အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Tuesday, December 1, 2015

ကာမတရား

ကာမဂုဏ်ဟူသည် ဆားငံရေနှင့် တူချေ၏။ဆာငံရေသည် ရေဆာနေသောသူအား ရေငတ်မပြေနိုင်သလို သောက်လေသောက်လေ ပို၍ဆာလောင်မှုကို ဖြစ်စေ၏။ထိုအတူ ကာမတရားတို့သည်လည်း လိုချင်လို့ရှာဖွေ ။ရှာဖွေလို့ရရှိ။ရရှိတော့ ဆက်လိုချင်နှင့် မဆုံးနိုင်သော သံသရာဒုက္ခကို ပေးလေ၏။ ထိုကြောင့်လည်း မဃဒေ၀ဆရာတော်ကြီးက ကာမရောဂါ ကိုယ်တွင်းနာက ကုရာနတ္တိ ဆေးမရှိပေ။မိမိပညာ အနှစ်သာလျှင် မသြသဓ ဆေးမည်စွဟု ဆိုခဲ့ခြင်းဖြစ်လေ၏။
--------------------------------------
တခါက ဥတ္တရပဉ္စာလတိုင်း ကပိလမြို့မှာရှိတဲ့ ဒုမ္မုခမင်း။ နံနက်စာ စားပြီး လေသာပြတင်းပေါက်မှာ ရပ်ကြည်နေရာ နွားခြံကို ဖွင့်ခိုက်နှင့် ကြုံလေ၏။ ထိုအခိုက် နွားခြံမှ နွာထီးတို့သည် နွားမတစ်ကောင်နောက် ၀ိုင်းအုံ၍ လိုက်ကြလေ၏။ထိုသို့လိုက်ကြလေရာမှ ဦးချိုကားကား နွားထီးတစ်ကောင်သည် အခြားနွာထီးတစ်ကောင်၏ ပေါင်ကြားသို့ ဝှေ့လေရာ ထိုနေရာ၌ပင် အူထွက်၍ ပွဲခြင်းပြီးသေလေ၏။ ထိုအဖြစ်ကို ကြည့်နေသော မင်းကြီး ကြီးစွာ တုန်လှုပ်ခြောက်ခြား၏။ဤသို့လည်းတွေလေ၏။ သတ္တ၀ါတို့သည် ကိလေသာကြောင့် ဆင်းရဲရ၏။ သတ္တ၀ါတို့သည် ကိလေသာကြောင့်တုန်လှုပ် ရ၏။ ငါသည် ကိလေသာကို မပေါင်းသင်းအပ်  မပေါင်းထိုက်ပေ။ပယ်သင့် ပယ်ထိုက်၏။ထိုကြောင့် ယနေ့ကစ၍ ဓမ္မကိုသာ အဖော်ပြုတော့မည်။ကိလေသာသည် စိတ်ကို ဆင်းရဲစေ၏။ဓမ္မသည် စိတ်ကို ချမ်းသာစေ၏။ဤသို့တွေးတော၍ ၀ိပဿနာတရားပွားများလေရာ တဏအတွင်ပင် ပစ္စေကဗောဓိဉာဏ်ကို ရ၍ ပစ္စေကဗုဒ္ဓ အဖြစ်သို့ရောက်လေသည်။ ထိုကြောင့် ကာမတရားတို့သည် ပူလောင်မှုကိုဖြစ်စေ၏။အခိုက်မသင့်လျှင် အသက်ကိုပါရန်ရှာကြ၏။ကာမကြောင့်ဖြစ်တဲ့သုခထက် ဒုက္ခကပိုများလေ၏။ထိုကြောင့်ပင် ဗုဒ္ဓဘုရားက ကာမတရားကို ဓါးသွားပေါ်က ပျားရည်စက်လို့ ဆိုခဲ့ခြင်းဖြစ်ချေ၏။

အရှင်တေဇိန္ဒ ဒိုက်ဦး

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

1 comments:

  1. ကာမဂုဏ်ဆိုတာကို လူအများက Sexualကိစ္စတစ်ခုထဲကိုပဲထင်နေကြတဲ့ အပေါ်မှာ အရှင်ဘုရား ဘယ်လိုပြန်လည်မိန့်ကြားချင်ပါသလဲဘုရား

    ReplyDelete

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.