အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, December 19, 2015

အတွေးမှတ်စုများ-၃

ရုပ်လှချင်ရင် စိတ်ချမ်းသာဖို့လိုတယ်
**********************
စိတ်ထောင်းတော့ကိုယ်ကျေ စိတ်ပျိုတော့ ကိုယ်နုတဲ့မြန်မာစကားပုံလေးပါ။ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးကြောင့် ဖြစ်ပျက်နေတာလို အဘိဓမ္မာဒေသနာတွေမှာလည်းဟော
ထားတာရှိပါတယ်။လူတစ်ယောက်ရုပ်လှချင်ရင် စိတ်ချမ်းသာဖို့လိုပါတယ်။စိတ်ချမ်းသာဖို့ဆိုတာလည်း လောဘ ဒေါသ မောဟစတဲ့ကိလေသာတွေ နည်းနိုင်သမျှနည်းပြီး မရှိတော့မဖြစ်တော့ရင်ပိုပြီးချမ်းသာပါတယ်။ဒီကိလေသာတရားတွေ မိမိသန္တာန်မှာပြင်ထန်သောင်းကျန်နေတဲ့အချိန်ဟာ ကိုယ့်ရုပ် အဆိုးဆုံးအချိန်ပါပဲ။တကယ်တော့ မိမိတို့ပင်ကိုယ်စိတ်ကလေးဟာ ကြည်လင်နေတဲ့ရေတွေနဲ့တူပါတယ်။ကိလေသာတွေကတော့အနယ်မှုန်ဒိုက်သလိုက်တွေနဲ့တူပါတယ်။ကန်ထဲမှာရေကြည်နေမယ်ဆိုရင် ရေအောက်မှာရှိတဲ့ကျောက်စရစ်တို့ အိုးချမ်းတို့အစရှိတဲ့အရာအာလုံးကိုမြင်နိုင်ပါတယ်။ဒါပေမဲ့ ရေထဲကိုအနယ်တွေအမှုန်တွေဒိုက်တွေကျပြီ ရေနောက်ကျိသွာရင်တော့ ရေအောက်မှရှိတဲ့ဘယ်အရာဝတ္တုကိုမှမြင်နိုင်တော့မှာမဟုတ်ပါဖူး။အနယ်မှုန်တွေဟာ ရေရဲ့ကြည်လင်မှုအလှတရားကိုပျက်စီးပြီး သန်ရှင်းတဲ့ရေကိုညစ်ညမ်းစေပါတယ်။ကိလေသာတရားတွေကလည်း စိတ်ရဲ့ကြည်လင်မှုကို ပျက်စီးကြီး ရုပ်ကိုလည်းအိုစာစေပါတယ်။

