သာဝတ္ထိပြည်၌ ပန်းစိုက်ကာ ပန်းရောင်း၍ အသက်မွေးသော ပန်းသည်ကြီးတစ်ဦးရှိလေသည်။သူ့၌ အလွန်တင့်တယ် လှပပြီး ဉာဏ်ပညာထက်မြတ်သော မလ္လိကာအမည်ရှိ သမီးတစ်ယောက်လည်းရှိသည်။
တနေ့ ၁၆-နှစ်အရွယ်သို့ရောက်သော မလ္လိကာသည် အဖော်မိန်းမပျိုတို့နှင့်ဥယျာဉ်တော်သို့ပန်းခူးထွက်လေရာ လမ်း၌စားသောက်ရန်အတွက် မုယောမုန့်သုံးဆုပ်ကို တောင်းထဲထည့်၍ ယူလာခဲ့လေ၏။
မလ္လိကာတို့သူငယ်ချင်းတစ်စု မြို့အပြင်သို့ရောက်လေလျှင် မြတ်စွာဘုရားသည် သံဃာတော်အပေါင်းခြံရံလျက် ဆွမ်းခံဝင်သည်နှင့် ကြုံကြိုက်၏။
မလ္လိကာသည် မြတ်စွာဘုရားနှင့်သံဃာတော်အပေါင်ကို ဖူးမြင်ရသောကြောင့် ကြည်ညိုသဒ္ဓါပွားများကာ တောင်းထဲအသင့်ပါလာသော မုယောမုန့်သုံးဆုပ်ကို ဘုရားအမှုရှိသော သံဃာတော်အပေါင်းအားရိုသေစွာလှူ ဒါန်း၍ ၀မ်းမြောက်ရွှင်လန်းကာ ဘုရားရှင်၏ ခြေတော်အစုံတို့ကို ရှိခိုးဦးချကန်တော့လေ၏။
ထို အခိုက်ဘုရားရှင်သည် အလှူရှင်မလေး မလ္လိကာကို ကြည့်ကာ ပြုံးတော်မူ၏။
အကြောင်သည်ရှိ၏။ဘုရားရှင်တို့မည်သည် အကြောင်းမဲ့သက်သက် ပြုံးတော်မမူကုန်။အကြောင်းရှိ၍သာ ပြုံးတော်မူခြင်းဖြစ်၏။ ဤအေ ကြာင်းကို သိသော အရှင်အာနန္ဒာသည် ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျောက်လေ၏။
အာနန္ဒာ ဤဒါယိကာမလေးသည် မုယောမုန့်ဆုပ် လှူရသော ကုသိုလ်ကံကြောင့် ယနေ့ပင် ကောသလဘုရင်၏ မိဖုရားကြီးဖြစ်ပေလိမ့်မည်လို ဗျာဒိတ်စကားကြားတော်မူပါတယ်။
ထိုနေ့တွင်ပင် ကောသလမင်းကြီးလည်း အဇာတသတ်မင်းနှင့် စစ်ထိုးလေရာ စစ်ရှုံး၍ မြင်းတစ်စီးဖြင့် ခြေဦးတည့်ရာသို့ ထွက်ပြေးရလေသည်။ထိုသို့ပြေးရင်းဖြင့် မလ္လိကာတို့ ပန်းခူး၍ သီချင်းသီဆိုနေရာ ချုံအနီးသို့ရောက်လာလေလျင် မလ္လိကာ၏ သီချင်းသံကို ကြားရ၏။ ဤအသံသည် ကြည်လင်း၏။ချိုမြ၏။ဤအသံရှင်သည် အဘယ်သူနည်း။ဒီလောက်ချိုမြသော အသံရှင်သည် ဘယ်လောက်လှလိုက်လေမည်နည်း။ဤသို့တွေးတောကာ အသံရှင်ရှိရာသို့ မြင်းစီး၍ပင် ၀င်လာလေ၏။ မလ္လိကာသည် မကြောက်မရွံပေ။မိမိထံတည့်တည့်လာသော မြင်းနှင့်လူကို တည့်တည့်ပင် စိုက်ကြည့်ကာ မြင်၏နှာခေါင်းကို ဆီး ကြို၍ ကိုင်းလိုက်လေ၏။
မလ္လိကာသည် ဘုန်းရှင် ကံရှင်ဖြစ်၏။ကုသိုလ်ရှင် ဖြစ်၏။ထိုကြောင့်ပင် ကောသလမင်းကြီးသည် မြင်မြင်ချင်း ချစ်ခင်မိ၍ နှမနာမည် ဘယ်လိုခေါ်သနည်း ပိုင်ရှင်ကောရှိသလားလို့ မေးခွန်းတွေတို့ကို ဆက်ခါဆက်ခါမေးလိုက်လေသည်။ မလ္လိကာလည်း မိမိနာမည် မလ္လိကာဖြစ်၍ ပိုင်ရှင်မရှိကြောင်း လျောက်ထား၏။ထိုနောက် မင်းကြီးလည်း မြင်းပေါ်မှဆင်းကာ မလ္လိကာ ရင်ခွင်၌ အပန်းဖြေ၍ နေလေသည်။ ထိုနောက်ညနေစောင်းသော် မလ္လိကာကို မြင်းပေါ်တင်ကာ မိဘအိမ်သို့ပို၍ ညဉ့်ရောက်သော် ရထားဖြင့် နန်းတော်သို့ ယူဆောင်ကာ မိဖုရားကြီးမြှောက်လေသည်။
ဤကား ကောင်းမှု၏ အကျိုးတည်။ သာမာန်အားဖြင့်ကြည်လျှင် မုယော မုန့်သုံးဆုပ်သည် လွန်စွာနည်းပါးလှ၏။သို့သော် သူ၏နှလုံးသားထဲ၌ ရှိသော ကုသိုလ်သဒ္ဓါသည်က ကြီးမားလှ၏။နာမည်ကြီးချင် အထင်ကြီးခံချင် အခွင့်အရေးလိုချင်၍ လှူခြင်းမဟုတ်။ကံ ကံ၏အကျိုးကို ယုံကြည်သော အရောင်းမဆိုးသော သဒ္ဓါဖြစ်သာ လှူခြင်းဖြစ်၏။ထိုကြောင့်လည်း အကျိုးသည်ကြီးလေခြင်း ဖြစ်၏။
0 comments:
Post a Comment
အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။