အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

Thursday, December 3, 2015

"မြန်မာစာပေ ရေးနည်း ဂုဏ် ဆယ်ပါး"

ဂုဏ် ဆယ်ပါးအ ကြောင်းကို မြန်မာစာ
စာအုပ်တွေထဲမှာ ပါလေ့ရှိပါတယ်။ဂုဏ်တွေ
က စာအ ရေးအသားကို လေ့လာရာမှာ
စကားအသုံးအနှုန်းတွေကို ပြေ ပြေပြစ်ပြစ်ဖြစ်
အောင် တန်ဆာဆင် တဲ့ အဆင် တန်ဆာ
တွေပါ။တန်ဆာဆင်ပြီးရေးတဲ့ နည်းတွေပါ။
ပါဠိလို 'သဒ္ဒါလင်္ကာရ'လို့ခေါ်ပြီး မြန်မာလို
'စကားတန်ဆာ'လို့ခေါ်ပါတယ်။စကားကို တန်
ဆာ ဆင် လို့ စကားတန်ဆာ လို့ ခေါ်ပါတယ်။
ဂုဏ်ဆယ်ပါးမှာ -
၁။ပသာဒဂုဏ်
*စကားအဆက်အစပ် ရှင်းလင်းပြီး အဓိပ္ပါယ်
သိလွယ်စေတာ။
၂။သြဇဂုဏ်
*စကားကိုအနှစ်သာရရှိအောင် အကျဉ်းချုံးပြီး
ရေးတာ,အကျယ်ချဲ့ ပြီးရေးတာ။
၃။မဓုရတာဂုဏ်
*အသံတူတဲ့ အက္ခရာချည်း နီးနီးကပ်ကပ်
ထားပြီး အသံချိုသာအောင် ရေးတာ။
၎။သမာဓိဂုဏ်
*အသက်မရှိတာကို အသက် ရှိသကဲ့သို့
တင် စားရေးတာ,အချုပ်ပြောရရင် မဟုတ်တာ
ကို ဟုတ်သကဲ့သို့,မရှိတာကို ရှိသကဲ့သို့
ရေးတာ။
    ဒီ ဂုဏ် လေးပါးဟာ မြန်မာစာ လေ့လာရာ
မှာ အသုံးအများဆုံး ဂုဏ် တွေပါ။
၅။သမတာဂုဏ်
*ဌာန်တူတာ,အချီအချတူတာ
၆။သုခုမာလတာဂုဏ်
*နူးညံ့တဲ့ အသံနဲ့ မနူးညံ့တဲ့အသံကို မျှရေးတာ
၇။သိ လေသဂုဏ်
*စကားမရိုင်းအောင်,အသံမကြမ်းအောင်
ပရိယာယ်နဲ့ရေးတာ။
၈။ဥဒါရတာဂုဏ်
*ချီးကျုးရေးတာ
၉။ကန္တိဂုဏ်
*အ ပြောကြီးတယ် မထင် ရ အောင် ရေးတာ
၁၀။အတ္ထဗျတ္တိဂုဏ်
*အဓိပ္ပါယ် ထင် ရှားအောင် ရေးတာ။
စာကိုး။   ။ဆရာကြီး မောင် ခင် မင်(ဓနုဖြူ)

#ချစ်ခြင်းအားဖြင့်
                         Mg Wisdom

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

အသိဥာဏ်ဖြင့် ဘ၀ကို တည်ဆောက်ပါ။

အာလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ

 

Copyright @ 2013 အရှင်တေဇိန္ဒ ဒိုက်ဦး.