အရှင်တေဇိန္ဒ ဒိုက်ဦး

ပညာသင်တာ ဘာလုပ်ဖို့လဲ ?
******************
တနေ့သ၌ သူငယ်ချင်းတစ်ယောက် သတင်းစာတစ်စောင်ကို တောင်လှန်မြောက်လှန် လှန်နေတုန်း နာရေးကြော်ငြာရဲ့တနေရာအရောက်
ဘွဲတွေတသီတတန်းကြီးနဲ့ ပါမောက္ခတစ်ဦးရဲ့နာရေးကိုလည်းတွေရော
"ဟေ့ ဦတေဇိန္ဒ ဒီလူကြီး နောင်ဘ၀လူပြန်ဖြစ်ရင် တို့လိုပဲ ကကြီး ခခွေးကနေပြန်သင်ရမှာပဲဗျ။ တကယ်တော့ ဘွဲတွေရာထူဂုဏ်သိန်းတွေဆိုတာ အများအတွက်အကျိုးမပြုနိုင်ရင်အလကားပါပဲ။"
ဟုတ်ပါတယ် လူတွေပညာသင်တာ ရည်ရွယ်ချက်နှစ်ခုရှိရပါမယ်။ တစ်ခုကမိမိချမ်းသာဖို့ အတ္တဟိတအတွက်။နောက်တစ်ခုကကိုယ့်ပညာကိုအခြေပြုပြီး အများချမ်းသာဖို့ပရဟိတအတွက်။
ဒီရည်ရွယ်ချက်နှစ်ခုနဲ့သင်ယူပြီး
မိမိဘ၀အဆင်ပြေချမ်းသာအောင် သူတစ်ပါးတွေချမ်းသာအောင်ဆောင်ရွတ်မှသာလျှင် ပညာသင်တာကုသိုလ်လည်းဖြစ်တယ် ခဏတာဘ၀လေးမှာ အပင်ပန်းခံခဲတဲ့ ကိုယ့်ရဲ့ဝီရိယကလည်း အကျိုးရှိတဲ့ ၀ီရိယဖြစ်မှာပါ။ဒီလိုမှမဟုတ်ပဲ ပညာသင်တာ မာနကြီးဖို့ သူများအထင်ကြီးခံရဖို့ ကိုယ့်ပညာနဲ့သူတစ်ပါးကိုအနိုင်ကျင့်ဖို ဆိုရင်တော့ ကိုယ့်သန္တာန်မှာအကုသိုလ်လည်းဖြစ်တယ် ပြီတော့ ကိုယ့်အားထုတ်လိုက်တဲ့ဝီရိယကလည်း အချီးနှီးအားထုတ်လိုက်တဲ့နှမျောစရာဝီရိယပဲဖြစ်ပါလိမ့်မယ်။လောကီဘွဲ့တွေ ဒီဂရီတွေ စည်းစိမ်ဥစ္စာတွေဆိုတာ ဒီဘ၀ပဲသုံးလိုရတာပါ နောက်ဘ၀ကိုယူဆောင်သွားလိုမရပါဖူး။အဲဒီ သဘာဝသဘောတရာလေးးကိုဆင်ခြင်မိရင် ဘ၀မှာ ပညာတတ်လို ဥစ္စာပေါလို ရုပ်ချောလို စသည်ဖြင့် ဘ၀င့်မြင့်မာနကြီးစရာတွေ တစ်ပုံကြီးရှိနေပေမဲ့ ဘာမာနကြီးစရာမှ ရှိတော့မှာမဟုတ်ပါဖူး။အာလုံးအမြင်အမှန်သိ၍ မာန်မာနကင်းနိုင်ကြပါစေ။
အရှင်တေဇိန္ဒ ဒိုက်ဦး

(စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် လေ့ကျင့်ထားပါ)

လောကထဲမှာနေရင် လောကဓံဆိုတာတွေ့ကြမှာပါပဲ။ရှောင်လွဲလို့မရသလို ထွက်ပြေးလို့လည်းမရပါဘူး။လူတိုင်းရင်ဆိုင်ရမယ် ထိပ်တိုက်တွေ့ကြရမယ်။အဲဒီလိုထိပ်တိုက်တွေ့ကြတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ဟာ ကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။စိတ်ဓာတ်ကြံ့ခိုင်မှုမရှိပဲ ပျော့ညံနေမယ်ဆိုရင် အကောင်းလောကဓံတွေနဲ့တွေ့တဲ့အခါ အောက်ခြေလွတ် ဘ၀င်မြင့်ပြီး မိုးမမြင်လေမမြင်ဖြစ်တက်သလို အဆိုးလောကဓံတွေနဲ့တွေ့ကြုံတဲ့အခါမှာတော့ စိတ်ဓာတ်အကြီးအကျယ်ပျက်ပြားပြီးတော့ ဘ၀ကိုအရှုံးပေးတက်ပါတယ်။ဒါကြောင့်လူတိုင်းလူတိုင်းလောကဓံတွေနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် မတွေ့ခင်မကြုံခင်မှာ မိမိစိတ်ဓာတ်ကို ကြံ့ခိုင်မှုရှိအောင်လေ့ကျင့်ထားသင့်ပါတယ်။အကောင်းဆုံးလေ့ကျင့်မှုဟာအောင်မြင်ခြင်းရဲလမ်းအစပါလိုဆိုတဲ့အတိုင် လောကမှာစိတ်ကြံ့ခိုင်ဖို့အတွက် လေ့ကျင့်မှုများစွာရှိပါတယ်။ဥပမာ-တရားဘာဝနာရှု့မှတ်ပွားများခြင်း မရဏာနုဿတိဘာဝနာကိုစည်းဖြန်းခြင်း မေတ္တာဘာဝနာပွားများခြင်း စိတ်ဓာတ်မြှင့်တင်ရေးစာအုပ်စာပေများဖတ်ရှုခြင်းစသည်ဖြင့် များစွာရှိကြပါတယ်။အဲဒီထဲကတခုခုဖြင့်မိမိစိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်လေ့ကျင့်ထားပါ။ဒါဆိုရင်ဘယ်လိုလောကဓံနဲ့ပဲတွေ့တွေ့
မတုန်မလှုပ်တည်တံ့နိုင်မှာဖြစ်ပါတယ်။

