဆပြီး ကြည့်သလို
မျိုးပေါ့။
မိမိအလုပ်အပေါ် ထင်ယောင်ထင်မှားဖြစ်တတ်တာ မကောင်းသလို၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ထင်
ယောင်ထင်မှား ဖြစ်တတ်ခြင်းဟာ မကောင်းပါဘူး။ သံသယများရင် လုပ်သမျှလည်း မအောင်မြင်နိုင်ပါဘူး။
ထင်ကြေးဟာ သိပ်အန္တရာယ်ကြီးပါတယ်။ အထင်ကို အမြင်နဲ့  ပေါင်းစပ်နိုင်မှ လုံလောက်တဲ့ အတွေးတစ်ခု ဖြစ်လာ
မှာပေါ့။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်လည်း အရာတိုင်းကို ယုံကြည်မှု ထားလိုက်တာ အကောင်းဆုံးပါပဲ။
သူတစ်ပါးကို မယုံကြည်နိုင်တဲ့သူတွေ စိတ္တသတ္တိနည်းလို့ ဖြစ်ပြီး၊ မိမိကိုယ်ကို မယုံကြည်နိုင်ရင်တော့ စာရိတ္တသတ္တိပါ
ထပ်နည်းသွားပါပြီ။ သူများဘာလုပ်လုပ်၊ ဘာပြောပြော မယုံကြည်တော့ဘူး။ သူတပါးကို အကောင်းမမြင်နိုင်ရင် ပတ်
ဝန်းကျင်ဆိုတာနဲ့ နေလို ရမှာ မဟုတ်ပါ။
ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း မယုံကြည်နိုင်တော့ဘူး။ လူရှေ့ စကားထွက်ပြောရမှာလည်း ကြောက်သွားပါလိမ့်မယ်။
စိတ်မှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းဟာ လူတစ်ယောက်ကို ပျော့ညံ့သွားစေပါတယ်။ နောက်ဆုံး သိမ်ငယ်သွားစေ
တဲ့ထိ ဖြစ်နိုင်တယ်ဆိုတာ သိထားရမှာပါ။
True Man
(စာအုပ်မြို့တော် pageမှ)
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။