အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Saturday, December 19, 2015

ရိုးသားသူ သမီးယူစေ

မိဘတိုင်းမိဘတို
င်းဟာ ကိုယ့်သားသမီးလေးတွေကို သိပ်ချစ်ကြသလို သူ့တို့ရဲ့ အနာဂါတ်လှပဖို့ ဘ၀လုံးခြုံဖို့အတွက်လည်း အမြဲတမ်း တွေးပူလျက် ရှိကြပါတယ်။ထိုအထဲမှာ အပူအပန်ဆုံးကတော သူတို့ရဲ့အိမ်ထောင်ဖက်ဟာ ဘယ်လိုလူမျိုးဖြစ်လာမှာလဲ ဆိုတာပါပဲ။

တခါက တက္ကသိုလ်ပြည်မှာ ဒိသာပါမောက္ခဆရာကြီး တစ်ယောက်ရှိပါတယ်။သူ့မှာ အင်မတန်ချော အင်မတန်လှပြီး လိမ္မာရေးခြားရှိတဲ့ သမီးတစ်ယောက်လည်း ရှိတယ်။

တနေ့ ဒီသမီးလေး အရွယ်ရောက်လာတဲ့ အခါ ကိုယ်ကျင့်တရားကောင်းတဲ့ သူ့တပည့်တစ်ယောက်နဲ့ အိမ်ထောင်ချပေးရမယ်လို့လည်း
သူ အမြဲတမ်းတွေးတယ်

တွေးထားတဲ့အတိုင်း တနေ့မှာ သူ့တပည့်တွေကို ခေါ်ပြီး တပည့်တို့ သင်တို့ထဲက ငါ့သမီးကို လက်ထပ်ချင်တဲ့ မည်သူမဆို ကိုယ့် အိမ်ကနေ ဘယ်သူမှ မသိအောင် အဖိုးတန်တဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူခဲ့ကြ။တန်ဖိုးအရှိဆုံး ခိုးနိုင်တဲ့သူကို ငါ့သမီးနဲ့ပေးစားမယ်လို့ ပြော ဆိုပြီး သူတို့အိမ်တွေကို ပြန်လွတ်လိုက်ပါတယ်။

နောက်တစ်နေ့ရောက်တော့ တပည့်တွေဟာ သူတို့ ခိုးလာတဲ့ ပစ္စည်းတွေကို ဆရာကြီးဆီကို အပ်ကြတယ်။ဆရာကြီးလည်း အမှတ်အသားပြုပြီး သိမ်းထားပါတယ်။

ဒါပေမယ့် ဘုရားလောင်းဖြစ်တဲ့ လုလင်ကတော့ ဘာပစ္စည်းမှ မယူခဲ့ပါဘူး။ ဒါနဲ့ဆရာကြီးလည်း တပည့် သူ့များတွေက သူ့တို့အိမ်က ပစ္စည်းတွေကို အသီးသီးယူခဲ့ကြတယ်။ငါ့တပည့်ကတော့ မယူခဲ့ဘူး။ဘာလို့လဲ ငါ့သမီးကို သဘောမကျလို့လားလိုမေးလေသည်။

ဘုရားလောင်းကလည်း ဆရာကြီး အင်းမတန်ချော အင်မတန်လှပြီး လိမ္မာရေးခြားရှိတဲ့ ဆရာကြီး သမီးကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။

ဒါပေမယ့် ဆရာကြီးရာ မကောင်းမှုပြုသူအတွက် လုံခြုံရာ ဆိတ်ကွယ်ရာ မရှိပါဘူး။တောင်စောင့်နတ် ကိုယ့်စောင့်နတ်တွေက မြင်ကြပါတယ်။

သူတို့က မကောင်းမှုပြုရာ၌ လုံခြုံလှပြီဟုထင်မှတ်၏။
ကျွန်ုပ်ကတော့ မကောင်းမှုပြုရာ၌ လုံခြုံမှုမရှိ ဆိတ်ကွယ်မှုမရှိဟု သိ၍ မဆောင်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောလေ၏။

ဆရာကြီးလည်း ဘုရားလောင်းကိုကြည်ညိုပြီး
အမောင် ငါသည် အကျင့်သီလနှင့် ပြည့်စုံသော ရိုးသားသူကို သမီးနဲ့ပေးစားရန်စဉ်းစားခြင်းဖြစ်၏။သင်သည် သီလနှင့်ပြည့်စုံ၍ ရိုးသားသူဖြစ်၏။ငါ့သမီးနှင့်ထိုက်တန်သည်ဟုဆိုကာ သမီးကို တန်ဆာရင်၍ လက်ထက်ပေးစားလေသည်။

ထို့အတူ ရိုသားသောသူကို မိဘတိုင်းက သူ့တို့သားသမီးများ၏ ဇနီး ယောက်ျားအဖြစ်ဖြင့် မြင်လိုကြ၏။ဒါမှလည်း မိမိတို့ သားသမီးတွေရဲ့ဘ၀ လုံခြုံ၍ စိတ်ချမ်းသာနိုင်မည် မဟုတ်ပါလော။
လူသားတိုင်း ရိုးသားနိုင်ကြပါစေ။
မေတ္တာဖြင့်-
အရှင်တေဇိန္ဒ ဒိုက်ဦး

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.