မေတ္တာဖြင့်
အရှင်တေဇိန္ဒ ဒိုက်ဦး

သူ ငါ မဟုတ် နာမ်နှင့်ရုပ်
****************
လူတွေဟာ မောင်ဖြူမောင်နီစသည်ဖြင့် နာမည်အမျိုးမျိုး ပုံစံအထွေထွေရှိပေမယ့် လူတိုင်းလူတိုင်းသတ္တ၀ါတိုင်းသတ္တ၀ါတိုင်းရဲ့ကိုယ်ထဲမှာထင်းရှားရှိနေတာကတော့ ရုပ်နဲ့နာမ်ပဲဖြစ်ပါတယ်။ရုပ်တရားဆိုတာ ဘာလဲဆိုလို့ရှိယင် ကိုယ်အကောင်းအထည်ကြီးအလိုက်ယခုထင်ရှားတွေ့နေရတာဟာ ရုပ်တရားတွေပါပဲ။သူတို့ကိုအမည်အသီးသီးနဲ့ခွဲပြောမယ်ဆိုရင် ပထ၀ီဓာတ် အာပေါဓာတ် တေဇောဓာတ် ၀ါယောဓာတ် စက္ခုဓာတ် ရူပဓာတ်စသည်ဖြင့်(၂၈)ပါးတောင်ရှိပါတယ်။ဒါပေမယ့် လိုရင်းအတိုချုပ်လိုက်ရင်တော့ တစ်ကိုယ်လုံးတစ်ကောင်လုံးအထည်ဝတ္ထုကြီးအနေနဲ့ထင်ရှားတွေ့နေရတာတွေဟာ ရုပ်တရားတွေပါပဲ။ဥပမာ-ဆန်မှုန့်အသေးအမွှားကလေးတွေကို ရေနဲ့ရောစပ်ပြီးနယ်လိုက်တော့ အတုံးအခဲကြီးဖြစ်လာသလိုပါပဲ။ဒီရုပ်တရားကြီးဟာ ရုပ်အသေးအမွှားလေးတွေအများကြီးနဲ့ဖွဲစည်းထားတဲ့ရုပ်တုံးရုပ်ခဲကြီးဖြစ်ပေမဲ့ အအေးအပူစတဲ့ဆန်ကျင်ဘက် အကြောင်းတရားတွေနဲ့တွေရင်ဖောက်ပြန်တတ်လို ပါဠိလို ရူပ မြန်မာလို ရုပ်လိုခေါ်ပါတယ်။အဘိဓမ္မာဒေသနာတွေမှာ ရုပ်ဆိုတာ အာရုံကိုမသိတတ်တဲ့တရားလိုတိုက်ရိုက်ပြထားပါတယ်။လူသေကောင်မှာရှိတဲ့ရုပ်ပဲဖြစ်ဖြစ် လူရှင်မှာရှိတဲ့ရုပ်ပဲဖြစ်ဖြစ် ဘယ်ရုပ်မှ အာရုံကို မသိနိုင်ပါဖူး။လူတွေဟာ သေသွားမှ ရုပ်ဆိုတာ အာရုံကိုမသိတတ်တာပဲလို ဒီလိုထင်နေတတ်ကြပါတယ်။ဒါပေမယ့် ထင်တဲ့အတိုင်းမဟုတ်ပါဘူး။လူသေဖြစ်ဖြစ် လူအရှင်ပဲဖြစ်ဖြစ်ရုပ်ဆိုတာ သူသဘောသက်သက်ဆိုရင် အသေအတိုင်းလှုပ်တောင်မလှုပ်နိုင်ပါဘူး။ဒါဖြင့်ယခုသိသိနေတာ ဘာတုံးလိုမေးမယ်ဆိုရင် ရုပ်ကိုမှီပြီးဖြစ်နေတဲ့နာမ်တရားလေးပါပဲ။နာမ်ဆိုတာအသိတရားပါ။တနည်းစိတ်လိုလဲခေါ်ပါတယ်။အဲဒီအသိတရား နာမ်းတရား စိတ်တရားကလေးဟာ ရုပ်ကိုမှီပြီးဖြစ်နေပါတယ်။ဘယ်လိုလဲဆိုရင် မျက်စိရုပ်ကိုမှီပြီးမြင်သိမှု နားရုပ်ကိုမှီပြီးကြားသိမှု နှာခေါင်းရုပ်ကိုမှီပြီးတော့နံသိမှု လျှာရုပ်ကိုမှီပြီးအရသာသိမှု ကိုယ်ရုပ်ကိုမှီပြီးအတွေ့အထိအသိကလေးတွေဖြစ်နေတယ်။ဒါပေမယ့်ပကတိလူတွေထင်မှတ်နေတာကတော့ မြင်တယ်ဆိုရင် မျက်စိကပဲ မြင်သွားတယ် ။မြင်တာနဲ့မျက်စိဟာအတူတူပဲလို့ ထင်နေတတ်ကြတယ်။ပြီးတော့မြင်တာ ငါပဲ ငါကပဲမြင်သွားတယ် မျက်စိရောမြင်တာရော ငါတစ်ယောက်တည်ပဲလို ဒီလိုထင်နေကြတယ်။အမှန်ကဒီလိုမဟုတ်ဘူး။မျက်စိကတခြား မြင်သိတာလေးကတခြားပဲ။ငါကောင်ရယ်လိုမရှိဘူး။မျက်စိရုပ်ကိုမှီပြီး မြင်သိသွားတာကလေးပဲရှိတယ်။ဥပမာဆိုပါစို့-အခန်းထဲမှာရှိနေတဲ့လူက ပြတင်းပေါက်ကိုဖွင့်ပြီးကြည့်လိုက်ရင် အခန်းအပြင်ဘက်က အရာဝတ္ထုတွေကို အများကြီးပဲမြင်သွားတယ်။ဒီလိုမြင်တာဟာ ဘယ်သူကမြင်တာလဲ ပြတင်းပေါက်ကမြင်တာလား လူကမြင်တာလားဆိုလို့ရှိရင် ပြတင်ပေါက်ကတော့ ဘယ်မြင်တတ်မလဲ။လူကမြင်သွားတာပါပဲ။ဒါပေမယ့်လို့ ပြတင်းပေါက်မရှိရင် လူကအဲဒီအပြင်ကဟာတွေကိုမမြင်နိုင်ဘူး။
ပြတင်ပေါက်ရှိမှ ပြတင်ပေါက်ကနေကြည့်မှ အပြင်ကဟာတွေကိုမြင်နိုင်တယ်။အပေါက်မရှိတဲ့ နံရံပိတ်ကာထားခဲ့တဲ့နေရာကနေပြီးကြည့်လို့တော့အပြင်ကဟာတွေကို မမြင်နိုင်ဘူး။အဲဒီလိုပါပဲ။မြင်တာဟာ မျက်စိနဲ့တစ်ခြားစီပါပဲ။
မျက်စိကမြင်တာမဟုတ်ဘူး။
သို့ပေမယ့် မျက်စိရှိမှပဲ မြင်သိမှုကဖြစ်နိုင်တယ်။မျက်စိရုပ်ကို မှီပြီးတော့မှ မြင်သိကလေးကဖြစ်တယ်။(ကျန်နားနှာလျှာကိုယ်တို့ကိုလည်းဒီဥပမာတိုင်းနားလည်ပါ)
(မဟာစည်ဆရာတော်ကြီး၏၀ိပဿနာအလုပ်ပေးတရားတော်မှ တချိုကိုပြင်ဆင်ကောက်နုတ်၍ရေးခြင်းဖြစ်ပါသည်)
အရှင်တေဇိန္ဒ ဒိုက်ဦး

မာနလေးတွေ လျော့စေချင်
*******************
“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်မှာပါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားလေးတွေကြာရတော့လည်း စဉ်စားမိပါတယ် တစ်ယောက်နဲ့တစ်ယောက်ဒီလိုမာနလေးတွေကိုင်နေကြမယ်ဆိုရင် ငြိမ်းအေးဖို့ စိတ်ချမ်းသာဖို့အတွက်ရင်လေးစရာပဲ။ခေါ်ချင်ရက်နဲ့မာနကြောင့်မခေါ်နိုင် ပြောချင်ရက်နဲ့မာနကြောင့်မပြောနိုင် ကျွေးခြင်ရက်နဲ့မာနကြောင့်မကျွေးနိုင် ဒီလိုဒီလိုနဲ့ချစ်လျက်နဲ့မုန်းဟောင်ဆောင်ပြီးမာနကလူကိုပူပန်စေတယ်။တခါတခါမာနကြောင့်အမှားကိုအမှားမှန်းသိပေမယ့် ဇွတ်မှိတ်နေခဲ့ရတာတွေလည်းရှိသေး။မာနကသူတော်ကောင်းတွေကိုပြစ်မှားတတ်သလို အပါယ်သွားမဲ့လမ်းကြောင့်လည်းဖြစ်တယ်။နိဗ္ဗာန်နဲ့ဝေးရာဖြစ်သလို ယုတ်နိမ့်ခြင်းရဲ့အကြောင်းလည်းဖြစ်တယ်။
ဒါကြောင့်ပဲဘုရာကမာနကို ကိလေသာထဲမှာထည့်ဟောခဲ့တာပေါ့။ပူပန်စေတတ် နှိပ်စက်တက်တယ်တဲ့။
အရှင်တေဇိန္ဒ ဒိုက်ဦး

စကားကိုဘယ်လိုပြောမလဲ
**************************
စကားလုံးတွေဟာ လူတစ်ယောက်ကို အအောင်မြင်ဆုံးလူသားတစ်ယောက်အဖြစ်ပြောင်းလဲပေးနိုင်သလို သေသည်အထိလည်းဒုက္ခပေးနိုင်ပါတယ်။လူလောကထဲမှာနေရင် ပေါင်းသင်းဆက်ဆံရေးမရှိပဲနဲ့လည်းနေလိုမရပါဖူး။စီးပွားရေလူမှုဘာသာရေးအမျိုးမျိုးသောကိစ္စတွေနဲ့ပြောနေရမှာပဲ။ဒါကြောင့်စကားကို အပြစ်ကင်းပြီးအကျိုးရှိအောင်ပြောတတ်ဖို့လိုပါလိမ့်မယ်။မြတ်စွာဘုရားရှင်ကတော့ လူသားအာလုံးကို အကျိုးရှိတဲ့စကားပြောနည်းတွေကိုသင်ပေးထားပါတယ်။အဲဒါတွေကတော့
၁။ပြောချိန် ပြောခွင့်သင့်မှ ပြောရမယ်။ ၂။ဟုတ်မှန်သောစကားကိုသာ ပြောရမယ်။
၃။တရားနှင့်စပ်သည်ကိုသာ ပြောရမယ်။
၎။အကျိုးစီးပွားနှင့်စပ်သည်ကိုသာ ပြောရမယ်။
၅။ချစ်ဖွယ်စကားကိုသာ ပြောရမယ်။
၆။ပြုံးရွှင်မှုရှေ့ထား၍ ပြောကြားရမယ်။
၇။မတိုမရှည် မပိုမလွန် ခြင့်ချိန်ပြောရမယ်။
၈။အဆောတလျင်မပြောရ။
၉။ချိုချိုသာသာယဉ်ယဉ်ကျေးကျေးပြောရမယ်။
၁၀။သန့်ရှင့်သေချာ တိကျပြတ်သားစွာ ပြောဆိုရမယ်တဲ့။

အရှင်တေဇိန္ဒ ဒိုက်ဦး

အပ္ပမာဒေန သမ္မာဒေထ
***********************
ခန္ဓာဇရာထောင်းပေမဲ့ ငယ်သေးတယ်ထင်

လိုချင်ဖွယ်မဆုံးနိုင်တဲ့ လောကအလယ်

သောကကြွယ် ပူပန်များ

မေ့လျော့ကာ သေဖူးထင်နဲ့

ဒီလိုသာနေကာသွားရင်တော့

သေချာတယ် အပါယ်သွားမှာကွယ့်

မေးနဲ့ဗေဒင်။

အရှင်တေဇိန္ဒ(ဒိုက်ဦး)

အောင်ပန်း
**********
နေမင်းတစ်ထောင် ဓားတစ်ထောင်နှင့်

မြင့်မိုရ်တစ်သောင်း ခြံရံထောင်းလည်း

ကောင်ကင်နေအောက် ဒူးမထောက်ဘူး။

ဇီဝိန်ပျက်ကြွေ သေပင်သေလော

မလျော့အားမာန် ဇွဲသန်သန်ဖြင့်

ပန်းတိုင်အောင်ပန်း ဆွတ်ယူလှမ်းမယ်။

အရှင်တေဇိန္ဒ(ဒိုက်ဦး)


အညံ့တွေ ပျောက်ဖို့ စိတ်ကို ပြုပြင်စို့
********************************
ငါ့ မလုပ်နိုင်ဘူး။ငါ့ မဖြစ်နိုင်ဘူးဆိုတဲ့
စိုးရိမ်စိတ်တွေဟာ
လူကို အတော်လေး မွန်းကျပ်စေပါတယ်။
တခါတလေ ကိုယ်မဖြစ်နိုင်ဘူးလို့
တွေးထင်ထားတာတွေဟာ လုပ်ကြည့်တော့ သိပ်မခက်ခဲဘူးဆိုတာ ပိုပြီးသိလာရပါတယ်။
ကိုယ့်စိတ်ကသာ ကိုယ့်ကို ကြောက်လန့်စေတာ
ကျရှုံးစေတာပါ။
ဒါကြောင့်ပဲ မြတ်ဘုရားက လောကကြီးကို စိတ်ကသာ ဦးဆောင်တယ်။စိတ်ဆောင်ရင် အကုန်အောင်တယ်လို့ဟောထားခဲ့တာပေါ့။
တကယ်တော့ လူတစ်ယောက် အောင်မြင်ဖို့ ကျရှုံးဖို့ဆိုတာ စိတ်သာအဓိက စိတ်သာ ပဓာနပါ။
အရှင်တေဇိန္ဒ ဒိုက်ဦး

တကယ်လုပ် အဟုတ်ဖြစ်တယ်
**********************
လွတ်လပ်ခြင်း အချုပ်အနှောင်ကင်းခြင်းကို တကယ်လိုလားရင် တကယ်လုပ်ပါ။လက်တွေ့ကျတဲ့ လုပ်ရပ်တွေကို ကျောခိုင်းပြီး စိတ်ကူးယဉ်ရုံ သက်သက်နဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။မလျော့သော လုံးလနဲ့ကြိုးစားပါ။ဒါဆို ကိုယ်လိုချင်တာ ရလာလိမ့်မယ်။
မေတ္တာဖြင့်-
အရှင်တေဇိန္ဒ ဒိုက်ဦး

ဘ၀ဆိုတာ ခဏတာ
ကံကောင်း၍သာ
ရရှိတာ။
ခဏတာသာ ထိုဘဝ
ကျိုးရှိဟုတ်မှန်
နေထိုင်ကြ။
အရှင်တေဇိန္ဒ(ဒိုက်ဦး)

တန်ဖိုးမဲ့မသွားတဲ့ရိုးသားမှု
**************
ပန်းခရေဆိုတာ
ပင်မြင့်စံလည်း
မွှေးတယ်။
ကြွေလွင့်ပြန်လည်း
မွှေးတယ်။
ရိုးသားမှုတရား
ထိုထက်ထိုထက်
မွှေးတယ်။
အရှင်တေဇိန္ဒ(ဒိုက်ဦး)

ဘ၀ဆိုတာ
******
တခါတခါ
ဘ၀ဟာ ကလေးဆန်တယ်။
တခါတခါ
ဘ၀ဟာ အထီးကျန်တယ်။
ဒုက္ခကြားမှာ စုန်ဆန်သွား
ဘ၀ဆိုတာ
ရထားတစ်စီးပဲ။
ဘူတာတစ်ခုမှာ ခဏနား
ဘူတာတစ်ခုကို ခရီးဆက်
ဆုံးဆမဲ့ အိမ်မက်တွေစီတန်း
ဘ၀ကပန်းတယ်။
အရှင်တေဇိန္ဒ(ဒိုက်ဦး)

ရဲရဲတောက် ဒိုက်ဦးသား
***********
မတရားမှုကို အညံ့ခံ
ဒူးထောက်လို့ လည်ကိုဆင်း
သူဟာ
ခပ်ညံ့ညံ့ လူသားမဟုတ်ဘူး။

တရားမျှတဲ့အခါ မြေဖြူစွဲ
ကျောင်းခန်းထဲမှာ စာသင်တယ်။

မတရားတဲ့အခါ သေနတ်ကိုင်စွဲ
ရဲရဲတောက် တော်လှန်တယ်။

မတရားမှုကို လွန်စွာမုန်း
တရားမှုကို ခုံမင်တဲ့
ရဲရဲတောက် ဒိုက်ဦးသား
နာမည်က တိုက်မောင်းတဲ့----။
အရှင်တေဇိန္ဒ ဒိုက်ဦး
(ဒိုက်ဦးသား ရဲဘော်တိုက်မောင်းအတွက် ရေးဖွဲ့သည်။)

ပြဿနာကြောက်ရင် လောကကလွတ်အောင်လုပ်
**************************
ဆူးခင်းလမ်းကို လျောက်မှမဟုတ်ဘူး ကတ္တရာလမ်းပေါ်လျောက်လည်း အခိုက်မသင့်ရင် ခလုတ်တိုက်မိတတ်သေးတာ။

ဘယ်မှာနေနေ ဘာအလုပ်ပဲလုပ်လုပ် ပြဿနာကတော့ ရှိတာပဲ။

ဘယ်သူနဲ့မှ မပေါင်းချင်လို့ တစ်ယောက်တည်းနေလည်း အခိုက်မသင့်ရင် ပြဿနာက သူ့အလိုလို ပေါ်လာတာ။

ဒါကြောင့် ပြောပါတယ် လောကက ပြဿနာအိုးကြီးပါလို့။
မတွေ့ချင်လို့လည်း မရဘူး။လောကထဲမှာ နေရင်တော့ တွေ့မှာပဲ။

ဒီပြဿနာတွေကို မတွေ့ချင်ရင်တော့ လောကက လွတ်ရာ နိဗ္ဗာန်ကို ရအောင်လုပ်ပေါ့။
မေတ္တာဖြင့်-
အရှင်တေဇိန္ဒ(ဒိုက်ဦး)

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.